Property Expo
×






#Unicode Version

သြစတြေးလျနိုင်ငံက မိခင်တစ်ဦးက တကယ့်ကိုလူစိတ်ကင်းမဲ့ပြီး ရက်စက်ကြမ်းကြုတ်လွန်းတယ်လို့ ဆိုရမှာပါပဲ။ မိမိသမီးအရင်းကို တောင်မှ ပြန်ပြီးတော့ လိင်အဓမ္မပြုကျင်ခဲ့တယ်ဆိုတာကတော့ သိပ် ကို ဆိုးရွားလွန်းနေတာပဲ မဟုတ်လား။

ကွင်းစ်လန်းမှာနေထိုင်တဲ့ အသက် ၃၇ နှစ်အရွယ် ကလေး ၄ ယောက်မိခင်တစ်ဦးက သူမရဲ့ အသက် ၁၁ နှစ်အရွယ် သမီးဖြစ်သူ ကို လိင်ပညာပေးသရုပ်ပြဗွီဒီယိုရိုက်ဖို့နဲ့ လိင်စိတ်လှုံ့ဆော်ပေးတဲ့ အပြုအမူတွေ လုပ်ဆောင်ပေးဖို့ အတင်းအကျပ်စေခိုင်းပြီး ပြုလုပ် ခိုင်းတဲ့ပြစ်မှုနဲ့ ထောင်ဒဏ် ၄ နှစ်ကျခံခဲ့ရတယ်လို့ သိရပါတယ်။

သူမက သားသမီးကလေးငယ်တွေကို ဖုန်းထဲမှာ သိမ်းဆည်းထား တဲ့ ညစ်ညမ်းရုပ်ရှင်ပြကွက်တွေကို ပြရင်း အထဲကအတိုင်း အပြင် မှာ လုပ်ဆောင်ပေးဖို့ ကလေးမလေးကို ခိုင်းစေခဲ့တာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ပြောကြားချက်အရတော့ အဆိုပါ ကလေးမိခင်အမျိုးသမီးက သူမရဲ့ ကလေးငယ်တွေအပေါ် လိင်ပိုင်း ဆိုင်ရာ ပြစ်မှုကျူးလွန်မှုတွေ ဖြစ်ခဲ့တယ်လို့ စစ်ဆေးတွေ့ရှိရတဲ့အ တွက် ဖမ်းဆီးထောင်ချခြင်းခံရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top