ရွမ္းျပည္နယ္မွတစ္ဆင့္
တ႐ုတ္ႏိုင္ငံသို႔ ႏြားမ်ား ေမွာင္ခိုတင္ပို႔ရန္ ကားမ်ားေပၚသုိ႔တင္ေနသည္ကို
၂၀၁၄ က ေတြ႕ရစဥ္ (ဓာတ္ပံု - ၿငိမ္းခ်မ္း)
ျမန္မာ-တ႐ုတ္နယ္စပ္ ႏြား
ေမွာင္ခုိေစ်းကြက္တြင္ ႏြားအ ေကာင္ေရ ႏွစ္သိန္းခန္႔ တ႐ုတ္ ႏုိင္ငံက
ႏွစ္စဥ္၀ယ္ယူေနေၾကာင္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္
ေျမာင္း၀န္ႀကီးဌာန ဒုတိယ၀န္ႀကီး ေဒါက္တာထြန္း၀င္းက ေျပာသည္။
ေမွာင္ခုိ
၀ယ္ယူေနျခင္း ေၾကာင့္ ျမန္မာႏုိင္ငံအေနျဖင့္ အ ခြန္မရသည့္အျပင္
ခုိင္းႏြားမ်ားပါ ေစ်းႏွိမ္ ေရာင္းခဲ့ရေၾကာင္း ဒု၀န္ ႀကီးက ေျပာသည္။
‘‘တစ္ဖက္ႏုိင္ငံက
ညီမွ်တဲ့ စီးပြားေရးစနစ္အရ ၀ယ္ယူတာ မဟုတ္ဘူး။ က်န္းမာေရးစစ္ခ်က္ လည္း
မယူဘးူ။ ညီမွ်တဲ့ေစ်းကြက္မွာဆုိ အခုေစ်းထက္ပိုေပးရမယ္။ ဒါေၾကာင့္
ေမွာင္ခုိေစ်းကြက္ကို အားေပးေနတဲ့ ကုန္သည္ေတြတစ္ဖက္ႏုိင္ငံမွာ
ႀကီးစုိးေနတယ္’’ဟု ေဒါက္တာထြန္း၀င္းကေျပာသည္။
လက္ရွိတြင္ ႏြားအေကာင္
လိုက္ ႏုိင္ငံျခားတင္ပုိ႔ခြင့္မရွိေသး ၍ ေမွာင္ခိုေစ်းကြက္
ႀကီးထြားေနျခင္းျဖစ္ၿပီး ထိုမူ၀ါဒကိုလည္း ျပင္ဆင္ႏုိင္ရန္ စဥ္းစားေနေၾကာင္း
ေဒါက္တာထြန္း၀င္းက ေျပာသည္။လက္ရွိေမွာင္ခုိလုပ္ငန္းေၾကာင့္
တုိင္းျပည္၏ပစၥည္းဆံုး႐ႈံးသည့္အျပင္ လိုအပ္သည့္ ကုန္သြယ္မႈအတြက္ အေျခခံ
အခ်က္အလက္အေထာက္အထားလည္း မရွိႏုိင္ေၾကာင္း ၎က ေျပာသည္။
နယ္စပ္ေမွာင္ခုိေစ်းကြက္
တြင္ ခုိင္းႏြားတစ္ေကာင္လွ်င္က်ပ္ငါးသိန္းသာ ေစ်းရေသာ္လည္းတ႐ုတ္ႏိုင္ငံ၌
ေပါက္ေစ်းသိန္း ၃၀ ေက်ာ္ရွိသည္ဟုဆုိသည္။ တ႐ုတ္ႏုိင္ငံ၏ အသားလိုအပ္ခ်က္
ျမင့္တက္လာျခင္းေၾကာင့္ ျမန္မာႏုိင္ငံမွ ႏြားရသမွ်ကို
၀ယ္ယူေန၍လက္ရွိအတုိင္း ဆက္လက္သြားပါက ျမန္မာႏုိင္ငံတြင္
ခုိင္းႏြားရွားပါးလာမည္ဟု ႏြားေမြးျမဴေရးလုပ္ငန္းရွင္တစ္ဦးက ေျပာသည္။
တ႐ုတ္ႏုိင္ငံသည္
ျမန္မာ ႏိုင္ငံႏွင့္ ကုန္သြယ္ရာတြင္ ေကာက္ ပဲသီးႏွံအတြက္ အခြန္ကို ၇၄ ရာ
ခုိင္ႏႈန္းေကာက္ယူၿပီး ေက်ာက္ စိမ္းအတြက္ကို ၅ ရာခုိင္ႏႈန္းသာ
ေကာက္ယူေနသျဖင့္ မွ်တသည့္ ကုန္သြယ္မႈစနစ္မရွိေသးေၾကာင္း ဒု၀န္ႀကီးက
ေျပာသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily
#Unicode Version
ရှမ်းပြည်နယ်မှတစ်ဆင့်
တရုတ်နိုင်ငံသို့ နွားများ မှောင်ခိုတင်ပို့ရန်
ကားများပေါ်သို့တင်နေသည်ကို ၂၀၁၄ က တွေ့ရစဉ် (ဓာတ်ပုံ - ငြိမ်းချမ်း)
မြန်မာ-တရုတ်နယ်စပ်
နွား မှောင်ခိုဈေးကွက်တွင် နွားအ ကောင်ရေ နှစ်သိန်းခန့် တရုတ် နိုင်ငံက
နှစ်စဉ်ဝယ်ယူနေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်
မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းက ပြောသည်။
မှောင်ခို
ဝယ်ယူနေခြင်း ကြောင့် မြန်မာနိုင်ငံအနေဖြင့် အ ခွန်မရသည့်အပြင်
ခိုင်းနွားများပါ ဈေးနှိမ် ရောင်းခဲ့ရကြောင်း ဒုဝန် ကြီးက ပြောသည်။
‘‘တစ်ဖက်နိုင်ငံက
ညီမျှတဲ့ စီးပွားရေးစနစ်အရ ဝယ်ယူတာ မဟုတ်ဘူး။ ကျန်းမာရေးစစ်ချက် လည်း
မယူဘးူ။ ညီမျှတဲ့ဈေးကွက်မှာဆို အခုဈေးထက်ပိုပေးရမယ်။ ဒါကြောင့်
မှောင်ခိုဈေးကွက်ကို အားပေးနေတဲ့ ကုန်သည်တွေတစ်ဖက်နိုင်ငံမှာ
ကြီးစိုးနေတယ်’’ဟု ဒေါက်တာထွန်းဝင်းကပြောသည်။
လက်ရှိတွင် နွားအကောင်
လိုက် နိုင်ငံခြားတင်ပို့ခွင့်မရှိသေး ၍ မှောင်ခိုဈေးကွက်
ကြီးထွားနေခြင်းဖြစ်ပြီး ထိုမူဝါဒကိုလည်း ပြင်ဆင်နိုင်ရန် စဉ်းစားနေကြောင်း
ဒေါက်တာထွန်းဝင်းက ပြောသည်။လက်ရှိမှောင်ခိုလုပ်ငန်းကြောင့်
တိုင်းပြည်၏ပစ္စည်းဆုံးရှုံးသည့်အပြင် လိုအပ်သည့် ကုန်သွယ်မှုအတွက် အခြေခံ
အချက်အလက်အထောက်အထားလည်း မရှိနိုင်ကြောင်း ၎င်းက ပြောသည်။
နယ်စပ်မှောင်ခိုဈေးကွက်
တွင် ခိုင်းနွားတစ်ကောင်လျှင်ကျပ်ငါးသိန်းသာ ဈေးရသော်လည်းတရုတ်နိုင်ငံ၌
ပေါက်ဈေးသိန်း ၃၀ ကျော်ရှိသည်ဟုဆိုသည်။ တရုတ်နိုင်ငံ၏ အသားလိုအပ်ချက်
မြင့်တက်လာခြင်းကြောင့် မြန်မာနိုင်ငံမှ နွားရသမျှကို
ဝယ်ယူနေ၍လက်ရှိအတိုင်း ဆက်လက်သွားပါက မြန်မာနိုင်ငံတွင်
ခိုင်းနွားရှားပါးလာမည်ဟု နွားမွေးမြူရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
တရုတ်နိုင်ငံသည်
မြန်မာ နိုင်ငံနှင့် ကုန်သွယ်ရာတွင် ကောက် ပဲသီးနှံအတွက် အခွန်ကို ၇၄ ရာ
ခိုင်နှုန်းကောက်ယူပြီး ကျောက် စိမ်းအတွက်ကို ၅ ရာခိုင်နှုန်းသာ
ကောက်ယူနေသဖြင့် မျှတသည့် ကုန်သွယ်မှုစနစ်မရှိသေးကြောင်း ဒုဝန်ကြီးက
ပြောသည်။
ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily