Kantharyar Centre
×

အေမရိကန္ျပည္ေထာင္စုသို႔ အလည္အပတ္္ခရီး သြားေရာက္ခဲ့ေသာ ခင္ဇာျခည္ေက်ာ္ႏွင့္ ၎၏ခ်စ္သူတို႔ ေပ်ာ္ရႊင္ေနသည့္ ဓာတ္ပံုမ်ား လူမႈႈကြန္ရက္စာမ်က္ႏွာတြင္ ပ်ံ႕ႏွံလာရာ ပရိသတ္မ်ားစိတ္ဝင္ စားခဲ့ၾကသည္။ ထုိ႔ေၾကာင့္ ‘ခ်စ္သူသာ ပန္းတစ္ပြင့္ျဖစ္ခဲ့လွ်င္’ ႐ုပ္ရွင္ဇာတ္ကားကန္ေတာ့ပြဲေပးသည့္ အခမ္းအနားသုိ႔ တက္ေရာက္လာေသာ ခင္ဇာျခည္ေက်ာ္ကို ပရိသတ္မ်ား စိတ္ဝင္စားေနသည့္ အ ခ်စ္ေရးအေၾကာင္း အပါအဝင္  အႏုပညာလႈပ္ရွားမႈမ်ား
အေၾကာင္း ေတြ႕ဆံုေမးျမန္းခဲ့ပါသည္။


အင္းေလးမွာ သြား႐ိုက္မယ့္ ‘ခ်စ္သူသာ ပန္းတစ္ပြင့္ျဖစ္ခဲ့လွ်င္’ ႐ုပ္ရွင္မွာ ပါဝင္သ႐ုပ္ေဆာင္ရမယ့္ ဇာတ္႐ုပ္ေလးနဲ႔ ျပင္ဆင္မႈေတြအေၾကာင္း ေျပာျပေပးပါဦး။

‘ခ်စ္သူသာ ပန္းတစ္ပြင့္ျဖစ္ခဲ့လွ်င္’ဆိုတဲ့ဇာတ္ကားမွာ အစ္မကမေအးတင့္ဆိုတဲ့ အင္းသူေပါ့။ အပ်ိဳႀကီးေနရာက ပါဝင္သ႐ုပ္ေဆာင္ရမွာ ျဖစ္ပါတယ္။  ကိုမင္းဦးကုိ တစ္ဖက္သတ္ႀကိဳက္တဲ့အခန္းကပါ။ ေနာက္ၿပီး ဒီကားကို
ျပင္သစ္က အသံပညာရွင္ေတြ၊ ဖိလစ္ပိုင္ေတြနဲ႔ ႐ိုက္ကူးမွာျဖစ္တယ္။ ဆက္တင္ေတြဆိုရင္လည္း ေသခ်ာေဆာက္လုပ္ထားတယ္။ ဒီကားကႏိုင္ငံတကာကိုလည္း ယွဥ္ၿပိဳင္မွာျဖစ္တယ္။ အစ္မအေနနဲ႔လည္း တျခားကားေတြ
ထက္စာရင္ ပိုၿပီးဂ႐ုစိုက္ရပါမယ္။ ကိုယ့္ကာ႐ိုက္ တာကေတာ့ အစ္မအေနနဲ႔ဆိုရင္ ဒရာမာေပါင္း ေျမာက္ျမားစြာကို႐ိုက္ကူးဖူးတဲ့အတြက္ မဆန္းပါဘူး။ ဒါေပမဲ့ ဘာဆန္းသြားလဲဆိုေတာ့ အင္းသူတစ္ေယာက္၊ အပ်ိဳႀကီး
သနပ္ခါးနဲ႔ပဲ၊ဆံပင္ဆိုရင္လည္း အရွည္ဆိုေတာ့ အစ္မ ဆံပင္ဆက္ရမယ္။ ဆံပင္ကိုလည္း အမည္းဆိုးလိုက္ရတယ္။ ဘာမွလစ္ဟာမႈမရွိေအာင္ မိတ္ကပ္လည္းမလိမ္းပါဘူး။ ျမန္မာအမ်ဳိးသမီးတစ္ေယာက္၊ အင္းသူတစ္ေယာက္ ရဲ႕ပံုစံ အဓိကက စကားေပါ့။ က်န္တဲ့လူေတြ ကေတာ့ မဝဲဘူး။ အစ္မနဲ႔ ကစ္ကစ္(ဝတ္မႈံေရႊရည္) က အရမ္းဝဲတယ္။ အဲဒီလို အရမ္းဝဲတာကို ကိုမင္းဦးက အထအနေတြ ေကာက္ၿပီး ရယ္စရာေလး ဖမ္းထားတာဆိုေတာ့ အစ္မ
အထူးပဲ ႀကိဳးစားပါ့မယ္။

အခုေနာက္ပိုင္းမွာ အစ္မအေနနဲ႔ ႐ုပ္ရွင္႐ိုက္ကူးမႈေတြ မ်ားလာတာ ဆိုေတာ့ ႐ိုက္ကူးဖို႔ စဥ္းစားတဲ့အခါဇာတ္႐ုပ္ေတြကို ဘယ္လိုေရြးခ်ယ္ ျဖစ္လဲ။

အစ္မကေတာ့ က်ရာဇာတ္ ႐ုပ္ကို သ႐ုပ္ေဆာင္ပါတယ္။ အဓိကကေတာ့ ကိုယ္က လူကလည္း ေသးေသး။ အသက္ကလည္း လူလတ္ပိုင္း ေလးဆယ္ပဲရွိေသးတာ ဆိုေတာ့ တီတီ(ေျပတီဦး)ရဲ႕ အေမ ေနရာဆိုရင္ အစ္မ မျဖစ္ဘူးေလ။ အဲဒီလိုမင္းသားေတြရဲ႕ အသက္အေပၚမွာ ကိုယ့္အသက္နဲ႔ညႇိၿပီး ႐ုပ္ခ်တာလည္း အဆင္မေျပေလာက္ ဘူးေလ။ အဲဒီလိုဆိုရင္ေတာ့ မ႐ိုက္ျဖစ္ဘူး။ ကစ္ကစ္တို႔၊ ေဖြးေဖြးတို႔ ဆိုရင္ေတာ့ သူတို႔အေမေတြ
ဆိုရင္ေတာ့ အဆင္ေျပတယ္။ အေမခန္းလည္း ႐ိုက္တယ္။ အစ္မအခန္း လည္း ႐ိုက္တယ္။ အေဒၚအခန္း လည္း ႐ိုက္တယ္။ ကာ႐ိုက္တာ ေပါင္းစံု ႐ိုက္တယ္။

အခုအခ်ိန္မွာ အစ္မကို ဇာတ္ကား ေတြ႐ိုက္ဖို႔ ကမ္းလွမ္းရင္ေကာ ဘယ္လို ဇာတ္႐ုပ္မ်ိဳးေတြ ကမ္းလွမ္းၾကတာမ်ားလဲ။

အစ္မက သံုးေလးခန္းပါရင္ မ႐ိုက္ဘူးဆိုတာေလးကိုလည္း လုပ္ထားတယ္။ ဘယ္လိုလဲဆိုရင္ ဒီအႏုပညာေလာကမွာ သံုးေလးခန္းနဲ႔ ႐ိုက္တယ္ဆိုရင္ သူ႐ိုက္တယ္။  ဒီမင္းသမီး သံုးေလးခန္း ႐ိုက္တယ္ ဆိုတာႀကီးက စြဲေနတယ္။အဲဒီအခါက် မ႐ိုက္ရရင္ေနထိုင္ေနလိုက္တယ္။ တစ္ခါတေလက်ရင္ ႏွစ္လ၊ သံုးလ ကား႐ိုက္မရွိဘူး။ ဒါေပမဲ့ ႐ိုက္ရတဲ့အခါမွာ လည္း ကိုယ္ထြက္တဲ့ကားေလးေတြမွာ ကိုယ္က လုပ္ေဆာင္ခ်က္ရွိၿပီး ေနရာရတယ္ဆို တန္းတစ္ခု ျဖစ္တယ္။ အဲဒီအတြက္ ကိုယ့္ကို လာငွားရင္ ခင္ဇာျခည္ေက်ာ္က ဒီလုိမ်ိဳးဆို မ႐ိုက္ဘူး။ ဒီလိုဇာတ္ ဆိုရင္ေတာ့ ႐ိုက္တယ္ဆိုၿပီး သိသြားတယ္။ အဲဒီေတာ့ ကိုယ့္ကို လာငွားတဲ့ကားမွာ ကုိယ့္ေနရာေလးနဲ႔ ကိုယ္လုပ္ေဆာင္ခ်က္ ရွိတဲ့ကားေတြကိုပဲ ငွားပါတယ္။

‘ငါသူတစ္ပါးေယာက်္ားမိန္းမ’ ႐ုပ္ ရွင္ကားဆိုရင္ ကိုယ္တုိင္ထုတ္႐ိုက္ၿပီး အကယ္ဒမီေတြလည္း အမ်ားႀကီးရခဲ့တယ္၊ ေအာင္ျမင္မႈလည္း ရခဲ့တယ္ဆိုေတာ့ အစ္မရဲ႕ ထုတ္လုပ္ေရးကေန ဇာတ္ကားေတြ ထပ္႐ိုက္ဖုိ႔ေကာ အစီအစဥ္ ရွိမလား။

ကိုယ္တိုင္ထုတ္႐ိုက္ျဖစ္မယ့္ ဇာတ္ကားလည္္း ရွိပါတယ္။ အစ္မႀကိဳးစားမယ္။  ၂၀၁၆ ထဲမွာေတာ့ မျဖစ္ေလာက္ဘူး။ ႏိုင္ငံျခားခရီး ေတြလည္း သြားထား တဲ့အတြက္၊ အစ္မတို႔ ထုတ္လုပ္ေရး ၾကယ္တံခြန္ ကေတာ့ ႀကိဳက္တဲ့ အခ်ိန္မွာ ထ႐ိုက္ရင္ရေတာင္ အၿမဲတမ္းရွင္သန္ေအာင္ လုပ္ထားပါတယ္။ အခုလည္း ႐ုပ္ရွင္တစ္ေခတ္ ျပန္လည္လာၿပီ ျဖစ္တဲ့အတြက္ ၾကယ္တံခြန္ကေန ထပ္႐ိုက္ဖို႔ႀကိဳးစားပါမယ္။

ၿပီးခဲ့တဲ့ရက္က အေမရိကားကို သြားတာလည္း ေတြ႕ရတယ္။ အဲဒီခရီးစဥ္ အေၾကာင္းေလးလည္း ေျပာျပေပးပါဦး။

အေမရိကန္ ခရီးစဥ္ကေတာ့ Visit နဲ႔ပဲသြားတာ။ အေမရိကားက ကိုယ္ေရာက္ခ်င္တဲ့ႏိုင္ငံေတြထဲ မွာ အစ္မရဲ႕ အိပ္မက္တစ္ခုဆို လည္း မမွားပါဘူး။ အစ္မ အရမ္းသြားခ်င္တယ္။ ဒါေပမဲ့ လူဆိုတာ အေျခအေန၊ အခ်ိန္အခါ မက်ရင္ ဘယ္ေလာက္ပဲ ၾကိဳးစားႀကိဳးစား မေရာက္ျဖစ္ပါဘူး။ ဗီဇာေလွ်ာက္တယ္။ ဗီဇာအင္တာဗ်ဳး သြားေျဖတဲ့အခါ မွာလည္း အစ္မကို အစ္မမထင္ထားဘူး။ ဒါေပမဲ့ ထူးထူးဆန္းဆန္းပဲ ဒီႏွစ္ထဲမွာ ဗီဇာက် သြားတယ္။ ဦးေဆာင္တာ ကေတာ့ LA ေက်ာင္းက ဘုန္းဘုန္းက Sponser Letter နဲ႔ Visit အေနနဲ႔ လာပါဆိုၿပီး ဖိတ္ပါတယ္။ မလွလွမိုးက ဦးေဆာင္တယ္။ သူက ဟိုမွာလည္း ႏွစ္ေတြအမ်ားႀကီးေနခဲ့ တယ္။ ႏွစ္တုိင္းလည္း သြားေနေတာ့ အေပါင္းအသင္းေတြ ရွိတယ္။ အစ္မတို႔ ဟိုေရာက္တဲ့အ ခ်ိန္မွာ Gathering ပါတီေလးေတြ၊ပြဲအေနနဲ႔ေတာ့ လုပ္လို႔မရဘူး။ Visit နဲ႔ လာတာျဖစ္တဲ့အတြက္ ေရွာ့ရွိတယ္ေလ။ အဲဒါေၾကာင့္ အိမ္မွာပဲ Gathering ပါတီေလးေတြ။ ေတြ႕ ခ်င္တဲ့ မိသားစုေတြ လာေတြ႕ေပါ့။အဲဒီလုိ ဆံုစည္းခဲ့တယ္။ အေမရိကား East Cost ဘက္မွာေတာ့ ဆယ္ၿမိဳ႕ေက်ာ္မယ္။ တစ္ရက္ကို သံုးနာရီေလာက္ပဲ အိပ္တယ္။ တစ္ၿမိဳ႕မွာ တစ္ရက္၊ ႏွစ္ရက္ေပါ့။
ေတာ္ေတာ္လည္း ႏွံ႔ခဲ့ပါတယ္။ ကိုယ့္ဟာကိုယ္ဆိုရင္ေတာင္ မသြားႏုိင္ပါဘူး။ ဒါကလည္း အျမတ္တစ္ခုပါပဲ။

လူမႈကြန္ရက္စာမ်က္ႏွာမွာ အစ္မပံုေတြတင္တိုင္း ပရိသတ္ေတြက ႏုတယ္၊ လွတယ္လို႔ ေျပာၾကတာ ဆိုေတာ့ အလွအပကို ထိန္းသိမ္း ျဖစ္တဲ့ နည္းေလးလည္း မွ်ေဝေပးပါဦး။

အစ္မ စိတ္ထားေကာင္းေကာင္း ထားပါတယ္။ စိတ္ထား ေကာင္းရင္ ကံေကာင္းမယ္ဆိုတာ ကိုလည္း ယံုၾကည္ပါတယ္။ ဒီလိုႏုတယ္ဆိုတာကလည္း အသက္(၄၀)အရြယ္ဟာ အလွတရားေတြေရာ၊ အသိဉာဏ္ေတြေရာ
ျပည့္စံုသြားတဲ့အရြယ္ ျဖစ္ပါလိမ့္မယ္။ အစ္မမွာလည္း  ဘဝေပးေတြက  အမ်ားႀကီးဆိုေတာ့ ဒီအခ်ိန္က်မွ အစ္မက အရမ္းတည္ၿငိမ္တဲ့ သေဘာ။ ေနာက္ၿပီး ဒီအလွတရား ကို ဘာလို႔ထိန္းလဲဆိုရင္ေတာ့ အစ္မတို႔ မင္းသမီးမွ မဟုတ္ပါဘူး။ အမ်ိဳးသမီးေတာ္ေတာ္မ်ားမ်ားက အိမ္ေထာင္က်ၿပီဆို လႊတ္ထားလိုက္တာ။ ကေလးေမြးၿပီးရင္ မထူးေတာ့ပါဘူးဆိုၿပီး စားၾကတာေတြ ရွိတယ္။ ဒီအလွတရားရဲ႕ ေနာက္ကြယ္မွာ အရမ္းပင္ပန္းတယ္ ဆိုတာ လူေတြ မသိၾကဘူး။ အစ္မ အရမ္းပင္ပန္းပါတယ္။ ထမင္းကို တစ္ပတ္ေနလို႔ တစ္ခါေတာင္ မစားျဖစ္ပါဘူး။ အဲဒီလိုေပါ့။ ဒီဟာေတြ အကုန္လံုးကိုေတာ့ သူတို႔မသိႏိုင္ ပါဘူး။  လွတယ္၊ ဝိတ္ထိန္းတယ္ ဆိုတာက ႐ိုး႐ိုးေလးနဲ႔ ရတာ မဟုတ္ပါဘူး။ အရမ္းပင္ပန္းၿပီး ႀကိဳးစားထားတဲ့ လွပမႈတစ္ခုပါ။ အကုန္လံုး ထိန္းသိမ္းႏုိင္ရင္ေတာ့ ေကာင္းတာေပါ့။

အစ္မရဲ႕အခ်စ္ေရးနဲ႔ ပတ္သက္ၿပီး ေတာ့လည္း လူမႈကြန္ရက္စာမ်က္ႏွာတြမွာ ေတြ႕ေနရေတာ့ အဲဒီအေၾကာင္းေလးကိုလည္း ေျပာျပေပးပါဦး။

အခ်စ္ေရးနဲ႔ ပတ္သက္ၿပီး အြန္လိုင္းေပၚမွာလည္း ပ်ံ႕ႏွံ႕ေနၿပီဆိုေတာ့ အစ္မအေနနဲ႔ ျငင္းစရာ မရွိပါဘူး။ အစ္မခ်စ္သူ ရေနပါၿပီ။ သူနဲ႔သိတာကေတာ့ ၾကာပါၿပီ။ ဒါေပမဲ့့ ဖုန္းအဆက္အသြယ္ပဲ ရွိတာ။ ဒီတစ္ေခါက္သြားမွ။ ဒီတစ္ေခါက္ သြားတာကလည္း သူ႔ဆီကို တုိက္႐ိုက္သြားတာေတာ့ မဟုတ္ပါဘူး။ ၿမိဳ႕ေတြ အကုန္သြားၿပီး ျပန္ခါနီးေလာက္မွ သူ႔ဆီကိုေရာက္တာ။ ခ်စ္သူ သက္တမ္းကေတာ့ တစ္လေလာက္ပဲ ရွိပါေသးတယ္။

ဒီအခ်ိန္မွာ ေတြ႕တဲ့အခ်စ္ကို ဘယ္အရာေတြအေပၚမွာ မူတည္ၿပီးေရြးခ်ယ္ျဖစ္တာလဲ။

ဒီအခ်ိန္မွာက ရင္ခုန္မႈနဲ႔လည္း မဆိုင္ေတာ့ဘူး။ ဦးေႏွာက္ နဲ႔ ေရြးခ်ယ္ထားတာလည္း မဟုတ္ဘူး။ အားလံုးနဲ႔ သဟဇာတျဖစ္ၿပီး အစ္မအေနနဲ႔ဆိုရင္လည္း ကေလးလည္း မဟုတ္ေတာ့ဘူး။ အေရွ႕မွာလည္း ဘအေတြ႕အႀကံဳေတြ
အမ်ားႀကီးရတဲ့အတြက္ အမ်ားႀကီးကို စဥ္းစားထားတာပါ။

အစ္မကို အခုခ်ိန္အထိ အားေပးေနတဲ့ ပရိသတ္ေတြအတြက္ စကား လက္ေဆာင္ေလး ေျပာေပးပါဦး။

အစ္မကို ယေန႔အခ်ိန္အထိအားေပးေနတဲ့ ပရိသတ္ေတြကို အထူးပဲ ေက်းဇူးတင္ပါတယ္။ အစ္မ ဆက္လက္ၿပီး ပရိသတ္ေတြ အတြက္ အေျခအေန၊ အခ်ိန္အခါ ေပးရင္ေပးသလို က်ေရာက္တဲ့ အခန္းမွာ အတတ္ႏိုင္ဆံုး ႀကိဳးစားၿပီး သ႐ုပ္ေဆာင္ပါ့မယ္။

ေက်းဇူးတင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version


အမေရိကန်ပြည်ထောင်စုသို့ အလည်အပတ်ခရီး သွားရောက်ခဲ့သော ခင်ဇာခြည်ကျော်နှင့် ၎င်း၏ချစ်သူတို့ ပျော်ရွှင်နေသည့် ဓာတ်ပုံများ လူမှုှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံလာရာ ပရိသတ်များစိတ်ဝင် စားခဲ့ကြသည်။ ထို့ကြောင့် ‘ချစ်သူသာ ပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်’ ရုပ်ရှင်ဇာတ်ကားကန်တော့ပွဲပေးသည့် အခမ်းအနားသို့ တက်ရောက်လာသော ခင်ဇာခြည်ကျော်ကို ပရိသတ်များ စိတ်ဝင်စားနေသည့် အ ချစ်ရေးအကြောင်း အပါအဝင်  အနုပညာလှုပ်ရှားမှုများ
အကြောင်း တွေ့ဆုံမေးမြန်းခဲ့ပါသည်။


အင်းလေးမှာ သွားရိုက်မယ့် ‘ချစ်သူသာ ပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်’ ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ရမယ့် ဇာတ်ရုပ်လေးနဲ့ ပြင်ဆင်မှုတွေအကြောင်း ပြောပြပေးပါဦး။

‘ချစ်သူသာ ပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်’ဆိုတဲ့ဇာတ်ကားမှာ အစ်မကမအေးတင့်ဆိုတဲ့ အင်းသူပေါ့။ အပျိုကြီးနေရာက ပါဝင်သရုပ်ဆောင်ရမှာ ဖြစ်ပါတယ်။  ကိုမင်းဦးကို တစ်ဖက်သတ်ကြိုက်တဲ့အခန်းကပါ။ နောက်ပြီး ဒီကားကို
ပြင်သစ်က အသံပညာရှင်တွေ၊ ဖိလစ်ပိုင်တွေနဲ့ ရိုက်ကူးမှာဖြစ်တယ်။ ဆက်တင်တွေဆိုရင်လည်း သေချာဆောက်လုပ်ထားတယ်။ ဒီကားကနိုင်ငံတကာကိုလည်း ယှဉ်ပြိုင်မှာဖြစ်တယ်။ အစ်မအနေနဲ့လည်း တခြားကားတွေ
ထက်စာရင် ပိုပြီးဂရုစိုက်ရပါမယ်။ ကိုယ့်ကာရိုက် တာကတော့ အစ်မအနေနဲ့ဆိုရင် ဒရာမာပေါင်း မြောက်မြားစွာကိုရိုက်ကူးဖူးတဲ့အတွက် မဆန်းပါဘူး။ ဒါပေမဲ့ ဘာဆန်းသွားလဲဆိုတော့ အင်းသူတစ်ယောက်၊ အပျိုကြီး
သနပ်ခါးနဲ့ပဲ၊ဆံပင်ဆိုရင်လည်း အရှည်ဆိုတော့ အစ်မ ဆံပင်ဆက်ရမယ်။ ဆံပင်ကိုလည်း အမည်းဆိုးလိုက်ရတယ်။ ဘာမှလစ်ဟာမှုမရှိအောင် မိတ်ကပ်လည်းမလိမ်းပါဘူး။ မြန်မာအမျိုးသမီးတစ်ယောက်၊ အင်းသူတစ်ယောက် ရဲ့ပုံစံ အဓိကက စကားပေါ့။ ကျန်တဲ့လူတွေ ကတော့ မဝဲဘူး။ အစ်မနဲ့ ကစ်ကစ်(ဝတ်မှုံရွှေရည်) က အရမ်းဝဲတယ်။ အဲဒီလို အရမ်းဝဲတာကို ကိုမင်းဦးက အထအနတွေ ကောက်ပြီး ရယ်စရာလေး ဖမ်းထားတာဆိုတော့ အစ်မ
အထူးပဲ ကြိုးစားပါ့မယ်။

အခုနောက်ပိုင်းမှာ အစ်မအနေနဲ့ ရုပ်ရှင်ရိုက်ကူးမှုတွေ များလာတာ ဆိုတော့ ရိုက်ကူးဖို့ စဉ်းစားတဲ့အခါဇာတ်ရုပ်တွေကို ဘယ်လိုရွေးချယ် ဖြစ်လဲ။

အစ်မကတော့ ကျရာဇာတ် ရုပ်ကို သရုပ်ဆောင်ပါတယ်။ အဓိကကတော့ ကိုယ်က လူကလည်း သေးသေး။ အသက်ကလည်း လူလတ်ပိုင်း လေးဆယ်ပဲရှိသေးတာ ဆိုတော့ တီတီ(ပြေတီဦး)ရဲ့ အမေ နေရာဆိုရင် အစ်မ မဖြစ်ဘူးလေ။ အဲဒီလိုမင်းသားတွေရဲ့ အသက်အပေါ်မှာ ကိုယ့်အသက်နဲ့ညှိပြီး ရုပ်ချတာလည်း အဆင်မပြေလောက် ဘူးလေ။ အဲဒီလိုဆိုရင်တော့ မရိုက်ဖြစ်ဘူး။ ကစ်ကစ်တို့၊ ဖွေးဖွေးတို့ ဆိုရင်တော့ သူတို့အမေတွေ
ဆိုရင်တော့ အဆင်ပြေတယ်။ အမေခန်းလည်း ရိုက်တယ်။ အစ်မအခန်း လည်း ရိုက်တယ်။ အဒေါ်အခန်း လည်း ရိုက်တယ်။ ကာရိုက်တာ ပေါင်းစုံ ရိုက်တယ်။

အခုအချိန်မှာ အစ်မကို ဇာတ်ကား တွေရိုက်ဖို့ ကမ်းလှမ်းရင်ကော ဘယ်လို ဇာတ်ရုပ်မျိုးတွေ ကမ်းလှမ်းကြတာများလဲ။

အစ်မက သုံးလေးခန်းပါရင် မရိုက်ဘူးဆိုတာလေးကိုလည်း လုပ်ထားတယ်။ ဘယ်လိုလဲဆိုရင် ဒီအနုပညာလောကမှာ သုံးလေးခန်းနဲ့ ရိုက်တယ်ဆိုရင် သူရိုက်တယ်။  ဒီမင်းသမီး သုံးလေးခန်း ရိုက်တယ် ဆိုတာကြီးက စွဲနေတယ်။အဲဒီအခါကျ မရိုက်ရရင်နေထိုင်နေလိုက်တယ်။ တစ်ခါတလေကျရင် နှစ်လ၊ သုံးလ ကားရိုက်မရှိဘူး။ ဒါပေမဲ့ ရိုက်ရတဲ့အခါမှာ လည်း ကိုယ်ထွက်တဲ့ကားလေးတွေမှာ ကိုယ်က လုပ်ဆောင်ချက်ရှိပြီး နေရာရတယ်ဆို တန်းတစ်ခု ဖြစ်တယ်။ အဲဒီအတွက် ကိုယ့်ကို လာငှားရင် ခင်ဇာခြည်ကျော်က ဒီလိုမျိုးဆို မရိုက်ဘူး။ ဒီလိုဇာတ် ဆိုရင်တော့ ရိုက်တယ်ဆိုပြီး သိသွားတယ်။ အဲဒီတော့ ကိုယ့်ကို လာငှားတဲ့ကားမှာ ကိုယ့်နေရာလေးနဲ့ ကိုယ်လုပ်ဆောင်ချက် ရှိတဲ့ကားတွေကိုပဲ ငှားပါတယ်။

‘ငါသူတစ်ပါးယောကျ်ားမိန်းမ’ ရုပ် ရှင်ကားဆိုရင် ကိုယ်တိုင်ထုတ်ရိုက်ပြီး အကယ်ဒမီတွေလည်း အများကြီးရခဲ့တယ်၊ အောင်မြင်မှုလည်း ရခဲ့တယ်ဆိုတော့ အစ်မရဲ့ ထုတ်လုပ်ရေးကနေ ဇာတ်ကားတွေ ထပ်ရိုက်ဖို့ကော အစီအစဉ် ရှိမလား။

ကိုယ်တိုင်ထုတ်ရိုက်ဖြစ်မယ့် ဇာတ်ကားလည်း ရှိပါတယ်။ အစ်မကြိုးစားမယ်။  ၂၀၁၆ ထဲမှာတော့ မဖြစ်လောက်ဘူး။ နိုင်ငံခြားခရီး တွေလည်း သွားထား တဲ့အတွက်၊ အစ်မတို့ ထုတ်လုပ်ရေး ကြယ်တံခွန် ကတော့ ကြိုက်တဲ့ အချိန်မှာ ထရိုက်ရင်ရတောင် အမြဲတမ်းရှင်သန်အောင် လုပ်ထားပါတယ်။ အခုလည်း ရုပ်ရှင်တစ်ခေတ် ပြန်လည်လာပြီ ဖြစ်တဲ့အတွက် ကြယ်တံခွန်ကနေ ထပ်ရိုက်ဖို့ကြိုးစားပါမယ်။

ပြီးခဲ့တဲ့ရက်က အမေရိကားကို သွားတာလည်း တွေ့ရတယ်။ အဲဒီခရီးစဉ် အကြောင်းလေးလည်း ပြောပြပေးပါဦး။

အမေရိကန် ခရီးစဉ်ကတော့ Visit နဲ့ပဲသွားတာ။ အမေရိကားက ကိုယ်ရောက်ချင်တဲ့နိုင်ငံတွေထဲ မှာ အစ်မရဲ့ အိပ်မက်တစ်ခုဆို လည်း မမှားပါဘူး။ အစ်မ အရမ်းသွားချင်တယ်။ ဒါပေမဲ့ လူဆိုတာ အခြေအနေ၊ အချိန်အခါ မကျရင် ဘယ်လောက်ပဲ ကြိုးစားကြိုးစား မရောက်ဖြစ်ပါဘူး။ ဗီဇာလျှောက်တယ်။ ဗီဇာအင်တာဗျုး သွားဖြေတဲ့အခါ မှာလည်း အစ်မကို အစ်မမထင်ထားဘူး။ ဒါပေမဲ့ ထူးထူးဆန်းဆန်းပဲ ဒီနှစ်ထဲမှာ ဗီဇာကျ သွားတယ်။ ဦးဆောင်တာ ကတော့ LA ကျောင်းက ဘုန်းဘုန်းက Sponser Letter နဲ့ Visit အနေနဲ့ လာပါဆိုပြီး ဖိတ်ပါတယ်။ မလှလှမိုးက ဦးဆောင်တယ်။ သူက ဟိုမှာလည်း နှစ်တွေအများကြီးနေခဲ့ တယ်။ နှစ်တိုင်းလည်း သွားနေတော့ အပေါင်းအသင်းတွေ ရှိတယ်။ အစ်မတို့ ဟိုရောက်တဲ့အ ချိန်မှာ Gathering ပါတီလေးတွေ၊ပွဲအနေနဲ့တော့ လုပ်လို့မရဘူး။ Visit နဲ့ လာတာဖြစ်တဲ့အတွက် ရှော့ရှိတယ်လေ။ အဲဒါကြောင့် အိမ်မှာပဲ Gathering ပါတီလေးတွေ။ တွေ့ ချင်တဲ့ မိသားစုတွေ လာတွေ့ပေါ့။အဲဒီလို ဆုံစည်းခဲ့တယ်။ အမေရိကား East Cost ဘက်မှာတော့ ဆယ်မြို့ကျော်မယ်။ တစ်ရက်ကို သုံးနာရီလောက်ပဲ အိပ်တယ်။ တစ်မြို့မှာ တစ်ရက်၊ နှစ်ရက်ပေါ့။
တော်တော်လည်း နှံ့ခဲ့ပါတယ်။ ကိုယ့်ဟာကိုယ်ဆိုရင်တောင် မသွားနိုင်ပါဘူး။ ဒါကလည်း အမြတ်တစ်ခုပါပဲ။

လူမှုကွန်ရက်စာမျက်နှာမှာ အစ်မပုံတွေတင်တိုင်း ပရိသတ်တွေက နုတယ်၊ လှတယ်လို့ ပြောကြတာ ဆိုတော့ အလှအပကို ထိန်းသိမ်း ဖြစ်တဲ့ နည်းလေးလည်း မျှဝေပေးပါဦး။

အစ်မ စိတ်ထားကောင်းကောင်း ထားပါတယ်။ စိတ်ထား ကောင်းရင် ကံကောင်းမယ်ဆိုတာ ကိုလည်း ယုံကြည်ပါတယ်။ ဒီလိုနုတယ်ဆိုတာကလည်း အသက်(၄၀)အရွယ်ဟာ အလှတရားတွေရော၊ အသိဉာဏ်တွေရော
ပြည့်စုံသွားတဲ့အရွယ် ဖြစ်ပါလိမ့်မယ်။ အစ်မမှာလည်း  ဘဝပေးတွေက  အများကြီးဆိုတော့ ဒီအချိန်ကျမှ အစ်မက အရမ်းတည်ငြိမ်တဲ့ သဘော။ နောက်ပြီး ဒီအလှတရား ကို ဘာလို့ထိန်းလဲဆိုရင်တော့ အစ်မတို့ မင်းသမီးမှ မဟုတ်ပါဘူး။ အမျိုးသမီးတော်တော်များများက အိမ်ထောင်ကျပြီဆို လွှတ်ထားလိုက်တာ။ ကလေးမွေးပြီးရင် မထူးတော့ပါဘူးဆိုပြီး စားကြတာတွေ ရှိတယ်။ ဒီအလှတရားရဲ့ နောက်ကွယ်မှာ အရမ်းပင်ပန်းတယ် ဆိုတာ လူတွေ မသိကြဘူး။ အစ်မ အရမ်းပင်ပန်းပါတယ်။ ထမင်းကို တစ်ပတ်နေလို့ တစ်ခါတောင် မစားဖြစ်ပါဘူး။ အဲဒီလိုပေါ့။ ဒီဟာတွေ အကုန်လုံးကိုတော့ သူတို့မသိနိုင် ပါဘူး။  လှတယ်၊ ဝိတ်ထိန်းတယ် ဆိုတာက ရိုးရိုးလေးနဲ့ ရတာ မဟုတ်ပါဘူး။ အရမ်းပင်ပန်းပြီး ကြိုးစားထားတဲ့ လှပမှုတစ်ခုပါ။ အကုန်လုံး ထိန်းသိမ်းနိုင်ရင်တော့ ကောင်းတာပေါ့။

အစ်မရဲ့အချစ်ရေးနဲ့ ပတ်သက်ပြီး တော့လည်း လူမှုကွန်ရက်စာမျက်နှာတွမှာ တွေ့နေရတော့ အဲဒီအကြောင်းလေးကိုလည်း ပြောပြပေးပါဦး။

အချစ်ရေးနဲ့ ပတ်သက်ပြီး အွန်လိုင်းပေါ်မှာလည်း ပျံ့နှံ့နေပြီဆိုတော့ အစ်မအနေနဲ့ ငြင်းစရာ မရှိပါဘူး။ အစ်မချစ်သူ ရနေပါပြီ။ သူနဲ့သိတာကတော့ ကြာပါပြီ။ ဒါပေမဲ့ ဖုန်းအဆက်အသွယ်ပဲ ရှိတာ။ ဒီတစ်ခေါက်သွားမှ။ ဒီတစ်ခေါက် သွားတာကလည်း သူ့ဆီကို တိုက်ရိုက်သွားတာတော့ မဟုတ်ပါဘူး။ မြို့တွေ အကုန်သွားပြီး ပြန်ခါနီးလောက်မှ သူ့ဆီကိုရောက်တာ။ ချစ်သူ သက်တမ်းကတော့ တစ်လလောက်ပဲ ရှိပါသေးတယ်။

ဒီအချိန်မှာ တွေ့တဲ့အချစ်ကို ဘယ်အရာတွေအပေါ်မှာ မူတည်ပြီးရွေးချယ်ဖြစ်တာလဲ။

ဒီအချိန်မှာက ရင်ခုန်မှုနဲ့လည်း မဆိုင်တော့ဘူး။ ဦးနှောက် နဲ့ ရွေးချယ်ထားတာလည်း မဟုတ်ဘူး။ အားလုံးနဲ့ သဟဇာတဖြစ်ပြီး အစ်မအနေနဲ့ဆိုရင်လည်း ကလေးလည်း မဟုတ်တော့ဘူး။ အရှေ့မှာလည်း ဘအတွေ့အကြုံတွေ
အများကြီးရတဲ့အတွက် အများကြီးကို စဉ်းစားထားတာပါ။

အစ်မကို အခုချိန်အထိ အားပေးနေတဲ့ ပရိသတ်တွေအတွက် စကား လက်ဆောင်လေး ပြောပေးပါဦး။

အစ်မကို ယနေ့အချိန်အထိအားပေးနေတဲ့ ပရိသတ်တွေကို အထူးပဲ ကျေးဇူးတင်ပါတယ်။ အစ်မ ဆက်လက်ပြီး ပရိသတ်တွေ အတွက် အခြေအနေ၊ အချိန်အခါ ပေးရင်ပေးသလို ကျရောက်တဲ့ အခန်းမှာ အတတ်နိုင်ဆုံး ကြိုးစားပြီး သရုပ်ဆောင်ပါ့မယ်။

ကျေးဇူးတင်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top