Property Expo
×

                 ျပစ္မႈက်ဴးလြန္သူကုိ ဝိုင္းဝန္းဖမ္းဆီးထားစဥ္ (ဓာတ္ပံု − Ko Thu Facebook)

 ကမာရြတ္ၿမိဳ႕နယ္ (၃) ရပ္ကြက္အတြင္း သမီးငယ္ကိုခ်ီ ကာ ေနအိမ္သို႔ ျပန္လာသည့္ အမ်ိဳးသမီးတစ္ဦးအား ေနာက္မွ သိုင္းခ်ဳပ္ကာ ကိုယ္ထိလက္ ေရာက္ျပဳမူက်ဴးလြန္သည့္ အမ်ိဳးသားကို ပုဒ္မႏွစ္ခုျဖင့္ ဖမ္းဆီးအ ေရးယူထားေၾကာင္း သတင္းရရွိ သည္။


အမ်ိဳးသမီးသည္ ၎၏မိခင္ ေနအိမ္မွ အသက္(၂)ႏွစ္အရြယ္ သမီးငယ္ကိုခ်ီကာ ေနအိမ္သို႔ ျပန္လာစဥ္ စက္တင္ဘာ ၁၈ ရက္ ည ၈ နာရီခြဲခန္႔၌ အမည္မသိ အမ်ိဳးသားတစ္ဦးက ေနာက္ဘက္မွ သိုင္းခ်ဳပ္သျဖင့္ ပတ္ဝန္းက်င္သို႔ ေအာ္ဟစ္ အကူအညီေတာင္းခံခဲ့ေၾကာင္း ကာယကံရွင္ အမ်ိဳးသ မီးကဆိုသည္။

‘‘သူ႔ပံုစံက ပစၥည္းလုခ်င္တာ လား၊ လူကိုပဲ တစ္ခုခုလုပ္ခ်င္ တာလား မေျပာတတ္ဘူး။ ေဖ့စ္ ဘြတ္ခ္မွာ ေရးသလို ကေလးလု တာေတာ့ မဟုတ္ပါဘူး။ ကြၽန္မ လည္း လန္႔ဖ်ပ္ၿပီး ေအာ္ေတာ့ ပတ္ဝန္းက်င္ကလူေတြ ေရာက္လာတာ။ ပတ္ဝန္းက်င္ကလူေတြ ေရာက္လာတာျမန္လို႔’’ဟု ၎က ဆိုသည္။

ျပစ္မႈက်ဴးလြန္သူသည္ ဧရာ ဝတီတိုင္း လပြတၱာၿမိဳ႕နယ္အ တြင္း ေနထုိင္သည့္ အသက္(၂၃) ႏွစ္အရြယ္ ေအာင္စိုးထြန္းဆိုသူ ျဖစ္ၿပီး အခင္းျဖစ္ပြားခ်ိန္တြင္ အရက္ေသစာ ေသာက္စားထား ေၾကာင္း ကမာရြတ္ၿမိဳ႕မရဲစခန္းမွ ရဲအရာရွိတစ္ဦးကဆိုသည္။

‘‘အဲဒီလူ အေနာက္ေရာက္ တဲ့အခ်ိန္မွာ အရက္နံ႔ေတာ့ ရ တယ္။ ဒါေပမဲ့ သူ႔ပံုစံက အရက္ တစ္ခုတည္းတင္ မဟုတ္ေလာက္ ဘူး။ တျခားမူးယစ္ေဆးသံုးထား တဲ့ပံုလည္းရွိတယ္။ သူ႔ကိုယ္သူ လည္း ဟန္ခ်က္မညီဘူး။ ဒီလိုလူ မ်ားတဲ့ လွည္းတန္းလို ေနရာမ်ိဳးမွာေတာင္ အခုလိုျဖစ္တာဆို ေတာ့ ကြၽန္မလည္း ေတာ္ေတာ္ လန္႔သြားတယ္။ ကေလးဆိုလည္း ေတာ္ေတာ္လန္႔သြားတယ္’’ဟု အ ဆိုပါ အမ်ိဳးသမီးကဆိုသည္။

အခင္းျဖစ္ပြားသည့္ ေနရာ သည္ ကမာရြတ္ၿမိဳ႕နယ္ (၃)ရပ္ ကြက္ ေစတနာသုခလမ္းအတြင္း ျဖစ္ပြားျခင္းျဖစ္ၿပီး အမ်ိဳးသမီး၏ ေအာ္သံေၾကာင့္ ပတ္ဝန္းက်င္ရွိ လူမ်ားေရာက္ရွိလာသျဖင့္ ျပစ္မႈ က်ဴးလြန္သူအမ်ိဳးသားက ထြက္ ေျပးရာ ဗဟိုလမ္းမေပၚတြင္ ဝုိင္းဝန္းဖမ္းဆီးခဲ့ျခင္းျဖစ္သည္။

 အဆုိပါျဖစ္စဥ္ႏွင့္ ပတ္ သက္၍ ေအာင္စိုးထြန္းကို ကမာရြတ္ၿမိဳ႕မရဲစခန္းက အမ်ိဳးသမီး ကာယိေႁႏၵကို ကိုယ္ထိလက္ ေရာက္က်ဴးလြန္မႈပုဒ္မ ၃၅၄၊ အ လိုအေလ်ာက္ နာက်င္ေစမႈပုဒ္မ ၃၂၃ တို႔ျဖင့္ အမႈဖြင့္စစ္ေဆး လ်က္ရွိေၾကာင္း ကမာရြတ္ၿမိဳ႕မ  ရဲစခန္းမွ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ပြစ်မှုကျူးလွန်သူကို ဝိုင်းဝန်းဖမ်းဆီးထားစဉ် (ဓာတ်ပုံ − Ko Thu Facebook)

 ကမာရွတ်မြို့နယ် (၃) ရပ်ကွက်အတွင်း သမီးငယ်ကိုချီ ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦးအား နောက်မှ သိုင်းချုပ်ကာ ကိုယ်ထိလက် ရောက်ပြုမူကျူးလွန်သည့် အမျိုးသားကို ပုဒ်မနှစ်ခုဖြင့် ဖမ်းဆီးအ ရေးယူထားကြောင်း သတင်းရရှိ သည်။


အမျိုးသမီးသည် ၎င်း၏မိခင် နေအိမ်မှ အသက်(၂)နှစ်အရွယ် သမီးငယ်ကိုချီကာ နေအိမ်သို့ ပြန်လာစဉ် စက်တင်ဘာ ၁၈ ရက် ည ၈ နာရီခွဲခန့်၌ အမည်မသိ အမျိုးသားတစ်ဦးက နောက်ဘက်မှ သိုင်းချုပ်သဖြင့် ပတ်ဝန်းကျင်သို့ အော်ဟစ် အကူအညီတောင်းခံခဲ့ကြောင်း ကာယကံရှင် အမျိုးသ မီးကဆိုသည်။

‘‘သူ့ပုံစံက ပစ္စည်းလုချင်တာ လား၊ လူကိုပဲ တစ်ခုခုလုပ်ချင် တာလား မပြောတတ်ဘူး။ ဖေ့စ် ဘွတ်ခ်မှာ ရေးသလို ကလေးလု တာတော့ မဟုတ်ပါဘူး။ ကျွန်မ လည်း လန့်ဖျပ်ပြီး အော်တော့ ပတ်ဝန်းကျင်ကလူတွေ ရောက်လာတာ။ ပတ်ဝန်းကျင်ကလူတွေ ရောက်လာတာမြန်လို့’’ဟု ၎င်းက ဆိုသည်။

ပြစ်မှုကျူးလွန်သူသည် ဧရာ ဝတီတိုင်း လပွတ္တာမြို့နယ်အ တွင်း နေထိုင်သည့် အသက်(၂၃) နှစ်အရွယ် အောင်စိုးထွန်းဆိုသူ ဖြစ်ပြီး အခင်းဖြစ်ပွားချိန်တွင် အရက်သေစာ သောက်စားထား ကြောင်း ကမာရွတ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကဆိုသည်။

‘‘အဲဒီလူ အနောက်ရောက် တဲ့အချိန်မှာ အရက်နံ့တော့ ရ တယ်။ ဒါပေမဲ့ သူ့ပုံစံက အရက် တစ်ခုတည်းတင် မဟုတ်လောက် ဘူး။ တခြားမူးယစ်ဆေးသုံးထား တဲ့ပုံလည်းရှိတယ်။ သူ့ကိုယ်သူ လည်း ဟန်ချက်မညီဘူး။ ဒီလိုလူ များတဲ့ လှည်းတန်းလို နေရာမျိုးမှာတောင် အခုလိုဖြစ်တာဆို တော့ ကျွန်မလည်း တော်တော် လန့်သွားတယ်။ ကလေးဆိုလည်း တော်တော်လန့်သွားတယ်’’ဟု အ ဆိုပါ အမျိုးသမီးကဆိုသည်။

အခင်းဖြစ်ပွားသည့် နေရာ သည် ကမာရွတ်မြို့နယ် (၃)ရပ် ကွက် စေတနာသုခလမ်းအတွင်း ဖြစ်ပွားခြင်းဖြစ်ပြီး အမျိုးသမီး၏ အော်သံကြောင့် ပတ်ဝန်းကျင်ရှိ လူများရောက်ရှိလာသဖြင့် ပြစ်မှု ကျူးလွန်သူအမျိုးသားက ထွက် ပြေးရာ ဗဟိုလမ်းမပေါ်တွင် ဝိုင်းဝန်းဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

 အဆိုပါဖြစ်စဉ်နှင့် ပတ် သက်၍ အောင်စိုးထွန်းကို ကမာရွတ်မြို့မရဲစခန်းက အမျိုးသမီး ကာယိနြေ္ဒကို ကိုယ်ထိလက် ရောက်ကျူးလွန်မှုပုဒ်မ ၃၅၄၊ အ လိုအလျောက် နာကျင်စေမှုပုဒ်မ ၃၂၃ တို့ဖြင့် အမှုဖွင့်စစ်ဆေး လျက်ရှိကြောင်း ကမာရွတ်မြို့မ  ရဲစခန်းမှ သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top