Property Expo
×

ျပည္သူလူထုေတြရဲ႕  တင္ျပခ်က္ေတြကို  အေလးထား ေျဖရွင္းေဆာင္ရြက္ေပးဖုိ႔ ႏိုင္ငံေတာ္ သမၼတ႐ုံးဝက္ဘ္ဆိုက္ကိုဆက္သြယ္ၿပီး တင္ျပစာေတြေပးပို႔ႏုိင္ၿပီလို႔ သမၼတ႐ုံးက ေၾကညာပါတယ္။
ဆက္သြယ္လုိသူေတြအေနနဲ႔ ႏိုင္ငံေတာ္သမၼတ႐ုံးအြန္လိုင္း www.president-office.gov.mm  ကို ကြန္ျပဴတာသို႔မဟုတ္ မိုဘုိင္းဖုန္းကေန၀င္ေရာက္ၿပီး ႏိုင္ငံေတာ္သမၼတထံေပးစာ (စာအိတ္ပုံ အမွတ္အသား)ကို ႏွိပ္ကာ အခ်က္အလက္ေတြ ျဖည့္သြင္းေပးပို႔ရမွာပါ။

အခ်က္အလက္ေတြ အျပည့္အစံုထည့္သြင္းမွ ေနာက္တစ္ဆင့္ ဆက္သြားႏုိင္မွာျဖစ္ၿပီး အထူး သျဖင့္ မိုဘိုင္းဖုန္းနံပတ္ကို မွန္မွန္ကန္ကန္  ျဖည့္သြင္းဖုိ႔ လိုအပ္မွာျဖစ္ပါတယ္။

မိုဘိုင္းဖုန္းနံပတ္ မွားယြင္းျဖည့္သြင္းထားပါက ေပးပို႔တဲ့ SMS Codeနံပါတ္ ရရိွမွာ မဟုတ္ဘဲ မိမိမိုဘိုင္းဖုန္းကို ဝင္ေရာက္လာတဲ့  ကုဒ္နံပါတ္ကို ျဖည့္စြက္ၿပီး  ျပန္လည္ေပးပို႔ ရမွာပါ။

အခ်က္လက္ျဖည့္စြက္တဲ့ လုပ္ေဆာင္ခ်က္ေတြအားလံုး မွန္ကန္ပါက တင္ျပစာ ေပးပို႔မႈ အဆင့္ေတြ ၿပီးစီးသြားၿပီျဖစ္ၿပီး ႏိုင္ငံေတာ္သမၼတ႐ုံးက ဆက္လက္ ေဆာင္ရြက္ေပးသြားမယ္လို႔ လည္း သတင္းထုတ္ျပန္ခ်က္မွာေဖာ္ျပပါတယ္။

သမၼတ ဦးထင္ေက်ာ္ ႏိုင္ငံတာ၀န္ စတင္ထမ္းေဆာင္ၿပီး  ၆လေလာက္ အၾကာမွာ ခုလို ျပည္သူလူထုေတြ အြန္လိုင္း ကေနဆက္သြယ္တိုင္ၾကားႏိုင္ဖို႔ လုပ္ေဆာင္လိုက္တာျဖစ္ၿပီး ယခင္ သမၼတ ေဟာင္း ဦးသိန္းစိန္လက္ထက္ကလည္း အလားတူ လုပ္ေဆာင္ခဲ့ဖူးပါတယ္။

အြန္လုိင္းကေနတင္ျပစာေပးပို႔ပံုအဆင့္ဆင့္ကို ေဖာ္​ျပပါလင့္ခ္မွာ အေသးစိတ္ ၾကည့္႐ႈႏိုင္ပါ တယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:DVB

#Unicode Version
ပြည်သူလူထုတွေရဲ့  တင်ပြချက်တွေကို  အလေးထား ဖြေရှင်းဆောင်ရွက်ပေးဖို့ နိုင်ငံတော် သမ္မတရုံးဝက်ဘ်ဆိုက်ကိုဆက်သွယ်ပြီး တင်ပြစာတွေပေးပို့နိုင်ပြီလို့ သမ္မတရုံးက ကြေညာပါတယ်။
ဆက်သွယ်လိုသူတွေအနေနဲ့ နိုင်ငံတော်သမ္မတရုံးအွန်လိုင်း www.president-office.gov.mm  ကို ကွန်ပြူတာသို့မဟုတ် မိုဘိုင်းဖုန်းကနေဝင်ရောက်ပြီး နိုင်ငံတော်သမ္မတထံပေးစာ (စာအိတ်ပုံ အမှတ်အသား)ကို နှိပ်ကာ အချက်အလက်တွေ ဖြည့်သွင်းပေးပို့ရမှာပါ။

အချက်အလက်တွေ အပြည့်အစုံထည့်သွင်းမှ နောက်တစ်ဆင့် ဆက်သွားနိုင်မှာဖြစ်ပြီး အထူး သဖြင့် မိုဘိုင်းဖုန်းနံပတ်ကို မှန်မှန်ကန်ကန်  ဖြည့်သွင်းဖို့ လိုအပ်မှာဖြစ်ပါတယ်။

မိုဘိုင်းဖုန်းနံပတ် မှားယွင်းဖြည့်သွင်းထားပါက ပေးပို့တဲ့ SMS Codeနံပါတ် ရရှိမှာ မဟုတ်ဘဲ မိမိမိုဘိုင်းဖုန်းကို ဝင်ရောက်လာတဲ့  ကုဒ်နံပါတ်ကို ဖြည့်စွက်ပြီး  ပြန်လည်ပေးပို့ ရမှာပါ။

အချက်လက်ဖြည့်စွက်တဲ့ လုပ်ဆောင်ချက်တွေအားလုံး မှန်ကန်ပါက တင်ပြစာ ပေးပို့မှု အဆင့်တွေ ပြီးစီးသွားပြီဖြစ်ပြီး နိုင်ငံတော်သမ္မတရုံးက ဆက်လက် ဆောင်ရွက်ပေးသွားမယ်လို့ လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

သမ္မတ ဦးထင်ကျော် နိုင်ငံတာဝန် စတင်ထမ်းဆောင်ပြီး  ၆လလောက် အကြာမှာ ခုလို ပြည်သူလူထုတွေ အွန်လိုင်း ကနေဆက်သွယ်တိုင်ကြားနိုင်ဖို့ လုပ်ဆောင်လိုက်တာဖြစ်ပြီး ယခင် သမ္မတ ဟောင်း ဦးသိန်းစိန်လက်ထက်ကလည်း အလားတူ လုပ်ဆောင်ခဲ့ဖူးပါတယ်။

အွန်လိုင်းကနေတင်ပြစာပေးပို့ပုံအဆင့်ဆင့်ကို ဖော်ပြပါလင့်ခ်မှာ အသေးစိတ် ကြည့်ရှုနိုင်ပါ တယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:DVB
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top