Property Expo
×

 ေတာင္တ႐ုတ္ပင္လယ္ ေရျပင္တြင္ ကင္းလွည့္လုပ္ငန္းမ်ား ေဆာင္ရြက္မႈ၌ အေမရိကန္ ျပည္ေထာင္စုႏွင့္ ပူးေပါင္းသြားမည္ဟု ဂ်ပန္က ေၾကညာခဲ့သည္။

ဂ်ပန္၏ ကာကြယ္ေရး ဝန္ႀကီးအသစ္ တိုမိုမီ အီနာဒါက ဝါရွင္တန္ရွိ မဟာဗ်ဴဟာႏွင့္ ႏိုင္ငံတကာ ေလ့လာေရး စင္တာတြင္ ယခုလို ေျပာၾကားခဲ့ျခင္း ျဖစ္သည္။ ၎က ေတာင္တ႐ုတ္ပင္လယ္ လံုၿခံဳေရး က႑တြင္ ဂ်ပန္၏ ပါဝင္ေဆာင္ရြက္မႈ အခန္းက႑ကို ျမႇင့္တင္မည္ ျဖစ္ေၾကာင္းႏွင့္ ဂ်ပန္စစ္ဘက္က ဖိလစ္ပိုင္ႏွင့္ ဗီယက္နမ္ကဲ့သို႔ ေဒသတြင္း ႏုိင္ငံမ်ားကို ေထာက္ပံ့ကူညီမႈမ်ား ျပဳလုပ္မည္ျဖစ္ေၾကာင္း အတည္ျပဳခဲ့သည္။

တ႐ုတ္က ၎တို႔ ပိုင္နက္အျဖစ္ ေတာင္တ႐ုတ္ပင္လယ္ ဧရိယာ တစ္ခုလံုးနီးပါးကို သိမ္းသြင္းရန္ အားထုတ္ေနခ်ိန္တြင္ ဂ်ပန္က အေမရိကန္ႏွင့္ ပူးေပါင္းၿပီး ထင္ထင္ရွားရွား ဆန္႔က်င္ ရပ္တည္လာျခင္းလည္း ျဖစ္သည္။ အီနာဒါက အေမရိကန္ ျပည္ေထာင္စု အေနျဖင့္ ေလတပ္ႏွင့္ ေရတပ္အင္အား ၆၀ ရာခုိင္ႏႈန္းကို ၂၀၂၀ ျပည့္ႏွစ္တြင္ အာရွ-ပစိဖိတ္၌ ျဖန္႔က်က္ထားမည့္ အစီအစဉ္ကို ႀကိဳဆိုေၾကာင္းလည္း ဆိုသည္။

ေတာင္တ႐ုတ္ပင္လယ္ကို လက္ဝါးႀကီး အုပ္လုိသည့္ တ႐ုတ္၏ အားထုတ္မႈကို ဂ်ပန္၊ ဗီယက္နမ္၊ မေလးရွား၊ ဘ႐ူႏိုင္း၊ ဖိလစ္ပိုင္ႏွင့္ ထိုင္ဝမ္တို႔က ထိပ္တိုက္ ရင္ဆိုင္ ဆန္႔က်င္ေနရဆဲ ျဖစ္သည္။ အီနာဒါက အေ႐ွ႕တ႐ုတ္ပင္လယ္ႏွင့္ ေတာင္တ႐ုတ္ ပင္လယ္မ်ားတြင္ ၿပီးခဲ့သည့္ လပိုင္းမ်ားအတြင္း တ႐ုတ္ေရတပ္၏ လႈပ္ရွားမႈမ်ား အရွိန္ျမင့္လာမႈက ေဒသတြင္း ျပႆနာထက္ ပိုမိုက်ယ္ျပန္႔ၿပီး ႏုိင္ငံတကာ အေရးကိစၥတစ္ခု ျဖစ္လာႏုိင္ေၾကာင္းလည္း ေဝဖန္ခဲ့သည္။

“ေတာင္တ႐ုတ္ ပင္လယ္အတြင္း ကၽြန္ေတာ္တို႔ရဲ႕ ပိုင္နက္နဲ႔ အခ်ဳပ္အျခာအာဏာ ကာကြယ္ထိန္းသိမ္းေရးအတြက္ အစိုးရက အေလးအနက္ ေဆာင္ရြက္သြားမယ္ ဆိုတာကို ေျပာခ်င္ပါတယ္။ ဒီအတြက္ ကၽြန္ေတာ္တုိ႔ရဲ႕ ကာကြယ္ေရး က႑ကို ျမႇင့္တင္မွာျဖစ္ၿပီး ဂ်ပန္-အေမရိကန္ မဟာမိတ္ ရပ္တည္မႈကို ပိုမိုခိုင္မာေစမွာ ျဖစ္ပါတယ္”ဟု အီနာဒါက ေျပာၾကားသြားသည္။

လတ္တေလာတြင္ တ႐ုတ္ေရတပ္သည္ ႐ုရွားေရတပ္ႏွင့္ ပူးေပါင္းကာ ေတာင္တ႐ုတ္ပင္လယ္တြင္ စစ္ေရးေလ့က်င့္မႈမ်ား ျပဳလုပ္လ်က္ ရွိရာ ေဒသတြင္း တင္းမာမႈမ်ားကို ပိုမိုတည္ၿမဲေစခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 တောင်တရုတ်ပင်လယ် ရေပြင်တွင် ကင်းလှည့်လုပ်ငန်းများ ဆောင်ရွက်မှု၌ အမေရိကန် ပြည်ထောင်စုနှင့် ပူးပေါင်းသွားမည်ဟု ဂျပန်က ကြေညာခဲ့သည်။

ဂျပန်၏ ကာကွယ်ရေး ဝန်ကြီးအသစ် တိုမိုမီ အီနာဒါက ဝါရှင်တန်ရှိ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေး စင်တာတွင် ယခုလို ပြောကြားခဲ့ခြင်း ဖြစ်သည်။ ၎င်းက တောင်တရုတ်ပင်လယ် လုံခြုံရေး ကဏ္ဍတွင် ဂျပန်၏ ပါဝင်ဆောင်ရွက်မှု အခန်းကဏ္ဍကို မြှင့်တင်မည် ဖြစ်ကြောင်းနှင့် ဂျပန်စစ်ဘက်က ဖိလစ်ပိုင်နှင့် ဗီယက်နမ်ကဲ့သို့ ဒေသတွင်း နိုင်ငံများကို ထောက်ပံ့ကူညီမှုများ ပြုလုပ်မည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

တရုတ်က ၎င်းတို့ ပိုင်နက်အဖြစ် တောင်တရုတ်ပင်လယ် ဧရိယာ တစ်ခုလုံးနီးပါးကို သိမ်းသွင်းရန် အားထုတ်နေချိန်တွင် ဂျပန်က အမေရိကန်နှင့် ပူးပေါင်းပြီး ထင်ထင်ရှားရှား ဆန့်ကျင် ရပ်တည်လာခြင်းလည်း ဖြစ်သည်။ အီနာဒါက အမေရိကန် ပြည်ထောင်စု အနေဖြင့် လေတပ်နှင့် ရေတပ်အင်အား ၆၀ ရာခိုင်နှုန်းကို ၂၀၂၀ ပြည့်နှစ်တွင် အာရှ-ပစိဖိတ်၌ ဖြန့်ကျက်ထားမည့် အစီအစဉ်ကို ကြိုဆိုကြောင်းလည်း ဆိုသည်။

တောင်တရုတ်ပင်လယ်ကို လက်ဝါးကြီး အုပ်လိုသည့် တရုတ်၏ အားထုတ်မှုကို ဂျပန်၊ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်း၊ ဖိလစ်ပိုင်နှင့် ထိုင်ဝမ်တို့က ထိပ်တိုက် ရင်ဆိုင် ဆန့်ကျင်နေရဆဲ ဖြစ်သည်။ အီနာဒါက အရှေ့တရုတ်ပင်လယ်နှင့် တောင်တရုတ် ပင်လယ်များတွင် ပြီးခဲ့သည့် လပိုင်းများအတွင်း တရုတ်ရေတပ်၏ လှုပ်ရှားမှုများ အရှိန်မြင့်လာမှုက ဒေသတွင်း ပြဿနာထက် ပိုမိုကျယ်ပြန့်ပြီး နိုင်ငံတကာ အရေးကိစ္စတစ်ခု ဖြစ်လာနိုင်ကြောင်းလည်း ဝေဖန်ခဲ့သည်။

“တောင်တရုတ် ပင်လယ်အတွင်း ကျွန်တော်တို့ရဲ့ ပိုင်နက်နဲ့ အချုပ်အခြာအာဏာ ကာကွယ်ထိန်းသိမ်းရေးအတွက် အစိုးရက အလေးအနက် ဆောင်ရွက်သွားမယ် ဆိုတာကို ပြောချင်ပါတယ်။ ဒီအတွက် ကျွန်တော်တို့ရဲ့ ကာကွယ်ရေး ကဏ္ဍကို မြှင့်တင်မှာဖြစ်ပြီး ဂျပန်-အမေရိကန် မဟာမိတ် ရပ်တည်မှုကို ပိုမိုခိုင်မာစေမှာ ဖြစ်ပါတယ်”ဟု အီနာဒါက ပြောကြားသွားသည်။

လတ်တလောတွင် တရုတ်ရေတပ်သည် ရုရှားရေတပ်နှင့် ပူးပေါင်းကာ တောင်တရုတ်ပင်လယ်တွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်လျက် ရှိရာ ဒေသတွင်း တင်းမာမှုများကို ပိုမိုတည်မြဲစေခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top