Property Expo
×

ကုန္တင္ယာဥ္ေတြ ေမာင္းႏွင္ခ်င္ေပမယ့္ ယာဥ္ေမာင္းလိုင္စင္ (အနက္) သက္တမ္းသံုးႏွစ္ပဲရိွေသးတဲ့သူေတြကုိ လိုင္စင္အနီရရိွေစဖုိ႔ ကညနနဲ႔ ျမန္မာႏိုင္ငံ အေဝးေျပး ကုန္စည္ပို႔ေဆာင္ေရးအသင္းတို႔ ပူးေပါင္းေဆာင္ရြက္ေပးသြားမယ္လုိ႔ သိရပါတယ္။

"အေ၀းေၿပးအသင္းက တင္ျပထားတာ ႏွစ္လေလာက္ရွိပါၿပီ။ ရက္တိုယာဥ္ေမာင္းသင္တန္းဆိုတာထက္ စမ္းသပ္ၿပီး အနီထုတ္ေပးသင့္ မသင့္စစ္ေဆးဖို႔ ပုဂၢလိက ယာဥ္ေမာင္းသင္တန္းေတြနဲ႔ ညႇိေနပါတယ္။ ကုန္တင္ယာဥ္ေမာင္းေတြရွားလာလို႔ ဒီကိစၥကို အျမန္လုပ္ေပးဖို႔ ေတာင္းဆိုထားတာပါ "လို ကညန ေနျပည္ေတ္ာမွ ဒုတိယညႊန္ၾကားေရးမွဴးတစ္ဦးက ေျပာပါတယ္။

ေလာေလာဆယ္မွာေတာ့ ျပည္တြင္းယာဥ္ေမာင္း လိုင္စင္မူဝါဒအရ လိုင္စင္အနက္ကိုင္ေဆာင္ထားသူေတြက လူစီးယာဥ္ပဲ ေမာင္းႏွင္ခြင့္ရိွၿပီး လုိင္စင္သက္တမ္း သံုးႏွစ္ျပည့္မွပဲ (အညိဳ) ဃ လိုင္စင္နဲ႔ အငွားယာဥ္ေမာင္းႏွင့္ ခြင့္ျပဳထားကာ လိုင္စင္အညိဳ ႏွစ္ႏွစ္ၾကာၿပီးရင္ ကားႀကီးေတြေမာင္းႏွင္ခြင့္ရွိတဲ့ င (အနီ) လိုင္စင္ ထုတ္ေပးေနပါတယ္။

ကုန္တင္ယာဥ္ေမာင္းႏွင္ေပမယ့္ လိုင္စင္အနက္ သံုးႏွစ္ပဲရွိတဲ့သူေတြက ကုန္းလမ္းပို႔ေဆာင္ေရးဦးစီးဌာနမွာ တစ္ပတ္ၾကာသင္တန္း တက္ေရာက္ရမွာျဖစ္ၿပီး ေအာင္ျမင္ရင္ လိုင္စင္အနီရရိွမွာျဖစ္ၿပီး ကုန္တင္ယာဥ္ေမာင္းႏွင္ခြင့္တစ္ခါတည္းရရွိဖို႔ စီစဥ္ေပးသြားမယ္လုိ႔ အေဝးေျပးကုန္စည္ပို႔ေဆာင္ေရး အသင္းကေန ထုတ္ျပန္ထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily

#Unicode Version

ကုန်တင်ယာဉ်တွေ မောင်းနှင်ချင်ပေမယ့် ယာဉ်မောင်းလိုင်စင် (အနက်) သက်တမ်းသုံးနှစ်ပဲရှိသေးတဲ့သူတွေကို လိုင်စင်အနီရရှိစေဖို့ ကညနနဲ့ မြန်မာနိုင်ငံ အဝေးပြေး ကုန်စည်ပို့ဆောင်ရေးအသင်းတို့ ပူးပေါင်းဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။

"အဝေးပြေးအသင်းက တင်ပြထားတာ နှစ်လလောက်ရှိပါပြီ။ ရက်တိုယာဉ်မောင်းသင်တန်းဆိုတာထက် စမ်းသပ်ပြီး အနီထုတ်ပေးသင့် မသင့်စစ်ဆေးဖို့ ပုဂ္ဂလိက ယာဉ်မောင်းသင်တန်းတွေနဲ့ ညှိနေပါတယ်။ ကုန်တင်ယာဉ်မောင်းတွေရှားလာလို့ ဒီကိစ္စကို အမြန်လုပ်ပေးဖို့ တောင်းဆိုထားတာပါ "လို ကညန နေပြည်တေ်ာမှ ဒုတိယညွှန်ကြားရေးမှူးတစ်ဦးက ပြောပါတယ်။

လောလောဆယ်မှာတော့ ပြည်တွင်းယာဉ်မောင်း လိုင်စင်မူဝါဒအရ လိုင်စင်အနက်ကိုင်ဆောင်ထားသူတွေက လူစီးယာဉ်ပဲ မောင်းနှင်ခွင့်ရှိပြီး လိုင်စင်သက်တမ်း သုံးနှစ်ပြည့်မှပဲ (အညို) ဃ လိုင်စင်နဲ့ အငှားယာဉ်မောင်းနှင့် ခွင့်ပြုထားကာ လိုင်စင်အညို နှစ်နှစ်ကြာပြီးရင် ကားကြီးတွေမောင်းနှင်ခွင့်ရှိတဲ့ င (အနီ) လိုင်စင် ထုတ်ပေးနေပါတယ်။

ကုန်တင်ယာဉ်မောင်းနှင်ပေမယ့် လိုင်စင်အနက် သုံးနှစ်ပဲရှိတဲ့သူတွေက ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာနမှာ တစ်ပတ်ကြာသင်တန်း တက်ရောက်ရမှာဖြစ်ပြီး အောင်မြင်ရင် လိုင်စင်အနီရရှိမှာဖြစ်ပြီး ကုန်တင်ယာဉ်မောင်းနှင်ခွင့်တစ်ခါတည်းရရှိဖို့ စီစဉ်ပေးသွားမယ်လို့ အဝေးပြေးကုန်စည်ပို့ဆောင်ရေး အသင်းကနေ ထုတ်ပြန်ထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top