Kantharyar Centre
×

ယမန္ေန႔ညက ကစား ခဲ့ေသာ ပရီးမီးယားလိဂ္ပြဲစဥ္မ်ား တြင္ ၀က္ဖို႔ဒ္က မန္ယူကုိ ၃-၁ ဂုိး ျဖင့္ အႏုိင္ယူၿပီး မန္ယူအတြက္ သံုးပြဲဆက္တုိက္႐ႈံးနိမ့္မႈကုိ အပ္ ႏွင္းခဲ့သည္။

၀က္ဖုိ႔ဒ္အတြက္ ဂ်ဴအန္ဇူနီ ဂါႏွင့္ ထ႐ုိင္ဒီနီတို႔က ၈၄ မိနစ္ႏွင့္ မိနစ္ ၉၀ တြင္ အႏုိင္ဂုိးမ်ား ရယူခဲ့ ၿပီး ထုိက္တန္စြာ အႏုိင္ယူသြားခဲ့ သည္။ ဒီနီ၏ဂုိးမွာ ပင္နယ္တီမွ ရရိွျခင္းျဖစ္သည္။

အေစာပုိင္းတြင္ ၀က္ဖို႔ဒ္မွ အီတီယန္ကာပုိး၏ ဦးေဆာင္ဂုိး ကုိ မန္ယူမွ ရက္ရ္ွဖုိ႔ဒ္က ၆၂ မိနစ္ တြင္ ေခ်ပခဲ့သည္။

ၿပီးခဲ့သည့္ သီတင္းပတ္ကုန္ က မန္စီးတီးကုိ ဒါဘီပြဲ႐ႈံးနိမ့္ၿပီး ေနာက္ ယူ႐ုိပါလိဂ္တြင္ ဖီယင္ႏု ကုိ ထပ္မံ႐ႈံးနိမ့္ခဲ့သျဖင့္ မန္ယူမွာ ရွစ္ရက္အတြင္း တတိယအႀကိမ္ ႐ႈံးပြဲႀကံဳသြားျခင္းျဖစ္သည္။

၂၀၀၂ ေဖေဖာ္၀ါရီက ေပၚတုိကုိ ကုိင္တြယ္စဥ္ သံုးပြဲ႐ႈံးၿပီး ေနာက္ပုိင္း ေမာ္ရင္ဟုိကုိင္တြယ္ ေသာ အသင္းတစ္သင္း သံုးပဲြ ဆက္တုိက္ထပ္မံ႐ႈံးနိမ့္ျခင္း လည္းျဖစ္သည္။ ေမာ္ရင္ဟုိသည္ ဖီယင္ႏုသုိ႔ သြားေရာက္ယွဥ္ၿပိဳင္ခဲ့ေသာ အသင္းကုိ အေျပာင္းအလဲငါးေနရာျပဳလုပ္ခဲ့ၿပီး ရြန္းေနႏွင့္ အီဗရာဟီမုိဗစ္တို႔ကုိ အသင္းတြင္ ျပန္လည္ ထည့္သြင္းခဲ့သည္။ သုိ႔ေသာ္မန္ယူသည္ စုစည္းမႈ အားနည္းေနၿပီး ထိေရာက္မႈလည္း မရိွခဲ့ေပ။ အထူးသျဖင့္ ပထမပုိင္းတြင္ အလြန္သိသာခဲ့သည္။ ရြန္းေန၊ မုိဗစ္ႏွင့္ေပါ့ဂ္ဘာတုိ႔မွာလညး္ ပြဲအေပၚထိထိေရာက္ေရာက္ ပံ့ပုိးမႈ မျပဳ လုပ္ႏုိင္ခဲ့ေပ။

ပရီးမီးယားလိဂ္ငါးပြဲကစားၿပီးခ်ိန္တြင္ မန္ယူက ထိပ္ဆံုးမွ မန္စီးတီးေနာက္ေျခာက္ မွတ္ျပတ္ေနၿပီး နံပါတ္ (၆) ေနရာေရာက္ ရိွေနသည္။ ၀က္ဖုိ႔ဒ္က နံပါတ္ (၉) ေနရာ၌ ရပ္တည္ေနသည္။

အသင္း၏ ႐ႈံးပဲြႏွင့္ ပတ္ သက္၍ ေမာ္ရင္ဟုိက သံုးပုိင္းခဲြ ေျပာသြားသည္။

‘‘ပထမအေၾကာင္းအရာက ကြၽန္ေတာ္တုိ႔အေပၚ မူတည္ပါ တယ္။ ဒါဟာ တစ္ဦးခ်င္းအမွား ေတြ၊ စုေပါင္းအမွားေတြနဲ႔ သက္ ဆုိင္ပါတယ္။ ကြၽန္ေတာ္တု႔ိ တုိး တက္ေအာင္ လုပ္ရပါမယ္။ အဲဒါ ကြၽန္ေတာ္တုိ႔ လက္ထဲမွာ ရိွပါ တယ္။ ဒုတိယအေၾကာင္းအရာ က ကြင္းလယ္ဒုိင္ျဖစ္ၿပီး သူတို႔ရဲ႕ အမွားေတြကို ကြၽန္ေတာ္ထိန္းခ်ဳပ္ လုိ႔ မရပါဘူး။ တတိယအပုိင္းက ကံပဲျဖစ္ပါတယ္။ ကြၽန္ေတာ္တုိ႔ ကံမေကာင္းခဲ့ဘူး။ ႐ႈံးတဲ့အခ်ိန္မွာ ကြၽန္ေတာ္တုိ႔ဟာ အေကာင္းဆံုး အသင္းပါ’’ဟု ဒုတိယပုိင္းတြင္ အသင္း၏ ကစားပံုေကာင္းလာ ျခင္းကုိ ရည္ၫႊန္း၍ ေမာ္ရင္ဟုိက ေျပာၾကားသည္။

က်န္ပြဲစဥ္မ်ားတြင္ ခရစၥ တယ္ပဲေလ့စ္က စတုတ္ကုိ ၄-၁ ဂုိးျဖင့္ အႏုိင္ယူခဲ့ၿပီး ေဆာက္သမ္တန္က ဆြမ္ဆီးကုိ ၁-၀ ဂုိးျဖင့္ အႏုိင္ရရိွခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

ယမန်နေ့ညက ကစား ခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်များ တွင် ဝက်ဖို့ဒ်က မန်ယူကို ၃-၁ ဂိုး ဖြင့် အနိုင်ယူပြီး မန်ယူအတွက် သုံးပွဲဆက်တိုက်ရှုံးနိမ့်မှုကို အပ် နှင်းခဲ့သည်။

ဝက်ဖို့ဒ်အတွက် ဂျူအန်ဇူနီ ဂါနှင့် ထရိုင်ဒီနီတို့က ၈၄ မိနစ်နှင့် မိနစ် ၉၀ တွင် အနိုင်ဂိုးများ ရယူခဲ့ ပြီး ထိုက်တန်စွာ အနိုင်ယူသွားခဲ့ သည်။ ဒီနီ၏ဂိုးမှာ ပင်နယ်တီမှ ရရှိခြင်းဖြစ်သည်။

အစောပိုင်းတွင် ဝက်ဖို့ဒ်မှ အီတီယန်ကာပိုး၏ ဦးဆောင်ဂိုး ကို မန်ယူမှ ရက်ရ်ှဖို့ဒ်က ၆၂ မိနစ် တွင် ချေပခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန် က မန်စီးတီးကို ဒါဘီပွဲရှုံးနိမ့်ပြီး နောက် ယူရိုပါလိဂ်တွင် ဖီယင်နု ကို ထပ်မံရှုံးနိမ့်ခဲ့သဖြင့် မန်ယူမှာ ရှစ်ရက်အတွင်း တတိယအကြိမ် ရှုံးပွဲကြုံသွားခြင်းဖြစ်သည်။

၂၀၀၂ ဖေဖော်ဝါရီက ပေါ်တိုကို ကိုင်တွယ်စဉ် သုံးပွဲရှုံးပြီး နောက်ပိုင်း မော်ရင်ဟိုကိုင်တွယ် သော အသင်းတစ်သင်း သုံးပွဲ ဆက်တိုက်ထပ်မံရှုံးနိမ့်ခြင်း လည်းဖြစ်သည်။ မော်ရင်ဟိုသည် ဖီယင်နုသို့ သွားရောက်ယှဉ်ပြိုင်ခဲ့သော အသင်းကို အပြောင်းအလဲငါးနေရာပြုလုပ်ခဲ့ပြီး ရွန်းနေနှင့် အီဗရာဟီမိုဗစ်တို့ကို အသင်းတွင် ပြန်လည် ထည့်သွင်းခဲ့သည်။ သို့သော်မန်ယူသည် စုစည်းမှု အားနည်းနေပြီး ထိရောက်မှုလည်း မရှိခဲ့ပေ။ အထူးသဖြင့် ပထမပိုင်းတွင် အလွန်သိသာခဲ့သည်။ ရွန်းနေ၊ မိုဗစ်နှင့်ပေါ့ဂ်ဘာတို့မှာလည်း ပွဲအပေါ်ထိထိရောက်ရောက် ပံ့ပိုးမှု မပြု လုပ်နိုင်ခဲ့ပေ။

ပရီးမီးယားလိဂ်ငါးပွဲကစားပြီးချိန်တွင် မန်ယူက ထိပ်ဆုံးမှ မန်စီးတီးနောက်ခြောက် မှတ်ပြတ်နေပြီး နံပါတ် (၆) နေရာရောက် ရှိနေသည်။ ဝက်ဖို့ဒ်က နံပါတ် (၉) နေရာ၌ ရပ်တည်နေသည်။

အသင်း၏ ရှုံးပွဲနှင့် ပတ် သက်၍ မော်ရင်ဟိုက သုံးပိုင်းခွဲ ပြောသွားသည်။

‘‘ပထမအကြောင်းအရာက ကျွန်တော်တို့အပေါ် မူတည်ပါ တယ်။ ဒါဟာ တစ်ဦးချင်းအမှား တွေ၊ စုပေါင်းအမှားတွေနဲ့ သက် ဆိုင်ပါတယ်။ ကျွန်တော်တု့ိ တိုး တက်အောင် လုပ်ရပါမယ်။ အဲဒါ ကျွန်တော်တို့ လက်ထဲမှာ ရှိပါ တယ်။ ဒုတိယအကြောင်းအရာ က ကွင်းလယ်ဒိုင်ဖြစ်ပြီး သူတို့ရဲ့ အမှားတွေကို ကျွန်တော်ထိန်းချုပ် လို့ မရပါဘူး။ တတိယအပိုင်းက ကံပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ကံမကောင်းခဲ့ဘူး။ ရှုံးတဲ့အချိန်မှာ ကျွန်တော်တို့ဟာ အကောင်းဆုံး အသင်းပါ’’ဟု ဒုတိယပိုင်းတွင် အသင်း၏ ကစားပုံကောင်းလာ ခြင်းကို ရည်ညွှန်း၍ မော်ရင်ဟိုက ပြောကြားသည်။

ကျန်ပွဲစဉ်များတွင် ခရစ္စ တယ်ပဲလေ့စ်က စတုတ်ကို ၄-၁ ဂိုးဖြင့် အနိုင်ယူခဲ့ပြီး ဆောက်သမ်တန်က ဆွမ်ဆီးကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top