Property Expo
×

အိႏၵိယႏိုင္ငံေျမာက္ပိုင္းမွာ မုဒိမ္းက်င့္ခံရတယ္ဆိုတဲ့ စြပ္စြဲမႈကို ႐ုပ္သိမ္းေပးဖို႔ ျငင္းဆန္ခဲ့တဲ့ အမ်ိဳးသမီးကို စြပ္စြဲခံရတဲ့ အမ်ိဳးသားက အက္ဆစ္နဲ႔ပက္ၿပီး တိုက္ခိုက္ခဲ့ပါတယ္။
ဒီအျဖစ္အပ်က္ဟာ ေအာ့တ္၀ါပရာေဒ့ရွ္ခ႐ုိင္၊ ဘူလန္ရွာဟာၿမိဳ႕မွာ စက္တင္ဘာ ၂၅ ရက္ေန႔က ျဖစ္ခဲ့တာပါ။

အမ်ိဳးသမီးဟာ အဲဒီေန႔ ညေနပိုင္းက ခင္ပြန္းသည္နဲ႔အတူ လယ္ကြင္းထဲမွာ အလုပ္လုပ္ဖို႔ သြားခဲ့ခ်ိန္ အခုတုိက္ခုိက္ခဲ့တဲ့ ဆာဂ်စ္တို႔အုပ္စုက ခင္ပြန္းသည္ကို သစ္ပင္မွာ ႀကိဳးနဲ႔ခ်ည္ၿပီး ဖမ္းခ်ဳပ္ထားတယ္၊ အဲဒီေနာက္ ဆာဂ်စ္က သူမကုိ အက္ဆစ္နဲ႔ပက္ခဲ့တယ္လုိ႔ အမ်ိဳးသမီးက စက္တင္ဘာလ ၂၆ ရက္ေန႔မွာ ထြက္ဆိုလိုက္တာပါ။

အမ်ိဳးသမီးဟာ မ်က္ႏွာနဲ႔လည္ပင္းမွာ ေလာင္ကၽြမ္းဒဏ္ရာေတြ ရရွိခဲ့ေပမယ့္ လက္ရွိမွာေတာ့ ေဒသႏၱရ ေဆး႐ုံတ႐ုံမွာ ကုသမႈခံယူေနၿပီး တည္ၿငိမ္တဲ့ အေျခအေနမွာ ရွိေနတယ္လို႔ ဆိုပါတယ္။

အမ်ိဳးသမီးဟာ ၾသဂုတ္ ၉ ရက္ေန႔မွာ ဆာဂ်စ္ရဲ႕ အဓမၼျပဳက်င့္ခံရၿပီး စက္တင္ဘာ ၂ ရက္ေန႔ထိ ရဲက အမႈမဖြင့္ေပးခဲ့ဘူးလို႔ ဆိုပါတယ္။

အက္ဆစ္နဲ႔တိုက္ခိုက္ခဲ့ၿပီးခ်ိန္မွာ တိုက္ခိုက္သူေတြ ထြက္ေျပးခဲ့တဲ့အတြက္ သူတို႔ကို ဖမ္းမိႏုိင္ေရး လိုက္ရွာေနတယ္လို႔ ဘူလန္ရွာဟာ ရဲမႉးက ေျပာပါတယ္။

ပါဝင္ပတ္သက္သူေတြကို ဖမ္းၿပီး ဒီအမႈကို စံုစမ္းစစ္ေဆးမယ္၊ တင္းတင္းက်ပ္က်ပ္ အေရးယူမယ္လို႔လည္း သူက ေျပာပါတယ္။

အိႏိၵယႏိုင္ငံမွာ လတ္တေလာႏွစ္ေတြအတြင္း အက္ဆစ္နဲ႔တိုက္ခိုက္မႈေတြ ျမင့္တက္လာတယ္လို႔ အစီရင္ခံစာေတြမွာ ေဖာ္ျပပါတယ္။

အိႏိၵယဥပေဒအရ အက္ဆစ္နဲ႔တိုက္ခိုက္မႈအတြက္ အနည္းဆံုး ေထာင္ဒဏ္ ၁၀ ႏွစ္ကေန တသက္တကၽြန္းထိ က်ခံရႏိုင္ပါတယ္။

မႏွစ္ကေတာ့ အိႏၵိယတရား႐ုံးခ်ဳပ္က အက္ဆစ္နဲ႔ ပက္ခံရသူေတြကို အခမဲ့ ေဆးကုသခြင့္နဲ႔ အနည္းဆံုး ေလ်ာ္ေၾကး အေမရိကန္ ေဒၚလာ ၄၅၀၀ နဲ႔ညီမွ်တဲ့ အိႏိၵိယ႐ူပီးေငြ ၃ သိန္း ရသင့္တယ္လို႔ ဆံုးျဖတ္ခဲ့တာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:DVB

#Unicode Version
အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ မုဒိမ်းကျင့်ခံရတယ်ဆိုတဲ့ စွပ်စွဲမှုကို ရုပ်သိမ်းပေးဖို့ ငြင်းဆန်ခဲ့တဲ့ အမျိုးသမီးကို စွပ်စွဲခံရတဲ့ အမျိုးသားက အက်ဆစ်နဲ့ပက်ပြီး တိုက်ခိုက်ခဲ့ပါတယ်။
ဒီအဖြစ်အပျက်ဟာ အော့တ်ဝါပရာဒေ့ရှ်ခရိုင်၊ ဘူလန်ရှာဟာမြို့မှာ စက်တင်ဘာ ၂၅ ရက်နေ့က ဖြစ်ခဲ့တာပါ။

အမျိုးသမီးဟာ အဲဒီနေ့ ညနေပိုင်းက ခင်ပွန်းသည်နဲ့အတူ လယ်ကွင်းထဲမှာ အလုပ်လုပ်ဖို့ သွားခဲ့ချိန် အခုတိုက်ခိုက်ခဲ့တဲ့ ဆာဂျစ်တို့အုပ်စုက ခင်ပွန်းသည်ကို သစ်ပင်မှာ ကြိုးနဲ့ချည်ပြီး ဖမ်းချုပ်ထားတယ်၊ အဲဒီနောက် ဆာဂျစ်က သူမကို အက်ဆစ်နဲ့ပက်ခဲ့တယ်လို့ အမျိုးသမီးက စက်တင်ဘာလ ၂၆ ရက်နေ့မှာ ထွက်ဆိုလိုက်တာပါ။

အမျိုးသမီးဟာ မျက်နှာနဲ့လည်ပင်းမှာ လောင်ကျွမ်းဒဏ်ရာတွေ ရရှိခဲ့ပေမယ့် လက်ရှိမှာတော့ ဒေသန္တရ ဆေးရုံတရုံမှာ ကုသမှုခံယူနေပြီး တည်ငြိမ်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။

အမျိုးသမီးဟာ သြဂုတ် ၉ ရက်နေ့မှာ ဆာဂျစ်ရဲ့ အဓမ္မပြုကျင့်ခံရပြီး စက်တင်ဘာ ၂ ရက်နေ့ထိ ရဲက အမှုမဖွင့်ပေးခဲ့ဘူးလို့ ဆိုပါတယ်။

အက်ဆစ်နဲ့တိုက်ခိုက်ခဲ့ပြီးချိန်မှာ တိုက်ခိုက်သူတွေ ထွက်ပြေးခဲ့တဲ့အတွက် သူတို့ကို ဖမ်းမိနိုင်ရေး လိုက်ရှာနေတယ်လို့ ဘူလန်ရှာဟာ ရဲမှူးက ပြောပါတယ်။

ပါဝင်ပတ်သက်သူတွေကို ဖမ်းပြီး ဒီအမှုကို စုံစမ်းစစ်ဆေးမယ်၊ တင်းတင်းကျပ်ကျပ် အရေးယူမယ်လို့လည်း သူက ပြောပါတယ်။

အိန္ဒိယနိုင်ငံမှာ လတ်တလောနှစ်တွေအတွင်း အက်ဆစ်နဲ့တိုက်ခိုက်မှုတွေ မြင့်တက်လာတယ်လို့ အစီရင်ခံစာတွေမှာ ဖော်ပြပါတယ်။

အိန္ဒိယဥပဒေအရ အက်ဆစ်နဲ့တိုက်ခိုက်မှုအတွက် အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်ကနေ တသက်တကျွန်းထိ ကျခံရနိုင်ပါတယ်။

မနှစ်ကတော့ အိန္ဒိယတရားရုံးချုပ်က အက်ဆစ်နဲ့ ပက်ခံရသူတွေကို အခမဲ့ ဆေးကုသခွင့်နဲ့ အနည်းဆုံး လျော်ကြေး အမေရိကန် ဒေါ်လာ ၄၅၀၀ နဲ့ညီမျှတဲ့ အိန္ဒိိယရူပီးငွေ ၃ သိန်း ရသင့်တယ်လို့ ဆုံးဖြတ်ခဲ့တာပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:DVB
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top