Kantharyar Centre
×

တစ္နာရီေလာက္ ေန႔လည္ပုိင္းမွာ တစ္ေရးတစ္ေမာေမွးစက္တာဟာ ဆီးခ်ိဳေရာဂါႏွစ္မ်ိဳးကုိ ျဖစ္ပြားေစဖုိ႔အတြက္ သတိေပးခ်က္တစ္ရပ္ျဖစ္တယ္လုိ႔ ဂ်ပန္ႏုိင္ငံက သုေတသီေတြက ဆုိပါတယ္။ သူတုိ႔ဟာ လူေပါင္း ၃၀၀,၀၀၀ ေက်ာ္ကုိ ေလ့လာၿပီးတဲ့ေနာက္မွာ အခုလုိ ဆက္စပ္မႈရွိတာကုိ ေတြ႔ရွိခဲ့ရတာပါ။

ဒီေလ့လာမႈကုိ တုိက်ိဳတကၠသုိလ္က သိပၸံပညာရွင္ေတြက လုပ္ေဆာင္ခဲ့တာျဖစ္ၿပီး ဥေရာပ ဆီးခ်ိဳေရာဂါေလ့လာေရးအသင္းနဲ႔ ပူးေပါင္းၿပီး ေဖာ္ထုတ္ခဲ့တာပါ။ သုေတသီေတြအေနနဲ႔ ေန႔လည္ပုိင္းမွာ မိနစ္ေျခာက္ဆယ္ၾကာ ေမွးစက္တာဟာ ဆီးခ်ိဳေရာဂါႏွစ္မ်ိဳးျဖစ္ပြားေစမႈကုိ ၄၅ရာခုိင္ႏႈန္းအထိ တုိးျမွင့္ေစတာကုိ ေတြ႔ရွိခဲ့ရတာျဖစ္ပါတယ္။ ဒါေပမယ့္ မိနစ္၄၀ေအာက္ အိပ္စက္ရင္ေတာ့ ဒီလုိခ်ိတ္ဆက္မႈမ်ိဳး မေတြ႕ရွိရဘူးလုိ႔ သိရပါတယ္။

သုေတသီေတြဟာ ကာလရွည္ေမွးတာဟာ ညပုိင္းအိပ္စက္မႈကုိ ထိခိုက္ေစတယ္လုိ႔ ဆုိပါတယ္။ ဒါေၾကာင့္ ႏွလံုးထိခိုက္မႈေတြ၊ အဆုတ္နဲ႔ တျခားျပႆနာေတြအျပင္ ဆီးခ်ိဳေရာဂါႏွစ္မ်ိဳးကိုလည္း ျဖစ္ပြားေစႏုိင္တာကုိေတြ႔ရွိခဲ့ၾကတာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thit Htoo Lwin

#Unicode Version
တစ်နာရီလောက် နေ့လည်ပိုင်းမှာ တစ်ရေးတစ်မောမှေးစက်တာဟာ ဆီးချိုရောဂါနှစ်မျိုးကို ဖြစ်ပွားစေဖို့အတွက် သတိပေးချက်တစ်ရပ်ဖြစ်တယ်လို့ ဂျပန်နိုင်ငံက သုတေသီတွေက ဆိုပါတယ်။ သူတို့ဟာ လူပေါင်း ၃၀၀,၀၀၀ ကျော်ကို လေ့လာပြီးတဲ့နောက်မှာ အခုလို ဆက်စပ်မှုရှိတာကို တွေ့ရှိခဲ့ရတာပါ။

ဒီလေ့လာမှုကို တိုကျိုတက္ကသိုလ်က သိပ္ပံပညာရှင်တွေက လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဥရောပ ဆီးချိုရောဂါလေ့လာရေးအသင်းနဲ့ ပူးပေါင်းပြီး ဖော်ထုတ်ခဲ့တာပါ။ သုတေသီတွေအနေနဲ့ နေ့လည်ပိုင်းမှာ မိနစ်ခြောက်ဆယ်ကြာ မှေးစက်တာဟာ ဆီးချိုရောဂါနှစ်မျိုးဖြစ်ပွားစေမှုကို ၄၅ရာခိုင်နှုန်းအထိ တိုးမြှင့်စေတာကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် မိနစ်၄၀အောက် အိပ်စက်ရင်တော့ ဒီလိုချိတ်ဆက်မှုမျိုး မတွေ့ရှိရဘူးလို့ သိရပါတယ်။

သုတေသီတွေဟာ ကာလရှည်မှေးတာဟာ ညပိုင်းအိပ်စက်မှုကို ထိခိုက်စေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် နှလုံးထိခိုက်မှုတွေ၊ အဆုတ်နဲ့ တခြားပြဿနာတွေအပြင် ဆီးချိုရောဂါနှစ်မျိုးကိုလည်း ဖြစ်ပွားစေနိုင်တာကိုတွေ့ရှိခဲ့ကြတာပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top