Property Expo
×

အခ်ိဳ႕ေသာ ရင္ဘတ္ေအာင့္ျခင္းမ်ားသည္ အေရးေပၚအေျခအေနထိ ေရာက္ႏုိင္ေသာေၾကာင့္ ရင္ဘတ္အလည္တည့္တည့္ (သို႔) လက္ေမာင္း၊ ေနာက္ေက်ာ၊ ေမး႐ိုး၊ လည္ပင္း၊ အစာအိမ္ စသည့္ေနရာမ်ားတြင္ေအာင့္ျခင္း၊ ေလးျခင္း၊ ေနရထုိင္ရခက္ျခင္းမ်ားအျပင္ အသက္႐ွဴမ၀ျခင္း၊ ေခၽြးေစးမ်ားထြက္ျခင္း၊ ပ်ိဳ႕ျခင္း ႏွင့္ ေခါင္းမူးျခင္းမ်ားကို ငါးမိနစ္ထက္ပိုမိုခံစားေနရပါက အေရးေပၚဌာနသို႔ ခ်က္ခ်င္းအေၾကာင္းၾကားပါ။

အထက္ပါလကၡဏာတို႔သည္ ႏွလံုးတုိက္ခိုက္ခံရျခင္း(Heart Attack) လို႔ေခၚတဲ့ ႏွလံုးသို႔ ေသြးမ်ားမေရာက္ျခင္းေၾကာင့္ျဖစ္ႏုိင္ေသာေၾကာင့္ ႏွလံုးႂကြက္သားမ်ားကို ကယ္တင္ရန္ကုသမႈကို ခ်က္ခ်င္းခံယူသင့္ပါသည္။

သို႔ရာတြင္ ရင္ဘတ္ေအာင့္ျခင္းသည္ ခဏတာဆိုပါက အျခား အေၾကာင္းအရင္းမ်ားေၾကာင့္လည္း ျဖစ္ႏုိင္ပါသည္။

အျခားအေၾကာင္းအရင္းဟုဆုိႏုိင္ေသာ ေရာဂါလကၡဏာမ်ား

(1) မ်က္စိတစ္မွိတ္လွ်တ္တစ္ျပတ္အမွ်သာ ရင္ဘတ္ေအာင့္ျခင္းဆုိပါက ႂကြက္သား၊ အ႐ိုးမ်ားေရာင္ျခင္း (သုိ႔) အာ႐ံုေၾကာမ်ား နာက်င္ျခင္း ျဖစ္ႏုိင္ပါသည္။  အကယ္၍ မိနစ္အနည္းငယ္ၾကာေနပါက ရင္ဘတ္ေအာင့္ျခင္းသည္ အေရးႀကီးႏုိင္ပါသည္။

(2) တစ္ေနရာထဲတြင္သာ ထိုးေအာင့္၍အသက္႐ွဴေသာအေနအထားကိုလိုက္၍ ပိုဆိုးလာေသာရင္ဘတ္ေအာင့္ျခင္းသည္ အဆုတ္ေၾကာင့္ပိုမိုျဖစ္ႏုိင္ပါသည္။ (ဥပမာ - အဆုတ္အေျမႇးပါးေရာင္ျခင္း၊ အဆုတ္ေရ၀င္ျခင္း (သို႔) ရင္က်ပ္ျခင္း) ႏွလံုးေအာင့္ျခင္းဆုိပါက တစ္ေနရာထဲတြင္မျဖစ္ဘဲ အနီးအနားတစ္၀ိုက္တြင္ပါ ေအာင့္ေလ့ရွိသည္။

(3) အားကစားလုပ္ျခင္းျဖင့္ ရင္ဘတ္ေအာင့္သက္သာလာပါက အျခားအေၾကာင္းအရင္းမ်ားေၾကာင့္ျဖစ္ႏုိင္သည္။ (ဥပမာ - အက္ဆစ္မ်ားအထက္သို႔ဆန္တက္ျခင္း) ႏွလံုးေၾကာင့္ ရင္ဘတ္ေအာင့္ပါက ေလ့က်င့္ခန္းျပဳလုပ္လွ်င္ ပိုမိုဆိုးရြားလာေလ့ရွိသည္။

ႏွလံုးတုိက္ခိုက္ခံရျခင္း (Heart Attack) ၏ ေရာဂါလကၡဏာအမ်ိဳးမ်ိဳး

 ႏွလံုးတုိက္ခိုက္ခံရျခင္း (သို႔) ႏွလံုးေအာင့္ျခင္းေရာဂါလကၡဏာမ်ားသည္ တစ္ဦးႏွင့္တစ္ဦးမတူညီၾကေပ။ အခ်ိဳ႕သူမ်ားတြင္ ေရာဂါေ၀ဒနာလံုး၀မခံစားၾကရေသာ္လည္း အျခားသူမ်ားတြင္ အလြန္ဆိုးရြားေသာ ရင္ဘတ္ေအာင့္ျခင္းကို ခံစားရေလ့ရွိသည္။ အခ်ိဳ႕တြင္မူ လက္ေမာင္းေအာင့္ျခင္းေလာက္သာ ျဖစ္တတ္ပါသည္။

မည္သည့္ေနရာတြင္ေအာင့္သည္ျဖစ္ေစ ၎ေအာင့္ျခင္းကို သက္သာေစႏုိင္ေသာ ခႏၶာကိုယ္အေနအထားမရွိသည့္အျပင္ အရည္မ်ားေသာက္ျခင္း၊ အစာအိမ္ေရာဂါသက္သာေဆးမ်ားေသာက္ျခင္း၊ အသက္ျပင္းျပင္း႐ွဴျခင္း စသည့္အျပဳအမူမ်ားျဖင့္လည္း သက္သာေအာင္ျပဳလုပ္၍မရႏုိင္ေပ။

 ႏွလံုးေအာင့္ျခင္းသည္ ပံုမွန္အားျဖင့္ငါးမိနစ္ခန္႔ၾကာျမင့္တတ္၍ (တခါတရံ နာရီ၀က္မွ ရွားရွားပါးပါး 2 နာရီထိၾကာေလ့ရွိ) အေရးေပၚ အေျခအေနတစ္ခုျဖစ္ျခင္းေၾကာင့္ ကုသမႈကိုခ်က္ခ်င္းခံယူသင့္ပါသည္။

အကယ္ ၍ရင္ဘတ္ေအာင့္ျခင္းသည္ ခဏတာသာျဖစ္ေသာ္လည္းဆိုးရြားပါက ဆရာ၀န္ႏွင့္တုိင္ပင္သင့္ပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: drmyanmar

#Unicode Version

အချို့သော ရင်ဘတ်အောင့်ခြင်းများသည် အရေးပေါ်အခြေအနေထိ ရောက်နိုင်သောကြောင့် ရင်ဘတ်အလည်တည့်တည့် (သို့) လက်မောင်း၊ နောက်ကျော၊ မေးရိုး၊ လည်ပင်း၊ အစာအိမ် စသည့်နေရာများတွင်အောင့်ခြင်း၊ လေးခြင်း၊ နေရထိုင်ရခက်ခြင်းများအပြင် အသက်ရှူမဝခြင်း၊ ချွေးစေးများထွက်ခြင်း၊ ပျို့ခြင်း နှင့် ခေါင်းမူးခြင်းများကို ငါးမိနစ်ထက်ပိုမိုခံစားနေရပါက အရေးပေါ်ဌာနသို့ ချက်ချင်းအကြောင်းကြားပါ။


အထက်ပါလက္ခဏာတို့သည် နှလုံးတိုက်ခိုက်ခံရခြင်း(Heart Attack) လို့ခေါ်တဲ့ နှလုံးသို့ သွေးများမရောက်ခြင်းကြောင့်ဖြစ်နိုင်သောကြောင့် နှလုံးကြွက်သားများကို ကယ်တင်ရန်ကုသမှုကို ချက်ချင်းခံယူသင့်ပါသည်။


သို့ရာတွင် ရင်ဘတ်အောင့်ခြင်းသည် ခဏတာဆိုပါက အခြား အကြောင်းအရင်းများကြောင့်လည်း ဖြစ်နိုင်ပါသည်။

အခြားအကြောင်းအရင်းဟုဆိုနိုင်သော ရောဂါလက္ခဏာများ

(1) မျက်စိတစ်မှိတ်လျှတ်တစ်ပြတ်အမျှသာ ရင်ဘတ်အောင့်ခြင်းဆိုပါက ကြွက်သား၊ အရိုးများရောင်ခြင်း (သို့) အာရုံကြောများ နာကျင်ခြင်း ဖြစ်နိုင်ပါသည်။  အကယ်၍ မိနစ်အနည်းငယ်ကြာနေပါက ရင်ဘတ်အောင့်ခြင်းသည် အရေးကြီးနိုင်ပါသည်။

(2) တစ်နေရာထဲတွင်သာ ထိုးအောင့်၍အသက်ရှူသောအနေအထားကိုလိုက်၍ ပိုဆိုးလာသောရင်ဘတ်အောင့်ခြင်းသည် အဆုတ်ကြောင့်ပိုမိုဖြစ်နိုင်ပါသည်။ (ဥပမာ - အဆုတ်အမြှေးပါးရောင်ခြင်း၊ အဆုတ်ရေဝင်ခြင်း (သို့) ရင်ကျပ်ခြင်း) နှလုံးအောင့်ခြင်းဆိုပါက တစ်နေရာထဲတွင်မဖြစ်ဘဲ အနီးအနားတစ်ဝိုက်တွင်ပါ အောင့်လေ့ရှိသည်။

(3) အားကစားလုပ်ခြင်းဖြင့် ရင်ဘတ်အောင့်သက်သာလာပါက အခြားအကြောင်းအရင်းများကြောင့်ဖြစ်နိုင်သည်။ (ဥပမာ - အက်ဆစ်များအထက်သို့ဆန်တက်ခြင်း) နှလုံးကြောင့် ရင်ဘတ်အောင့်ပါက လေ့ကျင့်ခန်းပြုလုပ်လျှင် ပိုမိုဆိုးရွားလာလေ့ရှိသည်။

နှလုံးတိုက်ခိုက်ခံရခြင်း (Heart Attack) ၏ ရောဂါလက္ခဏာအမျိုးမျိုး

 နှလုံးတိုက်ခိုက်ခံရခြင်း (သို့) နှလုံးအောင့်ခြင်းရောဂါလက္ခဏာများသည် တစ်ဦးနှင့်တစ်ဦးမတူညီကြပေ။ အချို့သူများတွင် ရောဂါဝေဒနာလုံးဝမခံစားကြရသော်လည်း အခြားသူများတွင် အလွန်ဆိုးရွားသော ရင်ဘတ်အောင့်ခြင်းကို ခံစားရလေ့ရှိသည်။ အချို့တွင်မူ လက်မောင်းအောင့်ခြင်းလောက်သာ ဖြစ်တတ်ပါသည်။

မည်သည့်နေရာတွင်အောင့်သည်ဖြစ်စေ ၎င်းအောင့်ခြင်းကို သက်သာစေနိုင်သော ခန္ဓာကိုယ်အနေအထားမရှိသည့်အပြင် အရည်များသောက်ခြင်း၊ အစာအိမ်ရောဂါသက်သာဆေးများသောက်ခြင်း၊ အသက်ပြင်းပြင်းရှူခြင်း စသည့်အပြုအမူများဖြင့်လည်း သက်သာအောင်ပြုလုပ်၍မရနိုင်ပေ။

 နှလုံးအောင့်ခြင်းသည် ပုံမှန်အားဖြင့်ငါးမိနစ်ခန့်ကြာမြင့်တတ်၍ (တခါတရံ နာရီဝက်မှ ရှားရှားပါးပါး 2 နာရီထိကြာလေ့ရှိ) အရေးပေါ် အခြေအနေတစ်ခုဖြစ်ခြင်းကြောင့် ကုသမှုကိုချက်ချင်းခံယူသင့်ပါသည်။

အကယ် ၍ရင်ဘတ်အောင့်ခြင်းသည် ခဏတာသာဖြစ်သော်လည်းဆိုးရွားပါက ဆရာဝန်နှင့်တိုင်ပင်သင့်ပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: drmyanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top