Property Expo
×




Credit:Momolay

Unicode Version

အိပ်စက်မှုမူမမှန်တာက လေဖြတ်စေနိုင်တဲ့ အန္တရာယ်မြင့်မားပြီး ပြန်ကောင်းနိုင်ဖို့လည်း ခက်ခဲတယ်လို့ Neurology ဂျာနယ်မှာ ဖော်ပြထားတဲ့ လေ့လာမှု အသစ်တစ်ခုကနေ သိရှိရပါတယ်။ အိပ်စက်မှုမူမမှန်တာကြောင့် လေဖြတ်ခြင်း ပုံစံအမျိုးမျိုးဖြစ်နိုင်ပြီး ၇၂ ရာခိုင်နှုန်းထိ အန္တရာယ် မြင့်မားတယ်လို့ သုတေသီတွေက ဆိုပါတယ်။

ဂျာမနီနိုင်ငံ အက်ဆန်တက္ကသိုလ်ဆေးရုံက သုတေသီတွေက အိပ်မရဖြစ်ခြင်း၊ အိပ်ရေးပျက်ခြင်းနဲ့ လေဖြတ်ခြင်း၊ လေဖြတ်တဲ့ အခြေအနေကနေ ပြန်လည်ကောင်းမွန်ခြင်းတို့အကြား ဆက်စပ်မှုကို လေ့လာမှုပေါင်း ၂၉ ခု ပြုလုပ်ခဲ့ကြပါတယ်။

လူတစ်ယောက်ဟာ ပုံမှန်အားဖြင့် တစ်နေ့ကို အိပ်ချိန် ရှစ်နာရီ ရှိသင့်ပါတယ်။ အိပ်စက်မှု မူမမှန်တာကြောင့် လေဖြတ်ခြင်းပုံစံအမျိုးမျိုး ဖြစ်နိုင်ပြီး ၇၂ ရာခိုင်နှုန်းထိ အန္တရာယ် မြင့်မားတယ်လို့ သုတေသီတွေက ပြောပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Momolay
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top