Kantharyar Centre
×

 ခႏၲီးၿမိဳ႕ ဇီးျဖဴကုန္းရပ္ကြက္ ေဖာင္ဆုိင္ကူးတုိ႔ဆိပ္ကမ္းတြင္ တရားမဝင္ ေက်ာက္စိမ္းသယ္ ေဆာင္သူ အမ်ိဳးသားခုနစ္ဦးကို ဖမ္းမိခဲ့ေၾကာင္း ခႏၲီးၿမိဳ႕မရဲစခန္း မွ သတင္းရရွိသည္။

စက္တင္ဘာ ၁၇ ရက္ မြန္း လြဲ ၁ နာရီ ၁၅ မိနစ္ခန္႔တြင္ ခႏၲီး ၿမိဳ႕ ေက်ာက္စိမ္းတူးေဖာ္ေရးဌာန မွ တာဝန္ရွိသူမ်ား ပါဝင္ေသာ ပူး ေပါင္းအဖြဲ႕သည္ အဆိုပါကူးတုိ႔ ဆိပ္ကမ္းကို ေရွာင္တခင္စစ္ေဆး ခဲ့ရာ တရားမဝင္ ေက်ာက္စိမ္း သယ္ေဆာင္လာသူ အမ်ိဳးသားခုနစ္ဦးကို ဖမ္းဆီးရမိခဲ့ျခင္း ျဖစ္ သည္။

‘‘ခႏၲီးရဲစခန္းမွာ တရားမဝင္ ေက်ာက္စိမ္းသယ္ေဆာင္မႈနဲ႔ အမ်ိဳးသားခုနစ္ဦးကို အမႈေျခာက္ မႈဖြင့္ၿပီး စစ္ေဆးေနပါတယ္။ ခႏၲီး ေက်ာက္မ်က္႐ံုးမွာ အပ္ႏွံျခင္း၊ အခြန္ေပးသြင္းျခင္းမရွိဘဲ တရား မဝင္သယ္ေဆာင္တဲ့အတြက္ ေက်ာက္မ်က္ဥပေဒနဲ႔ အမႈဖြင့္ ထားတာျဖစ္ပါတယ္’’ဟု တာဝန္ က်ရဲအရာရွိတစ္ဦးက ေျပာ သည္။

ခႏၲီးၿမိဳ႕ အထက္ဘက္ရွိ နန္ စီပြန္ေက်ာက္မ်က္ေမွာ္မွ တူးေဖာ္ ထြက္ရွိလာသည့္ ေက်ာက္စိမ္း ေက်ာက္မ်က္မ်ားကို တရား၀င္ စာရြက္၊ စာတမ္း၊ အေထာက္အ ထားမ်ားမပါရွိဘဲ သယ္ေဆာင္ လာသူရွစ္ဦးကို ခ႐ုိင္ရဲတပ္ဖြဲ႕ဦး ေဆာင္သည့္ ပူးေပါင္းအဖြဲ႕မွ ဖမ္း ဆီးခဲ့ၿပီး ခုနစ္ဦးကို ေက်ာက္မ်က္ ဥပေဒပုဒ္မ ၄၂(က)ျဖင့္ အမႈဖြင့္ ထားေၾကာင္း ခႏၲီးၿမိဳ႕နယ္ရဲတပ္ဖြဲ႕ မွ တာ၀န္ရွိသူတစ္ဦးကေျပာ သည္။

‘‘ေက်ာက္စိမ္းေမွာ္ထဲကေန ခႏၲီးကိုလာတဲ့ စက္ေလွေပၚမွာ ဖမ္းတုန္းက ရွစ္ဦးမွာ တစ္ဦးက ေက်ာက္စိမ္းမေတြ႕လို႔ ျပန္လႊတ္ ေပးလိုက္တဲ့အတြက္ ခုနစ္ဦးအ ဖမ္းခံရတယ္။ ေရမေဆးသမား ေတြ ေမွာ္ထဲကအျပန္ ဖမ္းတာ ဆီးတာေတြ လုပ္လာေတာ့ စား ဝတ္ေနေရး အခက္အခဲေတြျဖစ္ ၿပီး ဆူတာပူတာေတြ ျဖစ္လာႏုိင္ တယ္’’ဟု ခႏၲီးၿမိဳ႕ ေဒသခံ ကိုေအာင္ဆန္းျမင့္က ေျပာၾကား သည္။

ရဲတပ္ဖြဲ႕မွ လမ္းတစ္၀က္ ျမစ္ဆိပ္တြင္ ၾကားျဖတ္စစ္ေဆး ကာ ဖမ္းဆီးခဲ့ျခင္းမွာ ဥပေဒႏွင့္မ ညီဘဲ ေဒသခံေရမေဆးေက်ာက္ ရွာေဖြေနသူမ်ားႏွင့္ တစ္ႏုိင္တစ္ပုိင္ ေက်ာက္မ်က္ အေရာင္းအ ၀ယ္ လုပ္ကုိင္ေနသည့္ေက်ာက္ ကုန္သည္မ်ားအေပၚ ၿခိမ္းေျခာက္ သည့္သေဘာျဖစ္ေနေၾကာင္း လႊတ္ေတာ္ကုိယ္စားလွယ္ႏွင့္ ေဒ သခံေက်ာက္မ်က္လုပ္ငန္းလုပ္ ကိုင္ေနသူမ်ားကေျပာသည္။

တရားမဝင္ ေက်ာက္စိမ္း သယ္ေဆာင္လာသူမ်ားမွာ ခႏၲီး ၿမိဳ႕ ဇီးျဖဴကုန္းရပ္ကြက္ေန အမ်ိဳး သားတစ္ဦးထံမွ အေလးခ်ိန္ ၀ ဒသမ ၇ ကီလို ဂရမ္ခန္႔ရွိ ေက်ာက္စိမ္းအ႐ိုင္းတံုး တစ္ထုပ္၊ဟုမၼလင္းၿမိဳ႕နယ္ ထမံသီေက်းရြာေနထိုင္သည့္ အမ်ိဳးသားႏွစ္ဦးထံ မွ အေလးခ်ိန္ ၃ ဒသမ ၆ ကီလိုဂရမ္ခန္႔ပါ ေက်ာက္စိမ္းအ႐ိုင္း တံုးတစ္ထုပ္၊ ကခ်င္ျပည္နယ္၊ ဆာဒံုးၿမိဳ႕၊ အမွတ္(၃) ရပ္ကြက္ေနအမ်ိဳးသားတစ္ဦးထံမွ အေလးခ်ိိန္၃၀ ကီလိုဂရမ္ခန္႔ပါ ေက်ာက္စိမ္းအ႐ိုင္းတုံးတစ္ထုပ္၊ ျမစ္ႀကီးနားၿမိဳ႕ ရန္ပုန္ရပ္ကြက္ေနထိုင္သည့္ အမ်ိဳးသားတစ္ဦးထံမွ အေလးခ်ိန္ တစ္ကီလိုဂရမ္ခန္႔ပါ ေက်ာက္စိမ္းအ႐ိုင္းတံုးတစ္ထုပ္၊ မင္းကင္းၿမိဳ႕ နယ္ ေတာင္တြင္းေက်းရြာေန အမ်ိဳးသားတစ္ဦးထံမွ အေလးခ်ိန္၀ ဒသမ ၃ ကီလိုဂရမ္ ပါ ေက်ာက္စိမ္းအ႐ိုင္းတံုးတစ္ထုပ္၊ က်ိဳင္းတံုၿမိဳ႕ေန အမ်ိဳးသားတစ္ဦးထံမွ အေလး ခ်ိန္ ၁ ဒသမ ၃ ကီလိုဂရမ္ရွိ ေက်ာက္စိမ္းအ႐ိုင္းတံုးတစ္ထုပ္ တုိ႔ကို သိမ္းဆည္းရမိခဲ့သျဖင့္ ခ်ိပ္တံဆိပ္ထုပ္ပိုး၍ ခႏၲီးၿမိဳ႕ ၿမိဳ႕မရဲ စခန္းသို႔ အပ္ႏွံခဲ့ေၾကာင္း ရဲမွတ္ တမ္းအရ သိရွိရသည္။

‘‘ေရမေဆးေက်ာက္ရွာတဲ့ သူေတြကို ဖမ္းဆီးတဲ့ကိစၥ လႊတ္ ေတာ္ကိုယ္စားလွယ္ေတြကို တုိင္ပင္တာမရွိပါဘူး။ ေမွာ္ထဲကေနၿပီး ခႏၲီးကို သယ္လာတဲ့ေနရာမွာ ေက်ာက္မ်က္႐ံုးမွာ အခြန္ေဆာင္ တာ အပ္တာမလုပ္ခင္ ဖမ္းတယ္ ဆုိေတာ့ နားမလည္ေတာ့ဘူး။ ေမွာ္ထဲမွာလည္း ေက်ာက္မ်က္႐ံုး ရွိတာမဟုတ္ေတာ့ ခႏၲီးၿမိဳ႕ကို ေရာက္မွ အခြန္ေဆာင္တာေတြ လုပ္ၿပီး သယ္ေရာင္းၾကတာ။ အခုအဖမ္းခံရတဲ့အထဲမွာ ေက်ာက္ စိမ္းေရာင္းဝယ္တဲ့သူေတြလည္း ပါတယ္’’ဟု ခႏၲီးၿမိဳ႕နယ္ မဲဆႏၵ နယ္ အမွတ္ (၂) တုိင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသိန္းလိႈင္ဝင္းက ေျပာသည္။

အဆုိပါ ခုနစ္ဦးကို ခႏၲီးၿမိဳ႕ ၿမိဳ႕မရဲစခန္းတြင္ ေက်ာက္မ်က္ ဥပေဒပုဒ္မ ၄၂(က)ျဖင့္ စစ္ေဆး ေနေၾကာင္း သတင္းရရွိသည္။

ေဒသခံတစ္ႏုိင္တစ္ပုိင္ လုပ္ကုိင္သူမ်ား နစ္နာေနသည့္ အတြက္ တုိင္းအစုိးရအဖြဲ႕က ေျဖရွင္းေပးႏုိင္ေရး စစ္ကုိင္းတုိင္းေဒသႀကီး၀န္ႀကီးခ်ဳပ္ထံ အေၾကာင္းၾကားထား ယခုကဲ့သုိ႔ဖမ္းဆီးမႈေၾကာင့္ မလုိလားအပ္သည့္ ျပႆနာမ်ားျဖစ္ပြားလာႏုိင္ကာ ရဲတပ္ဖြဲ႕ အေနျဖင့္ တရားမ၀င္ေက်ာက္မ်က္သယ္ေဆာင္မႈမ်ားအား အမွန္တကယ္ဖမ္းဆီးမည္ဆုိလွ်င္ ခႏၲီးၿမိဳ႕အထြက္ေနရာမ်ားတြင္ စိစစ္ဖမ္းဆီးသင့္သည္ဟု ၎ကဆုိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 ခန္တီးမြို့ ဇီးဖြူကုန်းရပ်ကွက် ဖောင်ဆိုင်ကူးတို့ဆိပ်ကမ်းတွင် တရားမဝင် ကျောက်စိမ်းသယ် ဆောင်သူ အမျိုးသားခုနစ်ဦးကို ဖမ်းမိခဲ့ကြောင်း ခန္တီးမြို့မရဲစခန်း မှ သတင်းရရှိသည်။

စက်တင်ဘာ ၁၇ ရက် မွန်း လွဲ ၁ နာရီ ၁၅ မိနစ်ခန့်တွင် ခန္တီး မြို့ ကျောက်စိမ်းတူးဖော်ရေးဌာန မှ တာဝန်ရှိသူများ ပါဝင်သော ပူး ပေါင်းအဖွဲ့သည် အဆိုပါကူးတို့ ဆိပ်ကမ်းကို ရှောင်တခင်စစ်ဆေး ခဲ့ရာ တရားမဝင် ကျောက်စိမ်း သယ်ဆောင်လာသူ အမျိုးသားခုနစ်ဦးကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ် သည်။

‘‘ခန္တီးရဲစခန်းမှာ တရားမဝင် ကျောက်စိမ်းသယ်ဆောင်မှုနဲ့ အမျိုးသားခုနစ်ဦးကို အမှုခြောက် မှုဖွင့်ပြီး စစ်ဆေးနေပါတယ်။ ခန္တီး ကျောက်မျက်ရုံးမှာ အပ်နှံခြင်း၊ အခွန်ပေးသွင်းခြင်းမရှိဘဲ တရား မဝင်သယ်ဆောင်တဲ့အတွက် ကျောက်မျက်ဥပဒေနဲ့ အမှုဖွင့် ထားတာဖြစ်ပါတယ်’’ဟု တာဝန် ကျရဲအရာရှိတစ်ဦးက ပြော သည်။

ခန္တီးမြို့ အထက်ဘက်ရှိ နန် စီပွန်ကျောက်မျက်မှော်မှ တူးဖော် ထွက်ရှိလာသည့် ကျောက်စိမ်း ကျောက်မျက်များကို တရားဝင် စာရွက်၊ စာတမ်း၊ အထောက်အ ထားများမပါရှိဘဲ သယ်ဆောင် လာသူရှစ်ဦးကို ခရိုင်ရဲတပ်ဖွဲ့ဦး ဆောင်သည့် ပူးပေါင်းအဖွဲ့မှ ဖမ်း ဆီးခဲ့ပြီး ခုနစ်ဦးကို ကျောက်မျက် ဥပဒေပုဒ်မ ၄၂(က)ဖြင့် အမှုဖွင့် ထားကြောင်း ခန္တီးမြို့နယ်ရဲတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးကပြော သည်။

‘‘ကျောက်စိမ်းမှော်ထဲကနေ ခန္တီးကိုလာတဲ့ စက်လှေပေါ်မှာ ဖမ်းတုန်းက ရှစ်ဦးမှာ တစ်ဦးက ကျောက်စိမ်းမတွေ့လို့ ပြန်လွှတ် ပေးလိုက်တဲ့အတွက် ခုနစ်ဦးအ ဖမ်းခံရတယ်။ ရေမဆေးသမား တွေ မှော်ထဲကအပြန် ဖမ်းတာ ဆီးတာတွေ လုပ်လာတော့ စား ဝတ်နေရေး အခက်အခဲတွေဖြစ် ပြီး ဆူတာပူတာတွေ ဖြစ်လာနိုင် တယ်’’ဟု ခန္တီးမြို့ ဒေသခံ ကိုအောင်ဆန်းမြင့်က ပြောကြား သည်။

ရဲတပ်ဖွဲ့မှ လမ်းတစ်ဝက် မြစ်ဆိပ်တွင် ကြားဖြတ်စစ်ဆေး ကာ ဖမ်းဆီးခဲ့ခြင်းမှာ ဥပဒေနှင့်မ ညီဘဲ ဒေသခံရေမဆေးကျောက် ရှာဖွေနေသူများနှင့် တစ်နိုင်တစ်ပိုင် ကျောက်မျက် အရောင်းအ ဝယ် လုပ်ကိုင်နေသည့်ကျောက် ကုန်သည်များအပေါ် ခြိမ်းခြောက် သည့်သဘောဖြစ်နေကြောင်း လွှတ်တော်ကိုယ်စားလှယ်နှင့် ဒေ သခံကျောက်မျက်လုပ်ငန်းလုပ် ကိုင်နေသူများကပြောသည်။

တရားမဝင် ကျောက်စိမ်း သယ်ဆောင်လာသူများမှာ ခန္တီး မြို့ ဇီးဖြူကုန်းရပ်ကွက်နေ အမျိုး သားတစ်ဦးထံမှ အလေးချိန် ၀ ဒသမ ၇ ကီလို ဂရမ်ခန့်ရှိ ကျောက်စိမ်းအရိုင်းတုံး တစ်ထုပ်၊ဟုမ္မလင်းမြို့နယ် ထမံသီကျေးရွာနေထိုင်သည့် အမျိုးသားနှစ်ဦးထံ မှ အလေးချိန် ၃ ဒသမ ၆ ကီလိုဂရမ်ခန့်ပါ ကျောက်စိမ်းအရိုင်း တုံးတစ်ထုပ်၊ ကချင်ပြည်နယ်၊ ဆာဒုံးမြို့၊ အမှတ်(၃) ရပ်ကွက်နေအမျိုးသားတစ်ဦးထံမှ အလေးချိန်၃၀ ကီလိုဂရမ်ခန့်ပါ ကျောက်စိမ်းအရိုင်းတုံးတစ်ထုပ်၊ မြစ်ကြီးနားမြို့ ရန်ပုန်ရပ်ကွက်နေထိုင်သည့် အမျိုးသားတစ်ဦးထံမှ အလေးချိန် တစ်ကီလိုဂရမ်ခန့်ပါ ကျောက်စိမ်းအရိုင်းတုံးတစ်ထုပ်၊ မင်းကင်းမြို့ နယ် တောင်တွင်းကျေးရွာနေ အမျိုးသားတစ်ဦးထံမှ အလေးချိန်၀ ဒသမ ၃ ကီလိုဂရမ် ပါ ကျောက်စိမ်းအရိုင်းတုံးတစ်ထုပ်၊ ကျိုင်းတုံမြို့နေ အမျိုးသားတစ်ဦးထံမှ အလေး ချိန် ၁ ဒသမ ၃ ကီလိုဂရမ်ရှိ ကျောက်စိမ်းအရိုင်းတုံးတစ်ထုပ် တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ချိပ်တံဆိပ်ထုပ်ပိုး၍ ခန္တီးမြို့ မြို့မရဲ စခန်းသို့ အပ်နှံခဲ့ကြောင်း ရဲမှတ် တမ်းအရ သိရှိရသည်။

‘‘ရေမဆေးကျောက်ရှာတဲ့ သူတွေကို ဖမ်းဆီးတဲ့ကိစ္စ လွှတ် တော်ကိုယ်စားလှယ်တွေကို တိုင်ပင်တာမရှိပါဘူး။ မှော်ထဲကနေပြီး ခန္တီးကို သယ်လာတဲ့နေရာမှာ ကျောက်မျက်ရုံးမှာ အခွန်ဆောင် တာ အပ်တာမလုပ်ခင် ဖမ်းတယ် ဆိုတော့ နားမလည်တော့ဘူး။ မှော်ထဲမှာလည်း ကျောက်မျက်ရုံး ရှိတာမဟုတ်တော့ ခန္တီးမြို့ကို ရောက်မှ အခွန်ဆောင်တာတွေ လုပ်ပြီး သယ်ရောင်းကြတာ။ အခုအဖမ်းခံရတဲ့အထဲမှာ ကျောက် စိမ်းရောင်းဝယ်တဲ့သူတွေလည်း ပါတယ်’’ဟု ခန္တီးမြို့နယ် မဲဆန္ဒ နယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှိုင်ဝင်းက ပြောသည်။

အဆိုပါ ခုနစ်ဦးကို ခန္တီးမြို့ မြို့မရဲစခန်းတွင် ကျောက်မျက် ဥပဒေပုဒ်မ ၄၂(က)ဖြင့် စစ်ဆေး နေကြောင်း သတင်းရရှိသည်။

ဒေသခံတစ်နိုင်တစ်ပိုင် လုပ်ကိုင်သူများ နစ်နာနေသည့် အတွက် တိုင်းအစိုးရအဖွဲ့က ဖြေရှင်းပေးနိုင်ရေး စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ထံ အကြောင်းကြားထား ယခုကဲ့သို့ဖမ်းဆီးမှုကြောင့် မလိုလားအပ်သည့် ပြဿနာများဖြစ်ပွားလာနိုင်ကာ ရဲတပ်ဖွဲ့ အနေဖြင့် တရားမဝင်ကျောက်မျက်သယ်ဆောင်မှုများအား အမှန်တကယ်ဖမ်းဆီးမည်ဆိုလျှင် ခန္တီးမြို့အထွက်နေရာများတွင် စိစစ်ဖမ်းဆီးသင့်သည်ဟု ၎င်းကဆိုသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top