Kantharyar Centre
×

ၿဗိတိန္ႏိုင္ငံကို သံုးရက္ၾကာခရီးစဥ္အျဖစ္ေရာက္ရွိေနတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္း စုၾကည္ဟာ ဒီကေန႔ တနလၤာေန႔မွာ Royal College of Defence Studies လို႔ေခၚတဲ့ ေတာ္၀င္ဗိုလ္ ေလာင္း ေကာလိပ္ေက်ာင္းကို သြားေရာက္ၾကည့္ရွဳမွာျဖစ္ပါတယ္။
လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈေတြရွိေနတယ္လို႔ စြပ္စဲြခံေနရတဲ့ ျမန္မာစစ္တပ္ကို သင္တန္း ေတြေပးေနတဲ့အတြက္ ၿဗိတိန္အစိုးရကို ၿဗိတိန္ပါလီမန္အမတ္ေတြ၊ လူ႔အခြင့္အေရးအဖဲြ႕ေတြက ေ၀ဖန္ကန္႔ကြက္ေနခ်ိန္မွာ အခုလို ေဒၚေအာင္ဆန္းစုၾကည္ကို ၿဗိတိန္စစ္သင္တန္းေက်ာင္းကို ေခၚယူျပသတာျဖစ္ပါတယ္။မအင္ၾကင္းႏိုင္က အျပည့္အစံုကို ေျပာျပမွာပါ။

ျမန္မာစစ္တပ္ကို အကန္႔အသတ္မရွိသင္တန္းေတြေပးေနတဲ့ ၿဗိတိန္အစိုးရဟာ အဲဒီအတြက္ ဘတ္ဂ်က္ေငြ အေမရိကန္ေဒၚလာ (၅)သိန္းေက်ာ္ သံုးစဲြခဲ့ၿပီးေၾကာင္း လန္ဒန္အေျခစိုက္ ျမန္မာ့အေရးလႈပ္ရွားေနတဲ့ Burma Campaign UK ရဲ႕ ညြန္ၾကားေရးမွဴး Mark Farmaner ကေျပာပါတယ္။

ဒီကိစၥနဲ႔ပတ္သက္လို႔ အျငင္းပြားစရာျဖစ္ေနတဲ့အခ်ိန္မွာ ၿဗိတိန္ႏိုင္ငံကို ေရာက္ရွိေနတဲ့ ေဒၚေအာင္ဆန္းစုၾကည္ကို အခုလို ၿဗိတိန္ေတာ္၀င္စစ္တကၠသိုလ္ တခုကို ေခၚယူျပသတဲ့ ၿဗိတိန္အစိုးရ ရဲ႕ ရည္ရြယ္ခ်က္ကို လူ႔အခြင့္အေရးအဖဲြ႕ေတြဘက္က ေမးခြန္းထုတ္စရာျဖစ္ေနတယ္လို႔ Mark Farmaner က ဗီြအိုေအကို ေျပာပါတယ္။

“ျမန္မာစစ္တပ္ကို သင္တန္းေတြေပးေနတဲ့ကိစၥဟာ အျငင္းပြားစရာျဖစ္ေနတဲ့အတြက္ ၿဗိတိန္အစိုးရကေန ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ခရီးစဥ္အတြင္း စစ္တကၠသိုလ္ေက်ာင္းတခု လိုက္ျပဖို႔ စီစဥ္လိုက္တာျဖစ္တယ္လို႔ က်ေနာ္ျမင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ၿဗိတိန္အစိုးရက သူတို႔ ရင္ဆိုင္ေနရတဲ့ ေမးခြန္းေတြအတြက္ အေျဖမေပးႏိုင္တဲ့အေပၚမွာ ဖံုးကြယ္ဖို႔ ေဒၚေအာင္ဆန္းစု ၾကည္ကို အသံုးခ်လိုက္တာျဖစ္ပါတယ္။ ျမန္မာစစ္တပ္ကို ႏွစ္ႏွစ္ၾကာ သင္တန္းေတြေပးၿပီးတဲ့ေနာက္ ဘယ္လိုအက်ဳိးရလာဒ္ေတြရလာသလဲဆိုတဲ့ ေမးခြန္းအတြက္ သူတို႔မွာ အေျဖမရွိေသးပါဘူး။”

တိုင္းရင္းသားေဒသေတြမွာ ျမန္မာစစ္တပ္ရဲ႕ လိင္ပိုင္းဆိုင္ရာအၾကမ္းဖက္က်ဴးလြန္မႈေတြရပ္ဆိုင္းေရး၊ ေနာက္ ၂၀၀၈ ဖဲြ႕စည္းပံုအေျခခံဥပေဒျပဳျပင္ေျပာင္းလဲဖို႔ကို သေဘာတူေရး စတဲ့ အခ်က္ေတြနဲ႔ အေပးအယူမလုပ္ပဲ ၿဗိတိန္အစိုးရက ျမန္မာစစ္တပ္ကို ကန္႔သတ္ခ်က္မရွိ သင္တန္းေတြေပးေနတာျဖစ္တယ္လို႔ Mark Farmaner ကေျပာပါတယ္။

“ျမန္မာစစ္တပ္ကို သင္တန္းေတြေပးတဲ့အတြက္ ဘယ္လိုအက်ဳိးရလာဒ္ေတြ ထြက္လာသလဲဆိုတာ သူတို႔မေျပာႏိုင္ေပမဲ့ ဒီလိုသင္တန္းေတြကို ဆက္ၿပီးေပးဖို႔ ၿဗိတိန္အစိုးရဘက္က ဆံုးျဖတ္ထားတာပါ။ ဒါေၾကာင့္လဲ ၿဗိတိန္ပါလီအမတ္ေတြ၊ ႏိုင္ငံတကာလူ႔အဖဲြ႕အေရးအဖဲြ႕ေတြက ေ၀ဖန္ကန္႕ကြက္မႈေတြကို ကာကြယ္ဖို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အခ်ိန္တိုေတာင္းတဲ့ခရီးစဥ္အတြင္းမွာ သူ႔ကို ၿဗိတိန္အစိုးရက အသံုးခ်တယ္လို႔ ျမင္ပါတယ္။”

ဒါေပမယ့္ ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ အခုလို ၿဗိတိန္ႏိုင္ငံရဲ႕ ေတာ္၀င္ စစ္တကၠသိုလ္ေက်ာင္းတခုကို သြားေရာက္ၾကည့္ရွဳေလ့လာတဲ့အတြက္ ျမန္မာစစ္တပ္ ျပဳျပင္ေျပာင္းလဲေရးမွာ အေထာက္အကူျဖစ္ေစႏိုင္တယ္လို႔ျမင္ေၾကာင္း ၿဗိတိန္အေျခစိုက္ ကခ်င္အမ်ဳိးသားအစည္းအရံုး ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီ၀င္တဦးျဖစ္တဲ့ ဒူး၀ါး မက္ေခၚခြန္ဆာက ေျပာပါတယ္။

“က်ေနာ္တို႔ တိုင္းျပည္ရဲ႕ ႏိုင္ငံေရးအေျခအေနအရဆိုရင္ တပ္မေတာ္ကို ျပဳျပင္ေျပာင္းလဲဖို႔ဆိုတဲ့အပိုင္းက ေတာ္ေတာ္အေရးႀကီးတယ္ေလ။ အေရးႀကီးတယ္ဆိုတဲ့အခါက်ေတာ့ အဲဒီမွာ Academy ေပါ့ေနာ္ က်ေနာ္တို႔ ႏိုင္ငံမွာဆိုရင္ ဗိုလ္ေလာင္းသင္တန္း ေပါ့ဗ်ာ။ ဒီ ဗိုလ္ေလာင္းသင္တန္းရဲ႕coach ေတြဘာေတြက အရမ္းအေရးႀကီးတယ္ေပါ့ဗ်ာ။ ဘာလဲဆုိေတာ့ ဒီမိုကေရစီစနစ္မွာဆိုရင္လည္း စစ္တပ္ဟာ အရပ္သားအစိုးရေပါ့ေနာ္ ျပည္သူလူထုက ေရြးခ်ယ္တင္ေျမာက္တ့ဲ အစိုးရရဲ႕ ေအာက္မွာ သူတို႔ကေနၿပီးေတာ့မွ လက္ရုံး၀န္ထမ္းေပါ့ဗ်ာ၊ ကာကြယ္ေရး၀န္ထမ္း အေနနဲ႔ ထမ္းေဆာင္ရမွာျဖစ္တယ္။ ျဖစ္ၾကရမွာ ဆိုတဲ့အခါက်ေတာ့ အခုဒီ ၿဗိတိန္က Academy ကိုသြားတယ္ဆိုတဲ့အခါက်ေတာ့ အေကာင္းျမင္၀ါဒအေနနဲ႔ ၾကည့္မယ္ဆိုရင္ေတာ့ ေကာင္းပါတယ္။ သူတို႔ ဘယ္လိုဗိုလ္ေလာင္းေတြကို ဘယ္လို Train လုပ္တယ္ ၊ concept ေတြက ဘယ္လိုရွိတယ္ဆိုတာကို သြားေရာက္ေလ႔လာတယ္ဆိုတာကေတာ့ ေကာင္းတဲ့ ကိစၥပါ။”

တဆက္တည္းပဲ တိုင္းရင္းသားေဒသေတြမွာ လက္ရွိ ျမန္မာစစ္တပ္ရဲ႕ ထုိးစစ္ေတြကိုရပ္ဖို႔အတြက္ အေသအခ်ာေဆာင္ရြက္ေပးဖို႔ လိုေၾကာင္း သူကအခုလိုေျပာပါတယ္။

“ဒီကေန႔ က်ေနာ္တို႔က ၂၁ ရာစုပင္လံုညီလာခံဆိုတဲ့ ဟာကို က်ေနာ္တို႔က အခု စၿပီေပါ့ဗ်ာ၊ စၿပီးလုပ္ေနၿပီေပါ့။ စလုပ္ေနၿပီဆိုတဲ့အခါမွာ တပ္မေတာ္ ေခါင္းေဆာင္ပိုင္းေတြကေျပာတာေတာ့ တကယ့္ၿငိမ္းခ်မ္းေရးကို အစစ္အမွန္ လိုခ်င္တဲ့ ဆႏၵရွိဖို႔လိုတယ္ ဆိုၿပီးေတာ့မွ တိုင္းရင္းသားလက္နက္ကိုင္ ေတာ္လွန္ေရးတပ္ဖြဲ႔ေတြကို သူကေျပာတယ္။ က်ေနာ္လည္းျပန္ေမးမယ္ တပ္မေတာ္ကေကာ တကယ္တမ္း စစ္မွန္တဲ့ ၿငိမ္းခ်မ္းေရးကိုလိုခ်င္သလား က်ေနာ္လည္း ျပန္ေမးမယ္ေလ။ ျပန္ေမးမယ္ဆိုရင္ တပ္မေတာ္က တကယ္တမ္း စစ္မွန္တ့ဲ ၿငိမ္းခ်မ္းေရးကိုလိုခ်င္တယ္ဆိုရင္ ဘာေၾကာင့္မို႔လို႔ နယ္ေျမစိုးမိုးေရးကို ဦးတည္တဲ့ ထိုးစစ္ေတြကို လုပ္ေနရသလဲ ၊ ဒါေတြကို ရပ္ဖို႔လိုတယ္။”

မေန႔ တနဂၤေႏြေန႔က ေဒၚေအာင္ဆန္းစုၾကည္ဟာ လန္ဒန္ၿမိဳ႕ ျမန္မာသံရံုးမွာ ဥေရာပ၊ အေရွ႕အလယ္ပိုင္းနဲ႔ အာဖရိကႏိုင္ငံေတြက ျမန္မာသံအမတ္ႀကီး (၁၂)ဦးနဲ႔ေတြ႕ဆံုရာမွာ ျမန္မာႏိုင္ငံရဲ႕ ၿငိမ္းခ်မ္းေရးျဖစ္စဥ္နဲ႔ပတ္သက္လို႔ ေဆြးေႏြးေျပာဆိုခဲ့သလို ႏိုင္ငံတကာနဲ႔ ခ်စ္ၾကည္ရင္းႏွီးစြာဆက္ဆံႏိုင္ေရး ဘက္မလိုက္ႏိုင္ငံျခားေရးမူ၀ါဒကို NLD အစိုးရအေနနဲ႔ ခ်မွတ္က်င့္သံုးေနေၾကာင္း ေျပာၾကားခဲ့ပါတယ္။ ဒါအျပင္ ျမန္မာသံရံုးေတြအေနနဲ႔ မိမိတို႔ေရာက္ရွိေနတဲ့ ႏိုင္ငံေတြက ျမန္မာႏိုင္ငံသားေတြရဲ႕ အက်ဳိးစီးပြားကို ကာကြယ္ေစာင့္ေရွာက္ဖို႔ ေဒၚေအာင္ဆန္းစုၾကည္က မွာၾကားခဲ့ပါတယ္။

တနလၤာေန႔မွာ ေဒၚေအာင္ဆန္းစုၾကည္ဟာ ႏိုင္ငံျခားေရး၀န္ႀကီး Boris Johnson နဲ႔လည္း ေတြ႕ဆံုဖို႔ရွိသလို အဂၤါေန႔မွာ ၿဗိတိန္၀န္ႀကီးခ်ဳပ္ ထရီစာေမနဲ႔ေတြ႕ဆံုမွာျဖစ္ပါတယ္။ အဲဒီေနာက္ အေမရိကန္ျပည္ေထာင္စုကို ဆက္လက္ထြက္ခြာမွာျဖစ္ၿပီး စက္တင္ဘာလ (၁၄)ရက္ေန႔မွာ အေမရိကန္သမၼတ အိုဘားမားနဲ႔ အိမ္ျဖဳေတာ္မွာေတြ႕ဆံုမွာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:VOA Burmese

#Unicode Version
ဗြိတိန်နိုင်ငံကို သုံးရက်ကြာခရီးစဉ်အဖြစ်ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ဟာ ဒီကနေ့ တနင်္လာနေ့မှာ Royal College of Defence Studies လို့ခေါ်တဲ့ တော်ဝင်ဗိုလ် လောင်း ကောလိပ်ကျောင်းကို သွားရောက်ကြည့်ရှုမှာဖြစ်ပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ်လို့ စွပ်စွဲခံနေရတဲ့ မြန်မာစစ်တပ်ကို သင်တန်း တွေပေးနေတဲ့အတွက် ဗြိတိန်အစိုးရကို ဗြိတိန်ပါလီမန်အမတ်တွေ၊ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ကန့်ကွက်နေချိန်မှာ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို ဗြိတိန်စစ်သင်တန်းကျောင်းကို ခေါ်ယူပြသတာဖြစ်ပါတယ်။မအင်ကြင်းနိုင်က အပြည့်အစုံကို ပြောပြမှာပါ။

မြန်မာစစ်တပ်ကို အကန့်အသတ်မရှိသင်တန်းတွေပေးနေတဲ့ ဗြိတိန်အစိုးရဟာ အဲဒီအတွက် ဘတ်ဂျက်ငွေ အမေရိကန်ဒေါ်လာ (၅)သိန်းကျော် သုံးစွဲခဲ့ပြီးကြောင်း လန်ဒန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားနေတဲ့ Burma Campaign UK ရဲ့ ညွန်ကြားရေးမှူး Mark Farmaner ကပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ အငြင်းပွားစရာဖြစ်နေတဲ့အချိန်မှာ ဗြိတိန်နိုင်ငံကို ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ဗြိတိန်တော်ဝင်စစ်တက္ကသိုလ် တခုကို ခေါ်ယူပြသတဲ့ ဗြိတိန်အစိုးရ ရဲ့ ရည်ရွယ်ချက်ကို လူ့အခွင့်အရေးအဖွဲ့တွေဘက်က မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ Mark Farmaner က ဗွီအိုအေကို ပြောပါတယ်။

“မြန်မာစစ်တပ်ကို သင်တန်းတွေပေးနေတဲ့ကိစ္စဟာ အငြင်းပွားစရာဖြစ်နေတဲ့အတွက် ဗြိတိန်အစိုးရကနေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်း စစ်တက္ကသိုလ်ကျောင်းတခု လိုက်ပြဖို့ စီစဉ်လိုက်တာဖြစ်တယ်လို့ ကျနော်မြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗြိတိန်အစိုးရက သူတို့ ရင်ဆိုင်နေရတဲ့ မေးခွန်းတွေအတွက် အဖြေမပေးနိုင်တဲ့အပေါ်မှာ ဖုံးကွယ်ဖို့ ဒေါ်အောင်ဆန်းစု ကြည်ကို အသုံးချလိုက်တာဖြစ်ပါတယ်။ မြန်မာစစ်တပ်ကို နှစ်နှစ်ကြာ သင်တန်းတွေပေးပြီးတဲ့နောက် ဘယ်လိုအကျိုးရလာဒ်တွေရလာသလဲဆိုတဲ့ မေးခွန်းအတွက် သူတို့မှာ အဖြေမရှိသေးပါဘူး။”

တိုင်းရင်းသားဒေသတွေမှာ မြန်မာစစ်တပ်ရဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ကျူးလွန်မှုတွေရပ်ဆိုင်းရေး၊ နောက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲဖို့ကို သဘောတူရေး စတဲ့ အချက်တွေနဲ့ အပေးအယူမလုပ်ပဲ ဗြိတိန်အစိုးရက မြန်မာစစ်တပ်ကို ကန့်သတ်ချက်မရှိ သင်တန်းတွေပေးနေတာဖြစ်တယ်လို့ Mark Farmaner ကပြောပါတယ်။

“မြန်မာစစ်တပ်ကို သင်တန်းတွေပေးတဲ့အတွက် ဘယ်လိုအကျိုးရလာဒ်တွေ ထွက်လာသလဲဆိုတာ သူတို့မပြောနိုင်ပေမဲ့ ဒီလိုသင်တန်းတွေကို ဆက်ပြီးပေးဖို့ ဗြိတိန်အစိုးရဘက်က ဆုံးဖြတ်ထားတာပါ။ ဒါကြောင့်လဲ ဗြိတိန်ပါလီအမတ်တွေ၊ နိုင်ငံတကာလူ့အဖွဲ့အရေးအဖွဲ့တွေက ဝေဖန်ကန့်ကွက်မှုတွေကို ကာကွယ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အချိန်တိုတောင်းတဲ့ခရီးစဉ်အတွင်းမှာ သူ့ကို ဗြိတိန်အစိုးရက အသုံးချတယ်လို့ မြင်ပါတယ်။”

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခုလို ဗြိတိန်နိုင်ငံရဲ့ တော်ဝင် စစ်တက္ကသိုလ်ကျောင်းတခုကို သွားရောက်ကြည့်ရှုလေ့လာတဲ့အတွက် မြန်မာစစ်တပ် ပြုပြင်ပြောင်းလဲရေးမှာ အထောက်အကူဖြစ်စေနိုင်တယ်လို့မြင်ကြောင်း ဗြိတိန်အခြေစိုက် ကချင်အမျိုးသားအစည်းအရုံး ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တဦးဖြစ်တဲ့ ဒူးဝါး မက်ခေါ်ခွန်ဆာက ပြောပါတယ်။

“ကျနော်တို့ တိုင်းပြည်ရဲ့ နိုင်ငံရေးအခြေအနေအရဆိုရင် တပ်မတော်ကို ပြုပြင်ပြောင်းလဲဖို့ဆိုတဲ့အပိုင်းက တော်တော်အရေးကြီးတယ်လေ။ အရေးကြီးတယ်ဆိုတဲ့အခါကျတော့ အဲဒီမှာ Academy ပေါ့နော် ကျနော်တို့ နိုင်ငံမှာဆိုရင် ဗိုလ်လောင်းသင်တန်း ပေါ့ဗျာ။ ဒီ ဗိုလ်လောင်းသင်တန်းရဲ့coach တွေဘာတွေက အရမ်းအရေးကြီးတယ်ပေါ့ဗျာ။ ဘာလဲဆိုတော့ ဒီမိုကရေစီစနစ်မှာဆိုရင်လည်း စစ်တပ်ဟာ အရပ်သားအစိုးရပေါ့နော် ပြည်သူလူထုက ရွေးချယ်တင်မြောက်တဲ့ အစိုးရရဲ့ အောက်မှာ သူတို့ကနေပြီးတော့မှ လက်ရုံးဝန်ထမ်းပေါ့ဗျာ၊ ကာကွယ်ရေးဝန်ထမ်း အနေနဲ့ ထမ်းဆောင်ရမှာဖြစ်တယ်။ ဖြစ်ကြရမှာ ဆိုတဲ့အခါကျတော့ အခုဒီ ဗြိတိန်က Academy ကိုသွားတယ်ဆိုတဲ့အခါကျတော့ အကောင်းမြင်ဝါဒအနေနဲ့ ကြည့်မယ်ဆိုရင်တော့ ကောင်းပါတယ်။ သူတို့ ဘယ်လိုဗိုလ်လောင်းတွေကို ဘယ်လို Train လုပ်တယ် ၊ concept တွေက ဘယ်လိုရှိတယ်ဆိုတာကို သွားရောက်လေ့လာတယ်ဆိုတာကတော့ ကောင်းတဲ့ ကိစ္စပါ။”

တဆက်တည်းပဲ တိုင်းရင်းသားဒေသတွေမှာ လက်ရှိ မြန်မာစစ်တပ်ရဲ့ ထိုးစစ်တွေကိုရပ်ဖို့အတွက် အသေအချာဆောင်ရွက်ပေးဖို့ လိုကြောင်း သူကအခုလိုပြောပါတယ်။

“ဒီကနေ့ ကျနော်တို့က ၂၁ ရာစုပင်လုံညီလာခံဆိုတဲ့ ဟာကို ကျနော်တို့က အခု စပြီပေါ့ဗျာ၊ စပြီးလုပ်နေပြီပေါ့။ စလုပ်နေပြီဆိုတဲ့အခါမှာ တပ်မတော် ခေါင်းဆောင်ပိုင်းတွေကပြောတာတော့ တကယ့်ငြိမ်းချမ်းရေးကို အစစ်အမှန် လိုချင်တဲ့ ဆန္ဒရှိဖို့လိုတယ် ဆိုပြီးတော့မှ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေကို သူကပြောတယ်။ ကျနော်လည်းပြန်မေးမယ် တပ်မတော်ကကော တကယ်တမ်း စစ်မှန်တဲ့ ငြိမ်းချမ်းရေးကိုလိုချင်သလား ကျနော်လည်း ပြန်မေးမယ်လေ။ ပြန်မေးမယ်ဆိုရင် တပ်မတော်က တကယ်တမ်း စစ်မှန်တဲ့ ငြိမ်းချမ်းရေးကိုလိုချင်တယ်ဆိုရင် ဘာကြောင့်မို့လို့ နယ်မြေစိုးမိုးရေးကို ဦးတည်တဲ့ ထိုးစစ်တွေကို လုပ်နေရသလဲ ၊ ဒါတွေကို ရပ်ဖို့လိုတယ်။”

မနေ့ တနင်္ဂနွေနေ့က ဒေါ်အောင်ဆန်းစုကြည်ဟာ လန်ဒန်မြို့ မြန်မာသံရုံးမှာ ဥရောပ၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကနိုင်ငံတွေက မြန်မာသံအမတ်ကြီး (၁၂)ဦးနဲ့တွေ့ဆုံရာမှာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်လို့ ဆွေးနွေးပြောဆိုခဲ့သလို နိုင်ငံတကာနဲ့ ချစ်ကြည်ရင်းနှီးစွာဆက်ဆံနိုင်ရေး ဘက်မလိုက်နိုင်ငံခြားရေးမူဝါဒကို NLD အစိုးရအနေနဲ့ ချမှတ်ကျင့်သုံးနေကြောင်း ပြောကြားခဲ့ပါတယ်။ ဒါအပြင် မြန်မာသံရုံးတွေအနေနဲ့ မိမိတို့ရောက်ရှိနေတဲ့ နိုင်ငံတွေက မြန်မာနိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့ ဒေါ်အောင်ဆန်းစုကြည်က မှာကြားခဲ့ပါတယ်။

တနင်္လာနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားရေးဝန်ကြီး Boris Johnson နဲ့လည်း တွေ့ဆုံဖို့ရှိသလို အင်္ဂါနေ့မှာ ဗြိတိန်ဝန်ကြီးချုပ် ထရီစာမေနဲ့တွေ့ဆုံမှာဖြစ်ပါတယ်။ အဲဒီနောက် အမေရိကန်ပြည်ထောင်စုကို ဆက်လက်ထွက်ခွာမှာဖြစ်ပြီး စက်တင်ဘာလ (၁၄)ရက်နေ့မှာ အမေရိကန်သမ္မတ အိုဘားမားနဲ့ အိမ်ဖြုတော်မှာတွေ့ဆုံမှာဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:VOA Burmese
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top