Kantharyar Centre
×







Credit:7Day Daily

#Unicode Version
ချစ်သူ အော်လန်ဒိုဘလွန်းရှိရာသို့ ခရီး ဝေးကားမောင်းပြီး   သွားရောက် တွေ့ဆုံနေရသဖြင့် စိတ်ပျက်မိ ကြောင်း အမေရိကန်ပေါ့ပ်၊ ရော့ခ်အဆိုတော် ကေတီပယ်ရီက ရင်ဖွင့်ပြောကြားသည်။

ဗြိတိန်မင်းသား အော်လန်ဒို ဘလွန်းနှင့် ဖေဖော်ဝါရီ ၁၆ ရက် ကတည်းက ချစ်သူဖြစ်နေသော ကေတီပယ်ရီသည် ဆန်တာဘာ ဘာရာမြို့တွင် နေထိုင်ပြီး ဘလွန်းက ယင်းမြို့မှ တစ်နာရီကျော်ကြာ ကားမောင်းသွားရသည့် မာလီဘူ မြို့ ကမ်းခြေတွင် နေထိုင်သူဖြစ် သည်။

ယင်းခရီးသည် အလွန်ဝေး လွန်းကာ မြို့ထဲတွင် နေသူများ မည်သူမျှ ယင်းနေရာသို့ သွား ရောက် တွေ့ဆုံမည်မဟုတ်ဟု ကေတီပယ်ရီက ပြောသည်။

ဆန်တာဘာဘာရာမြို့၏ ဆင်းရဲသား ရပ်ကွက်တွင် ဘုရား ကျောင်းဝန်ထမ်းမိဘနှစ်ပါးမှ မွေးဖွားလာသည့် ကေတီပယ်ရီ က မွေးရပ်မြို့ကို ချစ်မြတ်နိုးသည်ဟုလည်း ပြောသည်။

'Pirates of the Caribbean' ဇာတ်ကား မင်းသားဘလွန်းသည် ကေတီပယ်ရီနှင့် တွေ့ဆုံရာတွင် အချိန်ကို နှစ်ဦးညှိနှိုင်းပြီး ချိန်း တွေ့နေကာ ကေတီပယ်ရီမြို့ထဲ သို့ သွားစရာရှိသောအချိန်မျိုး၌ လည်း အဖော်လိုက်ပါပေးလေ့ရှိ သည်။

ကေတီပယ်ရီသည် ရပ်ဆဲလ်ဘရန်းနှင့် ၂၀၁၀ မှ ၂၀၁၂ အထိ အိမ်ထောင်ပြုခဲ့ကာ ဂျွန်မေဟာနှင့် ၂၀၁၅ က တွဲလိုက် ကွဲလိုက်ဖြစ်ခဲ့ပြီးနောက် အော်လန်ဒိုဘလွန်းနှင့် လက်ရှိတွင် ချစ်ကြိုက်နေသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top