Kantharyar Centre
×

ကခ်င္ျပည္နယ္ ဖားကန္႔ေဒသမွာ တရားမ၀င္ေက်ာက္စိမ္းတူးေဖာ္ရင္၊ လက္၀ယ္ထားရိွရင္ ဥပေဒအရ ေထာင္၁ႏွစ္ကေန ၇ႏွစ္အထိခ်မွတ္မယ္ဆိုတဲ့ တားျမစ္မိန္႔ေတြ ထုတ္ျပန္လုိက္တာေၾကာင့္ တပိုင္တႏိုင္ လုပ္ကိုင္ စားေသာက္ေနတဲ့ ေဒသခံေတြနဲ႔ ေရမေဆးေက်ာက္ရွာေဖြသူ သိန္းနဲ႔ခ်ီၿပီး ထိခုိက္မယ့္ အေျခအေန ရိွေနပါတယ္။ ဒီကန္႔သတ္ခ်က္ကို အာဏာပိုင္ေတြဖက္က တင္းတင္းက်ပ္က်ပ္ ေဆာင္ရြက္လာမယ္ဆုိရင္ေတာ့ ေဒသတြင္းမွာ ရာဇ၀တ္မႈေတြ ထူေျပာလာတာနဲ႔ ဆႏၵျပတာေတြျဖစ္ေပၚလာမယ့္အေျခအေန ရိွေနပါတယ္။ ဒီသတင္းကိုေတာ့ ဗြီအုိေအျမန္မာပိုင္းရဲ့သတင္းေထာက္ ကိုမုိးေဇာ္ကတင္ျပထားပါတယ္။

ဖားကန္႔ေဒသမွာ ေရမေဆးေက်ာက္ရွာေဖြသူေတြေၾကာင့္ ေက်ာက္စိမ္းတူးေဖာ္တ့ဲကုမၸဏီေတြ ထိခုိက္ေၾကာင္း အမ်ိဳးသားလႊတ္ေတာ္မွာ ၾသဂုတ္လအတြင္းက ေမးျမန္းေဆြးေႏြးၿပီးတဲ့ ဒီလုိ တားျမစ္ ကန္႔သတ္တာေတြကို ေဆာင္ရြက္လာတာျဖစ္ပါတယ္။

ေလာေလာဆည္ ေက်ာက္စိမ္းလုပ္ငန္းအေပၚ ကန္႔သတ္လုိက္တဲ့အေျခအေနကို ဖားကန္႔ေဒသက ဌာေနတုိင္းရင္းသားတဦးျဖစ္တဲ့ ဦးလေမာင္လေတာင္က အခုလုိ ေျပာပါတယ္။

“ပုဒ္မ ၄၁ က၊ ခ ေပါ့ဗ်ာ တရားမ၀င္ ေက်ာက္စိမ္းတူးေဖာ္တယ္ဆို၇င္ ၊ ၿပီးေတာ့ အဲဒီေက်ာက္စိမ္းလက္၀ယ္ထားရွိရင္ ေထာင္ ၃ ႏွစ္ကေန ၇ ႏွစ္ဆိုၿပီး ေရးခ်ိတ္ထားတယ္ေလ။ အဲဒီၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးရံုးေရွ႕မွာေရာ ၊ ေက်ာက္စိမ္းရံုးေရွ႕မွာေရာ အဲဒီလို ေရးတပ္ထားတာေတြ႔တယ္။”

ဒီလိုထုတ္ျပန္လုိက္တဲ့အတြက္ ေဒသခံဌာေနျပည္သူေတြအတြက္အပါအခက္အခဲေတြလာႏိုင္တယ္လို႔ ဆက္ေျပာ ပါတယ္။

“က်ေနာ္တို႔ ဌာေနျပည္သူေတြက ဒီေက်ာက္စိမ္းကိုပဲ အဓိက ထားေတာ့တာေလ။ အရင္တုန္းကက်ေတာ့ ေတာင္ယာလုပ္တာတို႔ ၊ ဥယ်ာဥ္လုပ္တာေတာ့ရွိတယ္။ ဒါေပမယ့္ အခု ကုမၸဏီေခတ္ေရာက္လာေတာ့ က်ေနာ္တို႔ ဥယ်ာဥ္ေတြဘာေတြ အားလံုး ေက်ာက္စိမ္းကုမၸဏီေတြက နည္းမ်ိဳးစံုသံုးၿပီးေတာ့ သိမ္းလိုက္တာတို၊႔ အဲဒီေနရာေတြမွာ ကုမၸဏီေထာင္လိုက္တာတို႔ရွိတဲ့အခါက်ေတာ့ က်ေနာ္တို႔ ဌာေနျပည္သူေတြက ဘာမွ လုပ္ကိုင္စားေသာက္ရမယ့္ ေနရာေတြမရွိေတာ့ဘူး ။ ဒီဘာမွမဟုတ္တဲ့ ေက်ာက္စိမ္းေလးကို က်ေနာ္တို႔ ရွာေဖြစားေသာက္ေနတာကို အစိုးရက အဲဒီလိုလုပ္လိုက္တယ္ဆိုတဲ့အခါက်ေတာ့ ဒါတမင္ က်ေနာ္တို႔ ကို အႏိုင္က်င့္တယ္လို႔ပဲ အဲလိုေျပာရမလိုျဖစ္ေနၿပီေလ။ ကုမၸဏီေတြမွာ ရဲေတြ ၊ စစ္တပ္ေတြ အေစာင့္ေတြထားတဲ့အရ ဒီ ကုမၸဏီကို အဓိကထားၿပီးေတာ့ အကာအကြယ္ေပးတယ္လို႔ က်ေနာ္တို႔ျမင္တယ္။”

ေလာေလာဆည္မွာေတာ့ ေရမေဆးေက်ာက္ရွာေဖြတာနဲ႔ ေက်ာက္စိမ္းေရာင္း၀ယ္ေရးလုပ္ငန္းေတြဟာ ဆက္လက္ရိွေနဆဲျဖစ္ၿပီး အာဏာပိုင္ေတြဖက္က တျဖည္းျဖညး္ခ်င္းတင္းက်ပ္လာမယ့္ အေျခအေန ရိွေၾကာင္း လည္း သံုးသပ္ပါတယ္။

ဒီလုိ တားျမစ္လိုက္တာေၾကာင့္ ဖားကန္႔ေဒသက အလြတ္သတင္းေထာက္ ကိုေဇာ္မိုးထက္ကေတာ့ ဖားကန္႔ေဒသမွာေနထုိင္ေနတဲ့ သိန္းနဲ႔ ခ်ီတဲ့ လူေတြကို ထိခုိက္ေစႏိုင္ေၾကာင္း ေျပာပါတယ္။

“ထိခိုက္တာကေတာ့ ကုမၸဏီကလြဲရင္ အကုန္ထိခိုက္တယ္။ ဘာလိုလဲဆိုေတာ့ ဒီမွာက ေရမေဆးကိုပဲ အေျခခံၿပီး ဒီမွာရွိတဲ့ ေဒသခံေတြက စာ၀တ္ေနေရး ဒါကိုပဲ အဓိကထားၿပီးေတာ့ လုပ္ေနတာဆိုေတာ့ ။ ေက်ာက္စိမ္းတူးေဖာ္ေရးကုမၸဏီ ေတြက သူတို႔က လိုင္စင္ရွိတဲ့သေဘာမ်ိဳးျဖစ္သြားၿပီးေတာ့ သူတို႔ကေက်ာက္ သယ္ခြင့္ျပဳခြင့္ရတယ္ဗ်ာ။ သာမန္ လက္လုပ္လက္စားေတြက ေရမေဆးေက်ာက္ကိုေတာင္မွာ ကိုင္ေဆာင္ၿပီးေရာင္း၀ယ္ခြင့္မရွိဘူးဆိုတဲ့ သေဘာသက္ေရာက္သြားတာေလ။ ဦးေရအားျဖင့္ က်ေနာ္တို႔ ေမွာ္ထဲမွာ ၁ သန္းေက်ာ္ရွိတယ္။၁ သန္းေက်ာ္ဆိုတဲ့ေနရာမွာ ရွင္းရွင္ေျပာရင္ ၉၀ ရာခိုင္ႏွဳန္းထိခိုက္တယ္။

အာဏာပိုင္ေတြဘက္က တင္းတင္းက်ပ္က်ပ္ကိုင္တြယ္လာမယ္ဆိုရင္ ျဖစ္ေပၚလာႏိုင္တဲ့အေျခအေနကို ကိုေဇာ္မိုးထက္က အခုလုိ ဆက္ေျပာပါတယ္။

“က်ေနာ္တို႔ ဒီကရွိတဲ့ တိုင္းရင္းသား၊ အေျခခံလူတန္းစားေတြ လုပ္ကိုင္စားေသာက္ ႏိုင္လို႔ ရႏိုင္တဲ့ အခြင့္အလမ္းေလးတခုေတာ့ ဖန္တီးေပးမွ ရမွာဗ်။ အဲဒီေတာ့ ဒီလိုမ်ိဳးမဟုတ္ပဲနဲ႔ ဒီပံုစံအတိုင္းသြာမယ္ဆိုရင္ ေမွာ္ထဲမွာ ဘာျပႆနာေတြ ရွိႏိုင္သလဲဆိုရင္ ခိုး၊ လုယွက္မႈေတြ မလိုလားအပ္တဲ့ ဒုစရိုက္လုပ္ငန္းေတြ အမ်ားႀကီးျဖစ္လာႏိုင္တယ္။ ေနာက္ပိုင္းဆိုရင္ ဆႏၵျပ ပြဲေတြ ေတာင္ျဖစ္လာမယ့္အေနအထားရွိတယ္။”

ဒီတားျမစ္ခ်က္ဟာ ဒီႏွစ္ဇန္န၀ါရီလ၂၉ရက္ေန႔က အရင္အစိုးရသက္တမ္းကာလၿပီးဆံုးခါနီးမွာ ျပည္ေထာင္စုလႊတ္ေတာ္က ထပ္မံအတည္ျပဳထားတဲ့ ေက်ာက္မ်က္ဥပေဒအရ ထုတ္ျပန္တာျဖစ္ပါတယ္။

ဖားကန္႔ေဒသက အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္ျမင့္ကေတာ့ ဒီဥပေဒကို ျပန္လည္ျပင္ဆင္ဖုိ႔ ေဆာင္ရြက္သြားမယ္လုိ႔ ေျပာပါတယ္။

“က်ေနာ္က အမ်ိဳးသားလႊတ္ေတာ္သံယံဇာတနဲ႔ သဘာ၀ပတ္၀န္းက်င္ ထဲမွာ ပါတယ္ေလ။ ဒီေန႔လည္းအဲဒီအတြက္ေဆြးေႏြးပါတယ္ အဓိကကေတာ့ က်ေနာ္တို႔ က ဒီ ဥပေဒကို ျပင္ဖို႔လုပ္ေနပါတယ္။ ျပင္လည္းျပင္ၿပီးၿပီ ျပင္ၿပီးေတာ့မွ က်ေနာ္တို႔ ဥပေဒၾကမ္းကို ပို႔ထားၿပီးၿပီ။ ဥပေဒႀကမ္း က ျပန္က်လာမွ အဲဒီမွာ နည္းဥပေဒကို ျပန္ဆြဲမွာ ၊ နည္းဥပေဒလည္း က်ေနာ္တို႔ပဲ ဆြဲမွာပဲ။”

ၿပီးခဲ့တဲ့ ၾသဂုတ္လ ၁၅ရက္ေန႔က အမ်ိဳးသားလႊတ္ေတာ္မွာ ေက်ာက္မ်က္တူးေဖာ္ေရးလုပ္ကြက္ေတြကို ေရမေဆးေက်ာက္ရွာေဖြသူေတြက ဥပေဒမဲ့ က်ဴးေက်ာ္ေနတာေၾကာင့္ ကုမၸဏီပိုင္ရွင္ေတြ ရင္ဆုိင္ေနရတဲ့ ျပႆနာကို ဘယ္လုိေျဖရွင္းေဆာင္ရြက္မလဲ လုိ႔ ရွမ္းျပည္နယ္က အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္က ဦးေက်ာ္နီႏိုင္က ေမးျမန္းခဲ့တာျဖစ္ပါတယ္။

ဒီေမးခြန္းကို စီမံကိန္းနဲ႔ ဘ႑ာေရး၀န္ၾကီးဌာန ဒု၀န္ၾကီး ဦးေမာင္ေမာင္၀င္းက ဒီလုိျဖစ္ပ်က္ေနတာဟာ ေဒသတြင္း ဥပေဒစိုးမုိးမႈမရိွတာေၾကာင့္ျဖစ္ေၾကာင္းနဲ႔ ဥပေဒမဲ့လုပ္ရပ္ေတြကို ရွင္းလင္းဖုိ႔ အုပ္ခ်ဳပ္ေရးအဖဲြ႔အဆင့္ဆင့္က ရဲ၊ တပ္မေတာ္နဲ႔ ညိွႏိႈင္းေဆာင္ရြက္ေနေၾကာင္းေျဖၾကားခဲ့ပါတယ္။

ဖားကန္႔ေဒသမွာ စက္ယႏၱယားၾကီးေတြအသံုးျပဳၿပီး ေက်ာက္စိမ္းကို အလြန္အကြ်ံတူးေဖာ္ေနတာေၾကာင့္ သဘာ၀ပတ္၀န္းက်င္ပ်က္ဆီးရသလုိ ႏွစ္စဥ္ ေရၾကီးေရလ်ံတာေတြျဖစ္ေနပါတယ္။ ေက်ာက္စိမ္းတူးေဖာ္ရာက ထြက္ရိွတဲ့ ေျမစာေတြကို စနစ္တက်မစြန္႔ပစ္တာေၾကာင့္ မၾကာခနဆုိသလို ေျမစာပံုၿပိဳက်ၿပီး လူေသေပ်ာက္တာေတြလည္း ျဖစ္ေနပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ဗြီအိုေအ (ျမန္မာပုိင္း)

Unicode Version

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ တရားမဝင်ကျောက်စိမ်းတူးဖော်ရင်၊ လက်ဝယ်ထားရှိရင် ဥပဒေအရ ထောင်၁နှစ်ကနေ ၇နှစ်အထိချမှတ်မယ်ဆိုတဲ့ တားမြစ်မိန့်တွေ ထုတ်ပြန်လိုက်တာကြောင့် တပိုင်တနိုင် လုပ်ကိုင် စားသောက်နေတဲ့ ဒေသခံတွေနဲ့ ရေမဆေးကျောက်ရှာဖွေသူ သိန်းနဲ့ချီပြီး ထိခိုက်မယ့် အခြေအနေ ရှိနေပါတယ်။ ဒီကန့်သတ်ချက်ကို အာဏာပိုင်တွေဖက်က တင်းတင်းကျပ်ကျပ် ဆောင်ရွက်လာမယ်ဆိုရင်တော့ ဒေသတွင်းမှာ ရာဇဝတ်မှုတွေ ထူပြောလာတာနဲ့ ဆန္ဒပြတာတွေဖြစ်ပေါ်လာမယ့်အခြေအနေ ရှိနေပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်ကတင်ပြထားပါတယ်။

ဖားကန့်ဒေသမှာ ရေမဆေးကျောက်ရှာဖွေသူတွေကြောင့် ကျောက်စိမ်းတူးဖော်တဲ့ကုမ္ပဏီတွေ ထိခိုက်ကြောင်း အမျိုးသားလွှတ်တော်မှာ သြဂုတ်လအတွင်းက မေးမြန်းဆွေးနွေးပြီးတဲ့ ဒီလို တားမြစ် ကန့်သတ်တာတွေကို ဆောင်ရွက်လာတာဖြစ်ပါတယ်။

လောလောဆည် ကျောက်စိမ်းလုပ်ငန်းအပေါ် ကန့်သတ်လိုက်တဲ့အခြေအနေကို ဖားကန့်ဒေသက ဌာနေတိုင်းရင်းသားတဦးဖြစ်တဲ့ ဦးလမောင်လတောင်က အခုလို ပြောပါတယ်။

“ပုဒ်မ ၄၁ က၊ ခ ပေါ့ဗျာ တရားမဝင် ကျောက်စိမ်းတူးဖော်တယ်ဆို၇င် ၊ ပြီးတော့ အဲဒီကျောက်စိမ်းလက်ဝယ်ထားရှိရင် ထောင် ၃ နှစ်ကနေ ၇ နှစ်ဆိုပြီး ရေးချိတ်ထားတယ်လေ။ အဲဒီမြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့မှာရော ၊ ကျောက်စိမ်းရုံးရှေ့မှာရော အဲဒီလို ရေးတပ်ထားတာတွေ့တယ်။”

ဒီလိုထုတ်ပြန်လိုက်တဲ့အတွက် ဒေသခံဌာနေပြည်သူတွေအတွက်အပါအခက်အခဲတွေလာနိုင်တယ်လို့ ဆက်ပြော ပါတယ်။

“ကျနော်တို့ ဌာနေပြည်သူတွေက ဒီကျောက်စိမ်းကိုပဲ အဓိက ထားတော့တာလေ။ အရင်တုန်းကကျတော့ တောင်ယာလုပ်တာတို့ ၊ ဥယျာဉ်လုပ်တာတော့ရှိတယ်။ ဒါပေမယ့် အခု ကုမ္ပဏီခေတ်ရောက်လာတော့ ကျနော်တို့ ဥယျာဉ်တွေဘာတွေ အားလုံး ကျောက်စိမ်းကုမ္ပဏီတွေက နည်းမျိုးစုံသုံးပြီးတော့ သိမ်းလိုက်တာတို၊့ အဲဒီနေရာတွေမှာ ကုမ္ပဏီထောင်လိုက်တာတို့ရှိတဲ့အခါကျတော့ ကျနော်တို့ ဌာနေပြည်သူတွေက ဘာမှ လုပ်ကိုင်စားသောက်ရမယ့် နေရာတွေမရှိတော့ဘူး ။ ဒီဘာမှမဟုတ်တဲ့ ကျောက်စိမ်းလေးကို ကျနော်တို့ ရှာဖွေစားသောက်နေတာကို အစိုးရက အဲဒီလိုလုပ်လိုက်တယ်ဆိုတဲ့အခါကျတော့ ဒါတမင် ကျနော်တို့ ကို အနိုင်ကျင့်တယ်လို့ပဲ အဲလိုပြောရမလိုဖြစ်နေပြီလေ။ ကုမ္ပဏီတွေမှာ ရဲတွေ ၊ စစ်တပ်တွေ အစောင့်တွေထားတဲ့အရ ဒီ ကုမ္ပဏီကို အဓိကထားပြီးတော့ အကာအကွယ်ပေးတယ်လို့ ကျနော်တို့မြင်တယ်။”

လောလောဆည်မှာတော့ ရေမဆေးကျောက်ရှာဖွေတာနဲ့ ကျောက်စိမ်းရောင်းဝယ်ရေးလုပ်ငန်းတွေဟာ ဆက်လက်ရှိနေဆဲဖြစ်ပြီး အာဏာပိုင်တွေဖက်က တဖြည်းဖြည်းချင်းတင်းကျပ်လာမယ့် အခြေအနေ ရှိကြောင်း လည်း သုံးသပ်ပါတယ်။

ဒီလို တားမြစ်လိုက်တာကြောင့် ဖားကန့်ဒေသက အလွတ်သတင်းထောက် ကိုဇော်မိုးထက်ကတော့ ဖားကန့်ဒေသမှာနေထိုင်နေတဲ့ သိန်းနဲ့ ချီတဲ့ လူတွေကို ထိခိုက်စေနိုင်ကြောင်း ပြောပါတယ်။

“ထိခိုက်တာကတော့ ကုမ္ပဏီကလွဲရင် အကုန်ထိခိုက်တယ်။ ဘာလိုလဲဆိုတော့ ဒီမှာက ရေမဆေးကိုပဲ အခြေခံပြီး ဒီမှာရှိတဲ့ ဒေသခံတွေက စာဝတ်နေရေး ဒါကိုပဲ အဓိကထားပြီးတော့ လုပ်နေတာဆိုတော့ ။ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီ တွေက သူတို့က လိုင်စင်ရှိတဲ့သဘောမျိုးဖြစ်သွားပြီးတော့ သူတို့ကကျောက် သယ်ခွင့်ပြုခွင့်ရတယ်ဗျာ။ သာမန် လက်လုပ်လက်စားတွေက ရေမဆေးကျောက်ကိုတောင်မှာ ကိုင်ဆောင်ပြီးရောင်းဝယ်ခွင့်မရှိဘူးဆိုတဲ့ သဘောသက်ရောက်သွားတာလေ။ ဦးရေအားဖြင့် ကျနော်တို့ မှော်ထဲမှာ ၁ သန်းကျော်ရှိတယ်။၁ သန်းကျော်ဆိုတဲ့နေရာမှာ ရှင်းရှင်ပြောရင် ၉၀ ရာခိုင်နှုန်းထိခိုက်တယ်။

အာဏာပိုင်တွေဘက်က တင်းတင်းကျပ်ကျပ်ကိုင်တွယ်လာမယ်ဆိုရင် ဖြစ်ပေါ်လာနိုင်တဲ့အခြေအနေကို ကိုဇော်မိုးထက်က အခုလို ဆက်ပြောပါတယ်။

“ကျနော်တို့ ဒီကရှိတဲ့ တိုင်းရင်းသား၊ အခြေခံလူတန်းစားတွေ လုပ်ကိုင်စားသောက် နိုင်လို့ ရနိုင်တဲ့ အခွင့်အလမ်းလေးတခုတော့ ဖန်တီးပေးမှ ရမှာဗျ။ အဲဒီတော့ ဒီလိုမျိုးမဟုတ်ပဲနဲ့ ဒီပုံစံအတိုင်းသွာမယ်ဆိုရင် မှော်ထဲမှာ ဘာပြဿနာတွေ ရှိနိုင်သလဲဆိုရင် ခိုး၊ လုယှက်မှုတွေ မလိုလားအပ်တဲ့ ဒုစရိုက်လုပ်ငန်းတွေ အများကြီးဖြစ်လာနိုင်တယ်။ နောက်ပိုင်းဆိုရင် ဆန္ဒပြ ပွဲတွေ တောင်ဖြစ်လာမယ့်အနေအထားရှိတယ်။”

ဒီတားမြစ်ချက်ဟာ ဒီနှစ်ဇန်နဝါရီလ၂၉ရက်နေ့က အရင်အစိုးရသက်တမ်းကာလပြီးဆုံးခါနီးမှာ ပြည်ထောင်စုလွှတ်တော်က ထပ်မံအတည်ပြုထားတဲ့ ကျောက်မျက်ဥပဒေအရ ထုတ်ပြန်တာဖြစ်ပါတယ်။

ဖားကန့်ဒေသက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်ကတော့ ဒီဥပဒေကို ပြန်လည်ပြင်ဆင်ဖို့ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

“ကျနော်က အမျိုးသားလွှတ်တော်သံယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထဲမှာ ပါတယ်လေ။ ဒီနေ့လည်းအဲဒီအတွက်ဆွေးနွေးပါတယ် အဓိကကတော့ ကျနော်တို့ က ဒီ ဥပဒေကို ပြင်ဖို့လုပ်နေပါတယ်။ ပြင်လည်းပြင်ပြီးပြီ ပြင်ပြီးတော့မှ ကျနော်တို့ ဥပဒေကြမ်းကို ပို့ထားပြီးပြီ။ ဥပဒေကြမ်း က ပြန်ကျလာမှ အဲဒီမှာ နည်းဥပဒေကို ပြန်ဆွဲမှာ ၊ နည်းဥပဒေလည်း ကျနော်တို့ပဲ ဆွဲမှာပဲ။”

ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ရက်နေ့က အမျိုးသားလွှတ်တော်မှာ ကျောက်မျက်တူးဖော်ရေးလုပ်ကွက်တွေကို ရေမဆေးကျောက်ရှာဖွေသူတွေက ဥပဒေမဲ့ ကျူးကျော်နေတာကြောင့် ကုမ္ပဏီပိုင်ရှင်တွေ ရင်ဆိုင်နေရတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းဆောင်ရွက်မလဲ လို့ ရှမ်းပြည်နယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ်က ဦးကျော်နီနိုင်က မေးမြန်းခဲ့တာဖြစ်ပါတယ်။

ဒီမေးခွန်းကို စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ဒီလိုဖြစ်ပျက်နေတာဟာ ဒေသတွင်း ဥပဒေစိုးမိုးမှုမရှိတာကြောင့်ဖြစ်ကြောင်းနဲ့ ဥပဒေမဲ့လုပ်ရပ်တွေကို ရှင်းလင်းဖို့ အုပ်ချုပ်ရေးအဖွဲ့အဆင့်ဆင့်က ရဲ၊ တပ်မတော်နဲ့ ညှိနှိုင်းဆောင်ရွက်နေကြောင်းဖြေကြားခဲ့ပါတယ်။

ဖားကန့်ဒေသမှာ စက်ယန္တယားကြီးတွေအသုံးပြုပြီး ကျောက်စိမ်းကို အလွန်အကျွံတူးဖော်နေတာကြောင့် သဘာဝပတ်ဝန်းကျင်ပျက်ဆီးရသလို နှစ်စဉ် ရေကြီးရေလျံတာတွေဖြစ်နေပါတယ်။ ကျောက်စိမ်းတူးဖော်ရာက ထွက်ရှိတဲ့ မြေစာတွေကို စနစ်တကျမစွန့်ပစ်တာကြောင့် မကြာခနဆိုသလို မြေစာပုံပြိုကျပြီး လူသေပျောက်တာတွေလည်း ဖြစ်နေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:ဗွီအိုအေ (မြန်မာပိုင်း)
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top