Property Expo
×

သင့္အေနနဲ႔ တစ္ေန႔ကို ရွစ္နာရီေလာက္အထိ လံုလံုေလာက္ေလာက္အိပ္စက္အနားယူေပမယ့္လည္း တစ္ခါတစ္ေလမွာ ခႏၵာကုိယ္က ပိုၿပီးပင္ပန္း ႏြမ္းနယ္သလုိျဖစ္ေနတတ္တဲ့ အခါမ်ိဳးရွိဖူးမွာပါ။ ဒီလုိမ်ိဳး ညဘက္ အိပ္ေရးဝေနေပမယ့္လည္း ေနာက္တစ္ေန႔မွာ ပင္ပန္းႏြမ္းနယ္ေနရတဲ့ ျပႆနာေတြျဖစ္ပြားရတာဟာဆိုရင္ေတာ့ မ်ားေသာအားျဖင့္ ခႏၵာကိုယ္မွာ လံုေလာက္တဲ့ အာဟာရနဲ႔ စြမ္းအင္မရွိလုိ႔ျဖစ္တယ္လုိ႔ သိရပါတယ္။

ေလ့က်င့္ခန္းမျပဳလုပ္ျခင္း

သင့္အေနနဲ႔ ထုိင္ေနရတဲ့ အလုပ္ကို လုပ္ရတဲ့သူဆုိရင္ေတာ့ တစ္ေန႔ရဲ႕ သံုးပံုတစ္ပံုေလာက္ကို ထုိင္ခံုေပၚမွာ ထုိင္ေနရမွာျဖစ္ပါတယ္။ ဒီလုိအထုိင္မ်ားတာဟာဆိုရင္ေတာ့ သင့္ရဲ႕ ခႏၵာကုိယ္ပံုစံကို အခ်ိဳးမက်ျဖစ္ေစၿပီး လူေနမႈပံုစံကိုပါ ျဖည္းျဖည္းခ်င္းထိခိုက္ႏုိင္ပါတယ္။
ဒါ့ေၾကာင့္ သင့္မွာ ပံုမွန္ရွိသင့္တဲ့ ကိုယ္လက္လႈပ္ရွားမႈပံုစံရွိသင့္ၿပီး ဒီလုိကိုယ္လက္လႈပ္ရွားမႈေတြက သဘာဝအတိုင္း ကိုယ္ခံစြမ္းအားကို တိုးပြားေစတဲ့အျပင္ ကုိယ္ရည္ကိုယ္ေသြးကိုပါ တိုးပြားေစႏုိင္တာေၾကာင့္ ခႏၵာကိုယ္က အလန္းဆန္းဆံုး အေနအထားမွာ ေရာက္ရွိေနမွာျဖစ္ပါတယ္။

ေရဓာတ္မလံုေလာက္ျခင္း

သင့္အေနနဲ႔ တစ္ေန႔ကို ေရပမာဏ ဘယ္ေလာက္ထိ ေသာက္သံုးတတ္လဲဆုိရင္ ရုတ္တရက္ေျဖႏုိင္မွာ မဟုတ္ပါဘူး။ လူအေတာ္မ်ားမ်ားကေတာ့ ေရေသာက္ရတာကို ေပါ့ေပါ့တန္တန္ထင္မွတ္ထားၾကၿပီး တစ္ျခား ေကာ္ဖီနဲ႔ သၾကားပါ အခ်ိဳရည္ေတြကို ေသာက္သံုးမႈမ်ားေနၾကတာေၾကာင့္ ျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔ရဲ႕ ဦးေႏွာက္ဟာ ေရဓာတ္ ၈၅ ရာႏႈန္းနဲ႔ ဖြဲ႕စည္းထားတာျဖစ္ၿပီး ေရမေသာက္ႏုိင္ရင္ေတာ့ ေခါင္းေျခာက္ၿပီး မိႈင္ေတြေတြျဖစ္ေနတတ္ပါတယ္။ သၾကားပါအခ်ိဳရည္ေတြကို ေရွာင္သင့္ၿပီး တစ္ေန႔ကို ေရရွစ္ခြက္ကေန ဆယ္ခြက္အထိ ေသာက္သံုးသင့္ပါတယ္။

အစားေကာင္းေကာင္းမစားျခင္း

ဒါကေတာ့ ရွင္းပါတယ္။ သင္ေမာင္းေနတဲ့ ကားကို ဆီမျဖည့္ဘဲ ေမာင္းႏွင္လုိ႔မရႏိုင္သလုိဘဲ သင့္ခႏၵာကိုယ္ကိုလည္း အစားေကာင္းေကာင္းမစားဘဲ ခိုင္းစားဖုိ႔ စဥ္းစားလို႔ မရႏိုင္ပါဘူး။ သင့္အေနနဲ႔ အဓိက အေနနဲ႔ မနက္စာကို ေကာင္းေကာင္းစားသင့္ပါတယ္။ ေန႔လည္ဘက္မွာေတာ့ ၾကက္ဥနဲ႔ တစ္ျခားအားျဖစ္ေစတဲ့ အစားအစာေတြကို စားသံုးသင့္ပါတယ္။ အဲ့လိုမ်ိဳး အစားေကာင္းေကာင္းစားမွသာ သင့္အေနနဲ႔လည္း ပင္ပန္းႏြမ္းနယ္မႈမရွိဘဲ ေကာင္းေကာင္း အလုပ္လုပ္ႏုိင္မွာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : thithtoolwin


#Unicode Version

သင့်အနေနဲ့ တစ်နေ့ကို ရှစ်နာရီလောက်အထိ လုံလုံလောက်လောက်အိပ်စက်အနားယူပေမယ့်လည်း တစ်ခါတစ်လေမှာ ခန္ဒာကိုယ်က ပိုပြီးပင်ပန်း နွမ်းနယ်သလိုဖြစ်နေတတ်တဲ့ အခါမျိုးရှိဖူးမှာပါ။ ဒီလိုမျိုး ညဘက် အိပ်ရေးဝနေပေမယ့်လည်း နောက်တစ်နေ့မှာ ပင်ပန်းနွမ်းနယ်နေရတဲ့ ပြဿနာတွေဖြစ်ပွားရတာဟာဆိုရင်တော့ များသောအားဖြင့် ခန္ဒာကိုယ်မှာ လုံလောက်တဲ့ အာဟာရနဲ့ စွမ်းအင်မရှိလို့ဖြစ်တယ်လို့ သိရပါတယ်။

လေ့ကျင့်ခန်းမပြုလုပ်ခြင်း

သင့်အနေနဲ့ ထိုင်နေရတဲ့ အလုပ်ကို လုပ်ရတဲ့သူဆိုရင်တော့ တစ်နေ့ရဲ့ သုံးပုံတစ်ပုံလောက်ကို ထိုင်ခုံပေါ်မှာ ထိုင်နေရမှာဖြစ်ပါတယ်။ ဒီလိုအထိုင်များတာဟာဆိုရင်တော့ သင့်ရဲ့ ခန္ဒာကိုယ်ပုံစံကို အချိုးမကျဖြစ်စေပြီး လူနေမှုပုံစံကိုပါ ဖြည်းဖြည်းချင်းထိခိုက်နိုင်ပါတယ်။
ဒါ့ကြောင့် သင့်မှာ ပုံမှန်ရှိသင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုပုံစံရှိသင့်ပြီး ဒီလိုကိုယ်လက်လှုပ်ရှားမှုတွေက သဘာဝအတိုင်း ကိုယ်ခံစွမ်းအားကို တိုးပွားစေတဲ့အပြင် ကိုယ်ရည်ကိုယ်သွေးကိုပါ တိုးပွားစေနိုင်တာကြောင့် ခန္ဒာကိုယ်က အလန်းဆန်းဆုံး အနေအထားမှာ ရောက်ရှိနေမှာဖြစ်ပါတယ်။

ရေဓာတ်မလုံလောက်ခြင်း

သင့်အနေနဲ့ တစ်နေ့ကို ရေပမာဏ ဘယ်လောက်ထိ သောက်သုံးတတ်လဲဆိုရင် ရုတ်တရက်ဖြေနိုင်မှာ မဟုတ်ပါဘူး။ လူအတော်များများကတော့ ရေသောက်ရတာကို ပေါ့ပေါ့တန်တန်ထင်မှတ်ထားကြပြီး တစ်ခြား ကော်ဖီနဲ့ သကြားပါ အချိုရည်တွေကို သောက်သုံးမှုများနေကြတာကြောင့် ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဦးနှောက်ဟာ ရေဓာတ် ၈၅ ရာနှုန်းနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ရေမသောက်နိုင်ရင်တော့ ခေါင်းခြောက်ပြီး မှိုင်တွေတွေဖြစ်နေတတ်ပါတယ်။ သကြားပါအချိုရည်တွေကို ရှောင်သင့်ပြီး တစ်နေ့ကို ရေရှစ်ခွက်ကနေ ဆယ်ခွက်အထိ သောက်သုံးသင့်ပါတယ်။

အစားကောင်းကောင်းမစားခြင်း

ဒါကတော့ ရှင်းပါတယ်။ သင်မောင်းနေတဲ့ ကားကို ဆီမဖြည့်ဘဲ မောင်းနှင်လို့မရနိုင်သလိုဘဲ သင့်ခန္ဒာကိုယ်ကိုလည်း အစားကောင်းကောင်းမစားဘဲ ခိုင်းစားဖို့ စဉ်းစားလို့ မရနိုင်ပါဘူး။ သင့်အနေနဲ့ အဓိက အနေနဲ့ မနက်စာကို ကောင်းကောင်းစားသင့်ပါတယ်။ နေ့လည်ဘက်မှာတော့ ကြက်ဥနဲ့ တစ်ခြားအားဖြစ်စေတဲ့ အစားအစာတွေကို စားသုံးသင့်ပါတယ်။ အဲ့လိုမျိုး အစားကောင်းကောင်းစားမှသာ သင့်အနေနဲ့လည်း ပင်ပန်းနွမ်းနယ်မှုမရှိဘဲ ကောင်းကောင်း အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : thithtoolwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top