Kantharyar Centre
×

1 - The Driver

ခႏၶာကိုယ္က ေရွ႕ကို အားျပဳျပီး ေလွ်ာက္တဲ့ပံုစံျဖစ္ပါတယ္။ လမ္းေလွ်ာက္ရင္းနဲ႔ ဖုန္းေျပာတာလိုမ်ိဳး အလုပ္ႏွစ္ခုကို တစ္ျပိဳင္နက္ လုပ္တတ္ပါတယ္။ အလြန္အျပဳသေဘာေဆာင္တဲ့ စရိုက္မ်ိဳးရွိသူပါ။ အလုပ္တြင္တဲ့ လူေတြလည္း ျဖစ္ပါတယ္။ ဒါေပမဲ့ ျပိဳင္ဆုိင္မႈျပင္းသူေတြ ျဖစ္ပါတယ္။

2 - The Influencer

ရင္ဘတ္ကိုျမႇင့္၊ ေခါင္းကိုေမာ့၊ ပခံုးကိုေနာက္ပို႔ျပီး ေလွ်ာက္သူေတြပါ။ လမ္းျမန္ျမန္ေလွ်ာက္ရင္းနဲ႔ ဟိုလူ႔ႏႈတ္ဆက္၊ ဒီလူ႔ျပံဳးျပမ်ိဳး လုပ္တတ္ပါတယ္။ ႏုိင္ငံေရးသမားေတြနဲ႔ ေက်ာ္ၾကားသူေတြမွာ ဒီလိုလမ္းေလွ်ာက္ပံုမ်ိဳး ရွိတတ္ပါတယ္။ ဒီလိုလူမ်ိဳးေတြဟာ ပတ္ဝန္းက်င္နဲ႔ သဟဇာတျဖစ္သူေတြပါ။ လူသိမ်ားသူေတြလည္း ျဖစ္ပါတယ္။ ဒါေပမဲ့ နည္းနည္းပိုတတ္တယ္လို႔ လူအခ်ိဳ႕က ထင္ျမင္ျခင္းကို ခံရသူပါ။

3 - The Supporter

ခႏၶာကိုယ္အေလးခ်ိန္ကို ေျခေထာက္မွာပဲ အားျပဳထားျပီး အေပၚပိုင္းက အေရွ႕ကိုလည္း မကိုင္းသလို အေနာက္ကိုလည္း မေရာက္ပါဘူး။ လမ္းေလွ်ာက္ႏႈန္းကလည္း ပံုမွန္ပါပဲ။ ဒီလိုလူေတြကေတာ့ ေထာက္ခံေရးသမားေတြပါ။ လူေတြကို စိတ္ဝင္စားတတ္ပါတယ္။ ဒါေပမဲ့ အလုပ္အကိုင္ထက္  ပုဂၢိဳလ္ေရးဘဝကို ပိုအေလးထားပါတယ္။ အသင္းအဖြဲ႕တစ္ခုခု၊ အုပ္စုတစ္ခုခုမွာ အဖြဲ႕ဝင္ျဖစ္ရတာ၊ ပါဝင္ရတာမ်ိဳးကို ႏွစ္သက္သူေတြပါ။ အလြယ္တကူ လိုက္ေလ်ာတတ္သူေတြျဖစ္ျပီး ကိုယ့္ကိုယ္ကိုယ္ ႏွိမ့္ခ်လြန္းသူေတြပါ။

4 - The Corrector

လမ္းေလွ်ာက္ရင္ အျမဲေခါင္းငံု႔ေလွ်ာက္သူပါ။ တစ္ခုခုကို သတိထားေနသလို လမ္းေလွ်ာက္ပံုက ေႏွးပါတယ္။ လက္ႏွစ္ဖက္ကိုလည္း ေဘးဘက္ကပ္ထားတတ္ပါတယ္။ ဒီလိုလူေတြက ယဥ္ေက်းျပီး စကားနည္းပါတယ္။ တစ္ေယာက္တည္းသမားေတြလည္း ျဖစ္ပါတယ္။ ကိုယ့္လိုအပ္ခ်က္ကို ေတာ္ရုံနဲ႔ ထုတ္ေဖာ္မေျပာတတ္တဲ့ စရိုက္ေၾကာင့္ အျခားလူေတြ စိတ္ရႈပ္ေထြးရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun


#Unicode Version

1 - The Driver

ခန္ဓာကိုယ်က ရှေ့ကို အားပြုပြီး လျှောက်တဲ့ပုံစံဖြစ်ပါတယ်။ လမ်းလျှောက်ရင်းနဲ့ ဖုန်းပြောတာလိုမျိုး အလုပ်နှစ်ခုကို တစ်ပြိုင်နက် လုပ်တတ်ပါတယ်။ အလွန်အပြုသဘောဆောင်တဲ့ စရိုက်မျိုးရှိသူပါ။ အလုပ်တွင်တဲ့ လူတွေလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ပြိုင်ဆိုင်မှုပြင်းသူတွေ ဖြစ်ပါတယ်။

2 - The Influencer

ရင်ဘတ်ကိုမြှင့်၊ ခေါင်းကိုမော့၊ ပခုံးကိုနောက်ပို့ပြီး လျှောက်သူတွေပါ။ လမ်းမြန်မြန်လျှောက်ရင်းနဲ့ ဟိုလူ့နှုတ်ဆက်၊ ဒီလူ့ပြုံးပြမျိုး လုပ်တတ်ပါတယ်။ နိုင်ငံရေးသမားတွေနဲ့ ကျော်ကြားသူတွေမှာ ဒီလိုလမ်းလျှောက်ပုံမျိုး ရှိတတ်ပါတယ်။ ဒီလိုလူမျိုးတွေဟာ ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်သူတွေပါ။ လူသိများသူတွေလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ နည်းနည်းပိုတတ်တယ်လို့ လူအချို့က ထင်မြင်ခြင်းကို ခံရသူပါ။

3 - The Supporter

ခန္ဓာကိုယ်အလေးချိန်ကို ခြေထောက်မှာပဲ အားပြုထားပြီး အပေါ်ပိုင်းက အရှေ့ကိုလည်း မကိုင်းသလို အနောက်ကိုလည်း မရောက်ပါဘူး။ လမ်းလျှောက်နှုန်းကလည်း ပုံမှန်ပါပဲ။ ဒီလိုလူတွေကတော့ ထောက်ခံရေးသမားတွေပါ။ လူတွေကို စိတ်ဝင်စားတတ်ပါတယ်။ ဒါပေမဲ့ အလုပ်အကိုင်ထက်  ပုဂ္ဂိုလ်ရေးဘဝကို ပိုအလေးထားပါတယ်။ အသင်းအဖွဲ့တစ်ခုခု၊ အုပ်စုတစ်ခုခုမှာ အဖွဲ့ဝင်ဖြစ်ရတာ၊ ပါဝင်ရတာမျိုးကို နှစ်သက်သူတွေပါ။ အလွယ်တကူ လိုက်လျောတတ်သူတွေဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် နှိမ့်ချလွန်းသူတွေပါ။

4 - The Corrector

လမ်းလျှောက်ရင် အမြဲခေါင်းငုံ့လျှောက်သူပါ။ တစ်ခုခုကို သတိထားနေသလို လမ်းလျှောက်ပုံက နှေးပါတယ်။ လက်နှစ်ဖက်ကိုလည်း ဘေးဘက်ကပ်ထားတတ်ပါတယ်။ ဒီလိုလူတွေက ယဉ်ကျေးပြီး စကားနည်းပါတယ်။ တစ်ယောက်တည်းသမားတွေလည်း ဖြစ်ပါတယ်။ ကိုယ့်လိုအပ်ချက်ကို တော်ရုံနဲ့ ထုတ်ဖော်မပြောတတ်တဲ့ စရိုက်ကြောင့် အခြားလူတွေ စိတ်ရှုပ်ထွေးရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top