Kantharyar Centre
×

ဆယ္လီနာဂိုးမက္စ္ဟာ ၄ ႏွစ္ေလာက္ တြဲခဲ့တဲ့ သူမရဲ႕ ခ်စ္သူေဟာင္း ဂ်က္စတင္ဘီဘာနဲ႔ လံုးဝအဆက္အဆံ မလုပ္ခ်င္ေတာ့ဘူးနဲ႔ တူပါတယ္။

အသက္ ၂၄ ႏွစ္အရြယ္ အဆုိေတာ္မေလး ဆယ္လီနာဟာ ဂ်က္စတင္ဘီဘာ ဖုန္းဆက္လုိ႔မရေအာင္ ဖုန္းနံပါတ္ေတာင္ ေျပာင္းလိုက္ၿပီလုိ႔ UsWeekly မွာ စက္တင္ဘာလ ၁၄ ရက္ေန႔က ေဖာ္ျပထားပါတယ္။

သူမရဲ႕ Lupus ေရာဂါေၾကာင့္ ျဖစ္ေပၚတဲ့ စိတ္က်ေရာဂါေၾကာင့္ ကမာၻလွည့္ေဖ်ာ္ေျဖပြဲကို ႐ုပ္သိမ္းလုိက္တဲ့ ဆယ္လီနာဟာ သူမရဲ႕ ဖုန္းနံပါတ္သစ္ကို ေဂ်ဘီကိုမေျပာဖို႔ သူငယ္ခ်င္းေတြကို ေျပာထားတယ္လို႔ သိရပါတယ္။

သူတုိ႔ႏွစ္ေယာက္မွာ ေတလာဆြစ္၊ ဂ်ီဂ်ီဟက္ဒီးနဲ႔ ကာဒါရွီယန္မိသားစုတို႔ အပါအဝင္ ႏွစ္ေယာက္စလံုးနဲ႔ ခင္မင္ရင္းႏွီးတဲ့ သူငယ္ခ်င္းအမ်ားအျပား ရွိပါတယ္။

ၾသဂုတ္လထဲမွာ ေဂ်ဘီရဲ႕ ရည္းစားသစ္ ေမာ္ဒယ္ ဆုိဖီယာရစ္ခ်ီကိစၥနဲ႔ ပတ္သက္ၿပီး ဆုိရွယ္မီဒီယာေပၚမွာ ဆယ္လီနာနဲ႔ ေဂ်ဘီ စကားမ်ားခဲ့ၾကၿပီးေနာက္ ဆယ္လီနာက အခုလို ျပဳလုပ္လိုက္တာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

ဆယ်လီနာဂိုးမက်စ်ဟာ ၄ နှစ်လောက် တွဲခဲ့တဲ့ သူမရဲ့ ချစ်သူဟောင်း ဂျက်စတင်ဘီဘာနဲ့ လုံးဝအဆက်အဆံ မလုပ်ချင်တော့ဘူးနဲ့ တူပါတယ်။

အသက် ၂၄ နှစ်အရွယ် အဆိုတော်မလေး ဆယ်လီနာဟာ ဂျက်စတင်ဘီဘာ ဖုန်းဆက်လို့မရအောင် ဖုန်းနံပါတ်တောင် ပြောင်းလိုက်ပြီလို့ UsWeekly မှာ စက်တင်ဘာလ ၁၄ ရက်နေ့က ဖော်ပြထားပါတယ်။

သူမရဲ့ Lupus ရောဂါကြောင့် ဖြစ်ပေါ်တဲ့ စိတ်ကျရောဂါကြောင့် ကမ္ဘာလှည့်ဖျော်ဖြေပွဲကို ရုပ်သိမ်းလိုက်တဲ့ ဆယ်လီနာဟာ သူမရဲ့ ဖုန်းနံပါတ်သစ်ကို ဂျေဘီကိုမပြောဖို့ သူငယ်ချင်းတွေကို ပြောထားတယ်လို့ သိရပါတယ်။

သူတို့နှစ်ယောက်မှာ တေလာဆွစ်၊ ဂျီဂျီဟက်ဒီးနဲ့ ကာဒါရှီယန်မိသားစုတို့ အပါအဝင် နှစ်ယောက်စလုံးနဲ့ ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းအများအပြား ရှိပါတယ်။

သြဂုတ်လထဲမှာ ဂျေဘီရဲ့ ရည်းစားသစ် မော်ဒယ် ဆိုဖီယာရစ်ချီကိစ္စနဲ့ ပတ်သက်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ ဆယ်လီနာနဲ့ ဂျေဘီ စကားများခဲ့ကြပြီးနောက် ဆယ်လီနာက အခုလို ပြုလုပ်လိုက်တာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top