Property Expo
×

အမ်ဳိးသမီး တစ္ေယာက္အတြက္ ကိုယ္ဝန္ေဆာင္ ခ်ိန္ဟာ စိတ္လႈပ္ရွားမႈေတြ မ်ားစြာနဲ႔ ပူပင္ ေသာကေတြ ရွိေနတတ္ၿပီး သူတို႔ကို ပိုၿပီး ဂ႐ုတစိုက္ ရွိတဲ့သူ၊ အထူးအျဖင့္ ခင္ပြန္းသည္ရဲ႕ ယုယ ၾကင္နာမႈ ေတြကို ပုိလို အပ္ပါတယ္။ ကုိယ္ဝန္ေဆာင္ သည္ေတြ အတြက္ ကိုယ္ဝန္ေဆာင္ခ်ိန္ ကိုးလတာ ကာလနဲ႔ တခ်ဳိ႕ အခ်ိန္ေတြမွာ ဖိစီးမႈေတြ၊ စိတ္ဒုကၡ ေတြနဲ႔ ျပည့္ႏွက္ ေနတတ္ပါတယ္။

-ဇနီးသည္နဲ႔ အတူ လမ္းေလွ်ာက္ ထြက္ရင္း သူ႔ရင္ထဲက ေျပာခ်င္ေနတဲ့ စကားေတြကို နားေထာင္ ေပးပါ။ ေလ့က်င့္ခန္း ျပဳလုပ္ဖို႔ အတူ သြားတာမ်ဳိး၊ ပန္းၿခံထဲမွာ လမ္းေလွ်ာက္တာ မ်ဳိးေတြ ျပဳလုပ္ၿပီး ေနေပးတာဟာ သင့္ဇနီး သည္ရဲ႕ စိတ္ဖိစည္းမႈနဲ႔ ဒုကၡတခ်ဳိ႕ကို ကုစားေပးရာ ေရာက္ပါတယ္။ သူေျပာခ်င္တဲ့ စကားေတြနဲ႔ ျဖစ္ခ်င္တဲ့ ဆႏၵေတြကို နားေထာင္ရင္း ကိုယ္ကလည္း လိုက္ေလွ်ာ ေျပာဆိုေပးပါ။

- ကိုယ္ဝန္ေဆာင္ ခ်ိန္မွာ အမ်ဳိးသမီး တစ္ေယာက္ရဲ႕ ႐ုပ္ပိုင္းဆိုင္ရာ အေျခအေန ေတြက အစ ေျပာင္းလဲမႈေတြ ရွိလာၿပီး တခ်ဳိ႕ ကိုယ္ဝန္ေဆာင္ သည္ေတြမွာ ဆိုရင္ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ တျခား ေရာဂါေတြ ပါ ျဖစ္တတ္တဲ့ အတြက္ အထူး ဂ႐ုစိုက္ေပးဖို႔ လိုပါတယ္။

၁။ကိုယ္ဝန္ေဆာင္ တာနဲ႔ ဆရာဝန္နဲ႔ တစ္ခါတည္း အပ္ၿပီး ဆရာဝန္က ကိုယ္ဝန္ေဆာင္ သည္ရဲ႕ အေျခအေနနဲ႔ ပံုစံကို ၾကည့္ၿပီး လိုအပ္တဲ့ ၫႊန္ၾကား မႈေတြ ေပးမွာ ျဖစ္တဲ့အတြက္ အဲဒီ ၫႊန္ၾကားမႈေတြကို အတိအက် လိုက္နာ ျပဳလုပ္ပါ။

၂။ ကိုယ္ဝန္ေဆာင္ အတြက္ လိုအပ္တဲ့ အစားအစာနဲ႔ အာဟာရေတြကို ဂ႐ုစိုက္ ေကၽြးေမြးပါ။ လိုအပ္တဲ့ အာဟာရဆိုရာမွာ ဗီတာမင္၊ သတၱဳဓာတ္၊ အဆီဓာတ္၊ အသားဓာတ္၊ အမွ်င္ဓာတ္နဲ႔ ေရကို လံုေလာက္စြာ ရရွိေစဖို႔ လိုပါတယ္။ ကယ္လ္စီယမ္၊ သံဓာတ္၊ ေဖာလစ္အက္စစ္ ႂကြယ္ဝတဲ့ အစားအစာ စတာေတြကလည္း ကေလးငယ္ အတြက္ အက်ဳိးရွိေစတာ ေၾကာင့္ ျဖည့္စြက္ ေကၽြးေမြး သင့္ပါတယ္။

၃။ကိုယ္ဝန္ေဆာင္ေနခ်ိန္မွာ အရက္နဲ႔ ေဆးလိပ္ ေသာက္သံုးျခင္းကို လံုးဝ မျပဳလုပ္ဖို႔နဲ႔ သင္ကုိယ္တိုင္ကလည္း ကိုယ္ဝန္ေဆာင္သည္ရဲ႕ ေဘးမွာ ေဆးလိပ္ မေသာက္သင့္ပါ။

၄။လမ္းေလွ်ာက္တာနဲ႔ ေရကူးတာလိုမ်ဳိး ပံုမွန္ ေလ့က်င့္ခန္းေတြ ျပဳလုပ္ ႏိုင္ေအာင္ ဂ႐ုစိုက္ ေျပာဆိုေပးပါ။ ပံုမွန္ ေလ့က်င့္ခန္း ျပဳလုပ္တာဟာ ႂကြက္သားကို ဖြံ႕ၿဖိဳးေစၿပီး ကေလးေမြးရ၊ ဖြားရလည္း လြယ္ကူ ေစႏိုင္ပါတယ္။

၅။သင့္ဇနီးဟာ လုပ္ငန္းခြင္ ဝင္ေနရသူဆိုရင္ သင့္ဇနီးသည္ အလုပ္နားတဲ့ ရက္ေတြမွာ သီခ်င္း နားေထာင္တာမ်ဳိး၊ ရယ္စရာ ဟာသဇာတ္ကား ၾကည့္တာမ်ဳိးေတြ ျပဳလုပ္ၿပီး အပန္းေျဖ ႏိုင္ေအာင္ စီစဥ္ေပးပါ။ ဒါမွမဟုတ္ ဇနီးသည္နဲ႔အတူ အခ်ိန္ျဖဳန္းတာမ်ဳိး၊ မီးဖိုေခ်ာင္ အတူဝင္တာ မ်ဳိးေတြ ျပဳလုပ္ပါ။

၆။နားလည္မႈနဲ႔ အတူ ခ်စ္ခင္ၾကင္နာပါ။ ဒါဟာ အေရးပါတဲ့ အခ်က္တစ္ခု ပါပဲ။ သင့္ဇနီးမွာ ျဖစ္ေပၚေနတဲ့ စိတ္မခ်မ္းေျမ့မႈ ေတြကို သင္ကိုယ္တိုင္ကသာ အေကာင္းဆံုး ေျဖရွင္း ေပးႏိုင္မွာပါ။ ႏွစ္သိမ့္ေပးပါ။ ဒါဟာ သင့္ဇနီးအတြက္ အေကာင္းဆံုး အားေဆး တစ္လက္ ျဖစ္ေစမွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ျမ၀တီ

Unicode Version

အမျိုးသမီး တစ်ယောက်အတွက် ကိုယ်ဝန်ဆောင် ချိန်ဟာ စိတ်လှုပ်ရှားမှုတွေ များစွာနဲ့ ပူပင် သောကတွေ ရှိနေတတ်ပြီး သူတို့ကို ပိုပြီး ဂရုတစိုက် ရှိတဲ့သူ၊ အထူးအဖြင့် ခင်ပွန်းသည်ရဲ့ ယုယ ကြင်နာမှု တွေကို ပိုလို အပ်ပါတယ်။ ကိုယ်ဝန်ဆောင် သည်တွေ အတွက် ကိုယ်ဝန်ဆောင်ချိန် ကိုးလတာ ကာလနဲ့ တချို့ အချိန်တွေမှာ ဖိစီးမှုတွေ၊ စိတ်ဒုက္ခ တွေနဲ့ ပြည့်နှက် နေတတ်ပါတယ်။

-ဇနီးသည်နဲ့ အတူ လမ်းလျှောက် ထွက်ရင်း သူ့ရင်ထဲက ပြောချင်နေတဲ့ စကားတွေကို နားထောင် ပေးပါ။ လေ့ကျင့်ခန်း ပြုလုပ်ဖို့ အတူ သွားတာမျိုး၊ ပန်းခြံထဲမှာ လမ်းလျှောက်တာ မျိုးတွေ ပြုလုပ်ပြီး နေပေးတာဟာ သင့်ဇနီး သည်ရဲ့ စိတ်ဖိစည်းမှုနဲ့ ဒုက္ခတချို့ကို ကုစားပေးရာ ရောက်ပါတယ်။ သူပြောချင်တဲ့ စကားတွေနဲ့ ဖြစ်ချင်တဲ့ ဆန္ဒတွေကို နားထောင်ရင်း ကိုယ်ကလည်း လိုက်လျှော ပြောဆိုပေးပါ။

- ကိုယ်ဝန်ဆောင် ချိန်မှာ အမျိုးသမီး တစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ တွေက အစ ပြောင်းလဲမှုတွေ ရှိလာပြီး တချို့ ကိုယ်ဝန်ဆောင် သည်တွေမှာ ဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာ တခြား ရောဂါတွေ ပါ ဖြစ်တတ်တဲ့ အတွက် အထူး ဂရုစိုက်ပေးဖို့ လိုပါတယ်။

၁။ကိုယ်ဝန်ဆောင် တာနဲ့ ဆရာဝန်နဲ့ တစ်ခါတည်း အပ်ပြီး ဆရာဝန်က ကိုယ်ဝန်ဆောင် သည်ရဲ့ အခြေအနေနဲ့ ပုံစံကို ကြည့်ပြီး လိုအပ်တဲ့ ညွှန်ကြား မှုတွေ ပေးမှာ ဖြစ်တဲ့အတွက် အဲဒီ ညွှန်ကြားမှုတွေကို အတိအကျ လိုက်နာ ပြုလုပ်ပါ။

၂။ ကိုယ်ဝန်ဆောင် အတွက် လိုအပ်တဲ့ အစားအစာနဲ့ အာဟာရတွေကို ဂရုစိုက် ကျွေးမွေးပါ။ လိုအပ်တဲ့ အာဟာရဆိုရာမှာ ဗီတာမင်၊ သတ္တုဓာတ်၊ အဆီဓာတ်၊ အသားဓာတ်၊ အမျှင်ဓာတ်နဲ့ ရေကို လုံလောက်စွာ ရရှိစေဖို့ လိုပါတယ်။ ကယ်လ်စီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ် ကြွယ်ဝတဲ့ အစားအစာ စတာတွေကလည်း ကလေးငယ် အတွက် အကျိုးရှိစေတာ ကြောင့် ဖြည့်စွက် ကျွေးမွေး သင့်ပါတယ်။

၃။ကိုယ်ဝန်ဆောင်နေချိန်မှာ အရက်နဲ့ ဆေးလိပ် သောက်သုံးခြင်းကို လုံးဝ မပြုလုပ်ဖို့နဲ့ သင်ကိုယ်တိုင်ကလည်း ကိုယ်ဝန်ဆောင်သည်ရဲ့ ဘေးမှာ ဆေးလိပ် မသောက်သင့်ပါ။

၄။လမ်းလျှောက်တာနဲ့ ရေကူးတာလိုမျိုး ပုံမှန် လေ့ကျင့်ခန်းတွေ ပြုလုပ် နိုင်အောင် ဂရုစိုက် ပြောဆိုပေးပါ။ ပုံမှန် လေ့ကျင့်ခန်း ပြုလုပ်တာဟာ ကြွက်သားကို ဖွံ့ဖြိုးစေပြီး ကလေးမွေးရ၊ ဖွားရလည်း လွယ်ကူ စေနိုင်ပါတယ်။

၅။သင့်ဇနီးဟာ လုပ်ငန်းခွင် ဝင်နေရသူဆိုရင် သင့်ဇနီးသည် အလုပ်နားတဲ့ ရက်တွေမှာ သီချင်း နားထောင်တာမျိုး၊ ရယ်စရာ ဟာသဇာတ်ကား ကြည့်တာမျိုးတွေ ပြုလုပ်ပြီး အပန်းဖြေ နိုင်အောင် စီစဉ်ပေးပါ။ ဒါမှမဟုတ် ဇနီးသည်နဲ့အတူ အချိန်ဖြုန်းတာမျိုး၊ မီးဖိုချောင် အတူဝင်တာ မျိုးတွေ ပြုလုပ်ပါ။

၆။နားလည်မှုနဲ့ အတူ ချစ်ခင်ကြင်နာပါ။ ဒါဟာ အရေးပါတဲ့ အချက်တစ်ခု ပါပဲ။ သင့်ဇနီးမှာ ဖြစ်ပေါ်နေတဲ့ စိတ်မချမ်းမြေ့မှု တွေကို သင်ကိုယ်တိုင်ကသာ အကောင်းဆုံး ဖြေရှင်း ပေးနိုင်မှာပါ။ နှစ်သိမ့်ပေးပါ။ ဒါဟာ သင့်ဇနီးအတွက် အကောင်းဆုံး အားဆေး တစ်လက် ဖြစ်စေမှာပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:မြဝတီ
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top