Property Expo
×

အေမရိကန္ႏုိင္ငံတြင္ သုံးလႏွင့္ ေလးလၾကာေနထိုင္၍ ပညာသင္ၾကားခြင့္ရရွိမည့္ ၂၀၁၇ ဖူးလ္ဘ႐ုိက္ အေမရိကန္-အာဆီ ယံ ပညာသင္ဆုအစီအစဥ္ (US-AS)ကို ယခုလ ၃၀ ရက္ ေနာက္ဆုံးထား ေလွ်ာက္ထားရမည္ျဖစ္ေၾကာင္း အေမရိကန္သံ႐ုံးက သတင္းထုတ္ျပန္သည္။

ဖူးလ္ဘ႐ုိက္ အေမရိကန္- အာဆီယံပညာသင္ဆုကို တကၠ  သိုလ္မ်ားမွ ဆရာ၊ ဆရာမမ်ား၊ အ စိုးရ႐ုံးႏွင့္ ၀န္ႀကီးဌာနမ်ားမွ ၀န္ ထမ္းမ်ား၊ အႀကံေပးပညာရွင္မ်ား ႏွင့္ အစိုးရမဟုတ္သည့္ အဖဲြ႕အ စည္းမ်ားမွ ၀န္ထမ္းမ်ားေလွ်ာက္ ထားႏုိင္ၿပီး သုေတသနလုပ္ငန္းမ်ား၊ ေဟာေျပာပဲြမ်ား၊ ႏုိင္ငံတကာညီ လာခံမ်ားႏွင့္ သင္ၾကားပို႔ခ်ခ်က္မ်ားတက္ေရာက္ႏုိင္မည္ ျဖစ္သည္။

အဆုိပါ ပညာသင္ဆုကို အာဆီယံအဖဲြ႕၀င္ႏုိင္ငံမ်ားႏွင့္ သက္ဆုိင္သည့္ စီးပြားေရး၊ ေရ ေၾကာင္းပူးေပါင္းေဆာင္ရြက္မႈ၊ အမ်ဳိးသမီးအခြင့္အေရး၊ လူကုန္ ကူးမႈ၊ ရာသီဥတုေျပာင္းလဲျခင္း၊ အစြန္းေရာက္ အၾကမ္းဖက္မႈမ်ား၊ ပတ္၀န္းက်င္ထိန္းသိမ္းေရး၊ စား နပ္ရိကၡာနည္းပညာ၊ ပညာေရး၊ သတင္းအခ်က္အလက္ဆုိင္ရာ သိပၸံ၊ သတင္းစာပညာ၊ ဥပေဒ၊ ႏုိင္ငံေရးသိပၸံ၊ ျပည္သူ႔ေရးရာစီမံ ခန္႔ခဲြေရး၊ က်န္းမာေရး၊ လူမႈေရး၊ လူမႈေဗဒ၊ စာရင္းအင္း၊ ကုန္သြယ္ ေရးႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈအပါအ၀င္ က႑အသီးသီးအတြက္ ေလွ်ာက္ ထားႏုိင္သည္။

ေလွ်ာက္ထားလုိသူမ်ား သည္ ျမန္မာႏုိင္ငံသားျဖစ္ရမည္ျဖစ္ၿပီးဘဲြ႕တစ္ခုခု ရရွိထားသူျဖစ္ကာ  အဂၤလိပ္စာကြၽမ္းက်င္မႈ အနည္းဆုံး TOEFL ၅၅၀ ရရွိသူ ျဖစ္ရမည္ ျဖစ္သည္။

ေလွ်ာက္ထားသည့္ ဘာသာရပ္ႏွင့္ သက္ဆုိင္သည့္ ဘဲြ႕တစ္ခုခုရရွိသူ(သို႔) လုပ္ငန္းအေတြ႕အႀကံဳရွိသူျဖစ္ၿပီး သက္ဆုိင္ရာ အဖဲြ႕အစည္းမွခြင့္ရရွိရမည္ျဖစ္သည္။

 ေလွ်ာက္ထားသူသည္ ေလွ်ာက္လႊာႏွင့္အတူ ေဆာင္ရြက္ မည့္ သုေတသနလုပ္ငန္း၊ ကိုယ္ ေရးအက်ဥ္း၊ ေဆာင္ရြက္ခဲ့သည့္ သုေတသနလုပ္ငန္းမ်ားႏွင့္ ရရွိခဲ့ သည့္ဆုမ်ား၊ ဘာသာရပ္ႏွင့္ ရ မွတ္မွတ္တမ္းမ်ား၊ ေထာက္ခံစာ သုံးေစာင္တို႔ကို စက္တင္ဘာ ၃၀ ရက္ ေနာက္ဆုံးထားေပးပို႔ရမည္ ျဖစ္သည္။

  အဆုိပါ ပညာသင္ဆု ေလွ်ာက္လႊာကို https://burma.usembassy.gov/fulbright-asean.html တြင္ Download ရ ယူေလွ်ာက္ထားႏုိင္ၿပီး ေရြးခ်ယ္ခံ ရပါက ေအာက္တိုဘာလလယ္ တြင္ ITP TOEFL  test ႏွင့္ ေအာက္တိုဘာလကုန္တြင္ လူေတြ႕စစ္ေဆး၍ ႏုိ၀င္ဘာလလယ္၌ ေရြးခ်ယ္ခံရသူမ်ားကို ေၾကညာမည္ျဖစ္ ေၾကာင္း အေမရိကန္သံ႐ုံးက သတင္းထုတ္ျပန္ထားသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily


#Unicode Version

အမေရိကန်နိုင်ငံတွင် သုံးလနှင့် လေးလကြာနေထိုင်၍ ပညာသင်ကြားခွင့်ရရှိမည့် ၂၀၁၇ ဖူးလ်ဘရိုက် အမေရိကန်-အာဆီ ယံ ပညာသင်ဆုအစီအစဉ် (US-AS)ကို ယခုလ ၃၀ ရက် နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်ကြောင်း အမေရိကန်သံရုံးက သတင်းထုတ်ပြန်သည်။

ဖူးလ်ဘရိုက် အမေရိကန်- အာဆီယံပညာသင်ဆုကို တက္က  သိုလ်များမှ ဆရာ၊ ဆရာမများ၊ အ စိုးရရုံးနှင့် ဝန်ကြီးဌာနများမှ ဝန် ထမ်းများ၊ အကြံပေးပညာရှင်များ နှင့် အစိုးရမဟုတ်သည့် အဖွဲ့အ စည်းများမှ ဝန်ထမ်းများလျှောက် ထားနိုင်ပြီး သုတေသနလုပ်ငန်းများ၊ ဟောပြောပွဲများ၊ နိုင်ငံတကာညီ လာခံများနှင့် သင်ကြားပို့ချချက်များတက်ရောက်နိုင်မည် ဖြစ်သည်။

အဆိုပါ ပညာသင်ဆုကို အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် သက်ဆိုင်သည့် စီးပွားရေး၊ ရေ ကြောင်းပူးပေါင်းဆောင်ရွက်မှု၊ အမျိုးသမီးအခွင့်အရေး၊ လူကုန် ကူးမှု၊ ရာသီဥတုပြောင်းလဲခြင်း၊ အစွန်းရောက် အကြမ်းဖက်မှုများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စား နပ်ရိက္ခာနည်းပညာ၊ ပညာရေး၊ သတင်းအချက်အလက်ဆိုင်ရာ သိပ္ပံ၊ သတင်းစာပညာ၊ ဥပဒေ၊ နိုင်ငံရေးသိပ္ပံ၊ ပြည်သူ့ရေးရာစီမံ ခန့်ခွဲရေး၊ ကျန်းမာရေး၊ လူမှုရေး၊ လူမှုဗေဒ၊ စာရင်းအင်း၊ ကုန်သွယ် ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအပါအဝင် ကဏ္ဍအသီးသီးအတွက် လျှောက် ထားနိုင်သည်။

လျှောက်ထားလိုသူများ သည် မြန်မာနိုင်ငံသားဖြစ်ရမည်ဖြစ်ပြီးဘွဲ့တစ်ခုခု ရရှိထားသူဖြစ်ကာ  အင်္ဂလိပ်စာကျွမ်းကျင်မှု အနည်းဆုံး TOEFL ၅၅၀ ရရှိသူ ဖြစ်ရမည် ဖြစ်သည်။

လျှောက်ထားသည့် ဘာသာရပ်နှင့် သက်ဆိုင်သည့် ဘွဲ့တစ်ခုခုရရှိသူ(သို့) လုပ်ငန်းအတွေ့အကြုံရှိသူဖြစ်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းမှခွင့်ရရှိရမည်ဖြစ်သည်။

 လျှောက်ထားသူသည် လျှောက်လွှာနှင့်အတူ ဆောင်ရွက် မည့် သုတေသနလုပ်ငန်း၊ ကိုယ် ရေးအကျဉ်း၊ ဆောင်ရွက်ခဲ့သည့် သုတေသနလုပ်ငန်းများနှင့် ရရှိခဲ့ သည့်ဆုများ၊ ဘာသာရပ်နှင့် ရ မှတ်မှတ်တမ်းများ၊ ထောက်ခံစာ သုံးစောင်တို့ကို စက်တင်ဘာ ၃၀ ရက် နောက်ဆုံးထားပေးပို့ရမည် ဖြစ်သည်။

  အဆိုပါ ပညာသင်ဆု လျှောက်လွှာကို https://burma.usembassy.gov/fulbright-asean.html တွင် Download ရ ယူလျှောက်ထားနိုင်ပြီး ရွေးချယ်ခံ ရပါက အောက်တိုဘာလလယ် တွင် ITP TOEFL  test နှင့် အောက်တိုဘာလကုန်တွင် လူတွေ့စစ်ဆေး၍ နိုဝင်ဘာလလယ်၌ ရွေးချယ်ခံရသူများကို ကြေညာမည်ဖြစ် ကြောင်း အမေရိကန်သံရုံးက သတင်းထုတ်ပြန်ထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top