Property Expo
×

မိမိပုိင္ဆုိင္ထားတဲ့ ခ်စ္ျခင္းတစ္ခုတည္းကုိေတာ့ ဘယ္သူကုိမွ မွ်ေဝ မေပးခ်င္ၾကတာ အမွန္ပါပဲ။ သားသမီးခ်င္းပဲျဖစ္ေစ၊ ညီအစ္မခ်င္းပဲ ျဖစ္ေစ၊ ညီအစ္ကုိခ်င္းပဲ ျဖစ္ေစ။ ခ်စ္သူတစ္ေယာက္တည္းကုိ ႏွစ္ ေယာက္ခြဲေဝၿပီး ခ်စ္ၾကဖုိ႔ဆုိတာ ဘယ္လုိမွ မျဖစ္ႏုိင္တဲ့ ကိစၥပါ။
အခုလည္း တရုတ္ႏုိင္ငံမွာ သားအမိႏွစ္ဦးသား အျပင္းအထန္ရန္ ျဖစ္တုိက္ခုိက္ၾကတ့ဲ အထိေရာက္ခဲ့ရတာကေတာ့ ဒီလုိမ်ိဳး ခ်စ္သူ တစ္ဦးကို ႏွစ္ေယာက္ေပါင္းၿပီး ခ်စ္ရတဲ့ ကိစၥေၾကာင့္ပါပဲ။

လိမ္ညာ ဟန္ေဆာင္မႈေတြ ပုိမ်ားလာတဲ့ ယေန႔လုိအင္တာနက္ ေခတ္ႀကီးထဲ မွာ မျမင္ေတြ႔ရဘဲ ခ်စ္ေနၾကတဲ့ အြန္လုိင္းခ်စ္သူေတြၾကားမွာ ဒီလုိ ဟန္ေဆာင္လိမ္ညာၿပီး အခ်စ္တည္ေဆာက္ထားၾကတာ မ်ားပါ တယ္။

တရုတ္ႏုိင္ငံ၊ ဝူဟီေကာင္တိ၊ အင္ဟူျပည္နယ္မွာေနထုိင္တဲ့ သားအ မိႏွစ္ေယာက္စလံုးက အင္တာနက္ေပၚမွာ ေတြ႔တဲ့အမ်ိဳးသားတစ္ဦး ကုိ ခ်စ္ႀကိဳက္ခဲ့ၾကပါတယ္။ တစ္ရက္ေရာက္ေတာ့ သူတုိ႔သားအမိ ႏွစ္ေယာက္စလံုးရဲ႕ ခ်စ္သူက အမ်ိဳးသားတစ္ဦးတည္း ျဖစ္ေနတာ ကုိ သိရွိသြားခဲ့ၾကၿပီးေနာက္မွ သားအမိႏွစ္ဦးကထိန္းလုိ႔မရႏုိင္ ေလာက္တဲ့အထိကုိ ေဒါသ
ဆူပြက္ေစခဲ့ၾကကာ အျပင္းအထန္ကုိ တစ္ေယာက္နဲ႔တစ္ေယာက္ တုိက္ခုိက္ၾကပါေတာ့တယ္။

ေနအိမ္အနီးအနားက သက္ဆုိင္ရာရဲတပ္ဖြဲ႕ဝင္ေတြ ေရာက္ရွိလာၿပီး ထိန္းသိမ္းသည့္တုိင္ေအာင္ ရန္ပြဲကအရွိန္သတ္လုိ႔ မရေသးခဲ့တာ လည္း ျဖစ္ပါတယ္။

Credit: ဖိုးသူေတာ္ (www.phothutaw.com)
ဖိုးသူေတာ္ Team မွ ဘာသာျပန္သည္။

#Unicode Version

မိမိပိုင်ဆိုင်ထားတဲ့ ချစ်ခြင်းတစ်ခုတည်းကိုတော့ ဘယ်သူကိုမှ မျှဝေ မပေးချင်ကြတာ အမှန်ပါပဲ။ သားသမီးချင်းပဲဖြစ်စေ၊ ညီအစ်မချင်းပဲ ဖြစ်စေ၊ ညီအစ်ကိုချင်းပဲ ဖြစ်စေ။ ချစ်သူတစ်ယောက်တည်းကို နှစ် ယောက်ခွဲဝေပြီး ချစ်ကြဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စပါ။

အခုလည်း တရုတ်နိုင်ငံမှာ သားအမိနှစ်ဦးသား အပြင်းအထန်ရန် ဖြစ်တိုက်ခိုက်ကြတဲ့ အထိရောက်ခဲ့ရတာကတော့ ဒီလိုမျိုး ချစ်သူ တစ်ဦးကို နှစ်ယောက်ပေါင်းပြီး ချစ်ရတဲ့ ကိစ္စကြောင့်ပါပဲ။

လိမ်ညာ ဟန်ဆောင်မှုတွေ ပိုများလာတဲ့ ယနေ့လိုအင်တာနက် ခေတ်ကြီးထဲ မှာ မမြင်တွေ့ရဘဲ ချစ်နေကြတဲ့ အွန်လိုင်းချစ်သူတွေကြားမှာ ဒီလို ဟန်ဆောင်လိမ်ညာပြီး အချစ်တည်ဆောက်ထားကြတာ များပါ တယ်။

တရုတ်နိုင်ငံ၊ ဝူဟီကောင်တိ၊ အင်ဟူပြည်နယ်မှာနေထိုင်တဲ့ သားအ မိနှစ်ယောက်စလုံးက အင်တာနက်ပေါ်မှာ တွေ့တဲ့အမျိုးသားတစ်ဦး ကို ချစ်ကြိုက်ခဲ့ကြပါတယ်။ တစ်ရက်ရောက်တော့ သူတို့သားအမိ နှစ်ယောက်စလုံးရဲ့ ချစ်သူက အမျိုးသားတစ်ဦးတည်း ဖြစ်နေတာ ကို သိရှိသွားခဲ့ကြပြီးနောက်မှ သားအမိနှစ်ဦးကထိန်းလို့မရနိုင် လောက်တဲ့အထိကို ဒေါသ
ဆူပွက်စေခဲ့ကြကာ အပြင်းအထန်ကို တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်ကြပါတော့တယ်။

နေအိမ်အနီးအနားက သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး ထိန်းသိမ်းသည့်တိုင်အောင် ရန်ပွဲကအရှိန်သတ်လို့ မရသေးခဲ့တာ လည်း ဖြစ်ပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top