Shwe Zabu River View Condominium Promotion
×




Credit : Duwun



#Unicode Version

မက္ကဆီကိုနိုင်ငံက Cathedral of Guadalajara ပြတိုက်မှာ ထားရှိတဲ့ သူတော်စင်ရုပ်အလောင်းဟာ နှစ်ပေါင်း ၃၀၀ အကြာမှ ရုတ်တရက် မျက်လုံးပွင့်လာခဲ့တယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ လောက်က သေဆုံးခဲ့သူအမျိုးသမီးငယ် (အပြစ်ကင်းသည့် သူတောင်စင်ကလေးဟုခေါ်ကြ) အလောင်းကို ဖယောင်းသွင်းပြီး ဆေးရည်စိမ်ကာ မှန်ခန်းအတွင်း ထည့်ထားခဲ့တာဖြစ်ပါတယ်။ အဲဒီပြတိုက်အတွင်းကို ခရီးသွားတွေ လာရောက်လေ့လာလေ့ရှိပါတယ်။ ခရီးသွားတစ်ဦးက သူတောင်စင် အမျိုးသမီးငယ်ရုပ်အလောင်း ထည့်ထားတဲ့ မှန်အခေါင်းကို ဓာတ်ပုံရိုက်လိုက်တဲ့ အချိန်မှာ မျက်လုံးပွင့်လာတာလို့ ဆိုပါတယ်။

ဒီဗီဒီယိုဖိုင်ကို Yourtube မှာတင်ပြီးနောက် ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ တစ်သန်းနီးပါးရှိနေပြီဖြစ်ပါတယ်။ နှစ် ၃၀၀ လောက်ရှိပြီဖြစ်ပေမယ့် အမျိုးသမီးငယ်ရဲ့ မျက်နှာဟာ မပုပ်သိုး၊ မဆွေးမြေ့ပဲရှိခဲ့တယ်လို့ သိရပါတယ်။ အချို့ကတော့ ဒီဖြစ်ရပ်ကို မယုံကြည်ကြဘူးလို့ လူမှုကွန်ယက်ကမှာ ဝေဖန်လျှက်ရှိပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top