Property Expo
×

မီခ်ီဂန္တကၠသိုလ္ေကာလိပ္ရဲ႕ ေလ့လာေတြ႔ရွိခ်က္တစ္ခုအရ ရုိလာကုိစတာေတြဟာ ေက်ာက္ကပ္မွာ ရွိေနတဲ့ ေက်ာက္ေတြကုိေတာင္ ေခ်ဖ်က္ေပးႏုိင္တယ္လုိ႔ သိရပါတယ္။ ဒီေလ့လာမႈကုိ လြန္ခဲ့တဲ့ႏွစ္ေတြတုန္းက လူနာေတြကုိ ကစားကြင္းပန္းျခံေတြထဲ ေခၚသြားၿပီး ေလ့လာရာကေန ေတြ႔ရွိခဲ့ရတာ ျဖစ္ပါတယ္။

ေက်ာက္ကပ္မွာ ေက်ာက္တည္တယ္ဆုိတဲ့ ေရာဂါဟာ လူ ၁၁ေယာက္မွာ ၁ေယာက္ျဖစ္ႏုိင္ေျခရွိၿပီး အဓိကျပသနာ တစ္ရပ္ျဖစ္လာခဲ့ပါတယ္။

ေက်ာက္ေတြဟာ ကယ္လ္ဆီယမ္ဓာတ္နဲ႔တျခား ဓာတ္ေတြေၾကာင့္ ေက်ာက္ကပ္မွာ ၄မီလီမီတာထက္ငယ္တဲ့ ေက်ာက္တံုးေလးေတြျဖစ္ေပၚလာတာျဖစ္ပါတယ္။ ဒီေက်ာက္ေတြဟာ ေသးငယ္ရင္ ခႏၶာကုိယ္ရဲ႕ စနစ္ကေန အလုိအေလ်ာက္စြန္႔ထုတ္ပစ္ႏုိင္ေပမယ့္ ႀကီးမားလာရင္ေတာ့ နာက်င္လာၿပီး ဆရာဝန္နဲ႔ ေတြ႔ဆံုဖုိ႔ လုိအပ္လာတာ ျဖစ္ပါတယ္။

ပညာရွင္ေတြက လူနာေတြဟာ ဒစ္စေနလန္းမွာရွိတဲ့ Big Thunder Mountain Railroad ကုိစတာႀကီးစီးၿပီးတဲ့အခါမွာ ေက်ာက္သံုးတံုးကုိ စြန္႔ထုတ္ႏုိင္ခဲ့တယ္လုိ႔ ေျပာၾကားခဲ့ပါတယ္။ ဒီလုိ ရုိလာကုိစတာစီးတာဟာ ေက်ာက္ေတြကုိ ၆၃.၈၉ရာခုိင္ႏႈန္းအထိ ေလ်ာ့က်သြားေစႏုိင္တယ္လုိ႔လည္း ဆုိခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thit Htoo Lwin

#Unicode Version
မီချီဂန်တက္ကသိုလ်ကောလိပ်ရဲ့ လေ့လာတွေ့ရှိချက်တစ်ခုအရ ရိုလာကိုစတာတွေဟာ ကျောက်ကပ်မှာ ရှိနေတဲ့ ကျောက်တွေကိုတောင် ချေဖျက်ပေးနိုင်တယ်လို့ သိရပါတယ်။ ဒီလေ့လာမှုကို လွန်ခဲ့တဲ့နှစ်တွေတုန်းက လူနာတွေကို ကစားကွင်းပန်းခြံတွေထဲ ခေါ်သွားပြီး လေ့လာရာကနေ တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

ကျောက်ကပ်မှာ ကျောက်တည်တယ်ဆိုတဲ့ ရောဂါဟာ လူ ၁၁ယောက်မှာ ၁ယောက်ဖြစ်နိုင်ခြေရှိပြီး အဓိကပြသနာ တစ်ရပ်ဖြစ်လာခဲ့ပါတယ်။

ကျောက်တွေဟာ ကယ်လ်ဆီယမ်ဓာတ်နဲ့တခြား ဓာတ်တွေကြောင့် ကျောက်ကပ်မှာ ၄မီလီမီတာထက်ငယ်တဲ့ ကျောက်တုံးလေးတွေဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ဒီကျောက်တွေဟာ သေးငယ်ရင် ခန္ဓာကိုယ်ရဲ့ စနစ်ကနေ အလိုအလျောက်စွန့်ထုတ်ပစ်နိုင်ပေမယ့် ကြီးမားလာရင်တော့ နာကျင်လာပြီး ဆရာဝန်နဲ့ တွေ့ဆုံဖို့ လိုအပ်လာတာ ဖြစ်ပါတယ်။

ပညာရှင်တွေက လူနာတွေဟာ ဒစ်စနေလန်းမှာရှိတဲ့ Big Thunder Mountain Railroad ကိုစတာကြီးစီးပြီးတဲ့အခါမှာ ကျောက်သုံးတုံးကို စွန့်ထုတ်နိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီလို ရိုလာကိုစတာစီးတာဟာ ကျောက်တွေကို ၆၃.၈၉ရာခိုင်နှုန်းအထိ လျော့ကျသွားစေနိုင်တယ်လို့လည်း ဆိုခဲ့ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top