Kantharyar Centre
×



Credit: duwun

#Unicode Version

New York တက္ကသိုလ်က ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုအရ ခေါ်လို့လွယ်တဲ့နာမည်ပိုင်ရှင်တွေကို လူတွေက ပိုသဘောကျတတ်ပြီး ဂရုစိုက်တာကို ခံကြရတယ်လို့ သိရပါတယ်။ ဒါကြောင့် သူတို့ဟာ လူ့အဖွဲ့အစည်းမှာလည်း မြင့်မားတဲ့ အဆင့်အတန်းကို ရောက်ကြတယ်လို့ ဆိုပါတယ်။ စိတ်ပညာရှင် အဒမ်အော်တာရဲ့ အဆိုအရ နာမည်က ခေါ်လို့လွယ်တဲ့အခါ အချက်အလက်ကို ဦးနှောက်က အလွယ်တကူ ရယူနိုင်ပြီး အဆိုပါအရာကို လူက ပိုနှစ်သက် ပိုသဘောကျလေ့ရှိပါတယ်။

၂၀၁၄ ခုနှစ်က လုပ်ခဲ့တဲ့ California တက္ကသိုလ်ရဲ့ သုတေသနမှာလည်း ခေါ်လို့လွယ်တဲ့နာမည်ပိုင်ရှင်တွေကို လူတွေကပိုယုံကြတယ်လို့ ဆိုပါတယ်။ သုတေသနမှာ ခရီးသည်တစ်ဦးအဖြစ် ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ခိုင်းပြီး လမ်းပြတစ်ဦးကို ရွေးခိုင်းခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ လမ်းပြတွေရဲ့ နာမည်ကိုသာ ပေးထားတဲ့အခါမှာ လူတွေက ခေါ်လို့လွယ်တဲ့နာမည်တွေကို ပိုယုံကြည်ကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top