Kantharyar Centre
×

  ႏိုင္ငံေရးသမား မ်ားစြာကို ေထာင္သြင္းအက်ဥ္းခ် ခဲ့သည့္ အေရးေပၚစီမံမႈအက္ဥပ ေဒအား ႐ုပ္သိမ္းသည့္ ဥပေဒ ၾကမ္းကို စက္တင္ဘာ ၂၁ ရက္ကအမ်ိဳးသားလႊတ္ေတာ္တြင္ အ တည္ျပဳခဲ့ရာ ၁၉၅၀ ၌ ျပ႒ာန္းခဲ့ေသာ သက္တမ္း ၆၆ ႏွစ္ရွိ ဥပေဒမွာ နိဂံုးခ်ဳပ္ခဲ့ၿပီျဖစ္သည္။


အမ်ိဳးသားလႊတ္ေတာ္ ဥပ ေဒၾကမ္းေကာ္မတီတြင္ တပ္မ ေတာ္သားကိုယ္စားလွယ္ႏွင့္ျပည္ ခိုင္ၿဖိဳးကိုယ္စားလွယ္တို႔မွ လြဲ၍ က်န္ကိုယ္စားလွယ္မ်ားက ႐ုပ္ သိမ္းသင့္ေၾကာင္း အႀကံျပဳသျဖင့္ လႊတ္ေတာ္၏အဆံုးအျဖတ္ကို ခံ ယူခဲ့ရသည္။

စက္ခလုတ္ႏွိပ္ လွ်ိဳ႕ဝွက္မဲခြဲ ရာတြင္ ေထာက္ခံမဲ ၁၂၈ မဲႏွင့္ ကန္႔ကြက္မဲ ၅၉ မဲရွိသျဖင့္ အေရး ေပၚစီမံမႈအက္ဥပေဒ ႐ုပ္သိမ္းႏုိင္ ခဲ့သည္။

အမ်ိဳးသားလႊတ္ေတာ္ ဥပ ေဒၾကမ္းေကာ္မတီက သေဘာ ထားမွတ္ခ်က္ေပးရာတြင္ ျမန္မာ ႏိုင္ငံ လြတ္လပ္ေရးရၿပီးေနာက္ ႏုိင္ငံေတာ္တြင္ ေရာင္စံုေသာင္း က်န္းသူမ်ား၏ ေဘးအႏၲရာယ္ မ်ားေၾကာင့္ အမွန္တကယ္အေရး ေပၚအေျခအေန ေပၚေပါက္ခဲ့သ ျဖင့္ အေရးေပၚစီမံမႈအက္ဥပေဒ ကို ျပ႒ာန္းခဲ့ျခင္းျဖစ္ေၾကာင္း၊ ယခုကာလတြင္ ထိုကဲ့သို႔ေသာ အေရးေပၚအေျခအေန ေပၚေပါက္ႏိုင္သည့္ အေနအထားမရွိေၾကာင္း သေဘာထားမွတ္ခ်က္ေပးသည္။

အေရးေပၚအေျခအေနေပၚ ေပါက္ပါကလည္း တည္ဆဲျဖစ္ သည့္ ၂၀၀၈ ဖြဲ႕စည္းပံုအေျခခံ ဥပေဒ အခန္း(၁၁)ပါ အေရးေပၚ ကာလဆိုင္ရာ ျပ႒ာန္းခ်က္မ်ား အရ ထိေရာက္စြာ ေဆာင္ရြက္ႏိုင္ ေၾကာင္း ေကာ္မတီက သေဘာ ထားမွတ္ခ်က္ေပးခဲ့သည္။

အေရးေပၚစီမံမႈအက္ဥပေဒ ႐ုပ္သိမ္းသည့္ ဥပေဒၾကမ္းကို ျပည္သူ႔လႊတ္ေတာ္ကလည္း အတည္ ျပဳခဲ့ၿပီးျဖစ္ရာ လႊတ္ေတာ္ႏွစ္ရပ္ အတည္ျပဳၿပီးျဖစ္၍ ၁၉၅၀ အေရးေပၚစီမံမႈအက္ဥပေဒမွာ နိဂံုးခ်ဳပ္ ခဲ့ၿပီျဖစ္သည္။

ယင္းဥပေဒတြင္ ပါရွိေသာ ပုဒ္မ ၅(ည)မွာ ႏိုင္ငံေရးပုဒ္မအျဖစ္ လူသိမ်ားၿပီး ႏုိင္ငံေရးသမားမ်ားစြာကို ေထာင္သြင္းအက်ဥ္း ခ်ခဲ့သည့္ ပုဒ္မျဖစ္သည္။

ယင္းဥပေဒကို ပထမအႀကိမ္လႊတ္ေတာ္သက္တမ္းတြင္ ႐ုပ္ သိမ္းရန္ ႏွစ္ႀကိမ္ႀကိဳးပမ္းခဲ့ေသာ္ လည္း မေအာင္ျမင္ခဲ့ေပ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
  နိုင်ငံရေးသမား များစွာကို ထောင်သွင်းအကျဉ်းချ ခဲ့သည့် အရေးပေါ်စီမံမှုအက်ဥပ ဒေအား ရုပ်သိမ်းသည့် ဥပဒေ ကြမ်းကို စက်တင်ဘာ ၂၁ ရက်ကအမျိုးသားလွှတ်တော်တွင် အ တည်ပြုခဲ့ရာ ၁၉၅၀ ၌ ပြဋ္ဌာန်းခဲ့သော သက်တမ်း ၆၆ နှစ်ရှိ ဥပဒေမှာ နိဂုံးချုပ်ခဲ့ပြီဖြစ်သည်။


အမျိုးသားလွှတ်တော် ဥပ ဒေကြမ်းကော်မတီတွင် တပ်မ တော်သားကိုယ်စားလှယ်နှင့်ပြည် ခိုင်ဖြိုးကိုယ်စားလှယ်တို့မှ လွဲ၍ ကျန်ကိုယ်စားလှယ်များက ရုပ် သိမ်းသင့်ကြောင်း အကြံပြုသဖြင့် လွှတ်တော်၏အဆုံးအဖြတ်ကို ခံ ယူခဲ့ရသည်။

စက်ခလုတ်နှိပ် လျှို့ဝှက်မဲခွဲ ရာတွင် ထောက်ခံမဲ ၁၂၈ မဲနှင့် ကန့်ကွက်မဲ ၅၉ မဲရှိသဖြင့် အရေး ပေါ်စီမံမှုအက်ဥပဒေ ရုပ်သိမ်းနိုင် ခဲ့သည်။

အမျိုးသားလွှတ်တော် ဥပ ဒေကြမ်းကော်မတီက သဘော ထားမှတ်ချက်ပေးရာတွင် မြန်မာ နိုင်ငံ လွတ်လပ်ရေးရပြီးနောက် နိုင်ငံတော်တွင် ရောင်စုံသောင်း ကျန်းသူများ၏ ဘေးအန္တရာယ် များကြောင့် အမှန်တကယ်အရေး ပေါ်အခြေအနေ ပေါ်ပေါက်ခဲ့သ ဖြင့် အရေးပေါ်စီမံမှုအက်ဥပဒေ ကို ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ကြောင်း၊ ယခုကာလတွင် ထိုကဲ့သို့သော အရေးပေါ်အခြေအနေ ပေါ်ပေါက်နိုင်သည့် အနေအထားမရှိကြောင်း သဘောထားမှတ်ချက်ပေးသည်။

အရေးပေါ်အခြေအနေပေါ် ပေါက်ပါကလည်း တည်ဆဲဖြစ် သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း(၁၁)ပါ အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ အရ ထိရောက်စွာ ဆောင်ရွက်နိုင် ကြောင်း ကော်မတီက သဘော ထားမှတ်ချက်ပေးခဲ့သည်။

အရေးပေါ်စီမံမှုအက်ဥပဒေ ရုပ်သိမ်းသည့် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်ကလည်း အတည် ပြုခဲ့ပြီးဖြစ်ရာ လွှတ်တော်နှစ်ရပ် အတည်ပြုပြီးဖြစ်၍ ၁၉၅၀ အရေးပေါ်စီမံမှုအက်ဥပဒေမှာ နိဂုံးချုပ် ခဲ့ပြီဖြစ်သည်။

ယင်းဥပဒေတွင် ပါရှိသော ပုဒ်မ ၅(ည)မှာ နိုင်ငံရေးပုဒ်မအဖြစ် လူသိများပြီး နိုင်ငံရေးသမားများစွာကို ထောင်သွင်းအကျဉ်း ချခဲ့သည့် ပုဒ်မဖြစ်သည်။

ယင်းဥပဒေကို ပထမအကြိမ်လွှတ်တော်သက်တမ်းတွင် ရုပ် သိမ်းရန် နှစ်ကြိမ်ကြိုးပမ်းခဲ့သော် လည်း မအောင်မြင်ခဲ့ပေ။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top