Property Expo
×










Credit: duwun

#Unicode Version

သေဆုံးသွားပြီဖြစ်တဲ့ ဆွေမျိုးသားခြင်းတွေရဲ့ အလောင်းတွေကို ပြန်လည်တူးဖော်ပြီး စိတ်နဲ့ နှလုံးသားကို သန့်ရှင်းစင်ကြယ်တဲ့ ပွဲတော်ကို အင်ဒိုနီးရှားနိုင်ငံတောင်းပိုင်းက ဆူလဝေဆီအရပ်မှာ နှစ်စဉ်ပြုလုပ်လေ့ရှိပါတယ်။

မြေမြှုပ်နှံပြီးသွားပြီဖြစ်တဲ့ သေဆုံးသူတွေရဲ့ ခန္ဓာကိုယ်တွေကို ပြန်လည်တူးဖော်ကာ ရေချိုးပေးခြင်း၊ အလှဆင်ပေးခြင်းနဲ့  အဝတ်အစားအသစ်တွေ ဝတ်ပေးခြင်းတွေ ပြုလုပ်လေ့ရှိပါတယ်။

ပြန်လည်တူးဖော်ပြီး သန့်ရှင်းပေးတဲ့ အလောင်းတွေထဲမှာ ကလေးငယ်တွေရဲ့ အလောင်းတွေတောင် ပါဝင်လေ့ရှိပါတယ်။ လူသေများကို သန့်ရှင်းပေးသည့်ပွဲတော် လို့ ခေါ်ဆိုကြပါတယ်။

အဲဒီအရပ်မှာတော့ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ ရိုးရာဖြစ်ပြီး သေဆုံးပြီးသား ခန္ဓာကိုယ်တွေကို ဒီလိုပြုလုပ်ပေးခြင်းဖြင့် ကျန်ရစ်သူ မိသားစုနဲ့အတူ သေဆုံးသူတွေက မိသားစုဝင်တွေအဖြစ် ဆက်ရှိနေမယ်လို့ ယုံကြည်ကြလို့ ဖြစ်ပါတယ်။

အဲဒီအရပ်မှာ တစ်စုံတစ်ယောက် သေဆုံးခဲ့ရင် အသုဘကို မြေမြှုပ်ဖို့ ရက်ရွှေ့ရလေ့ရှိပါတယ်။

ဆွေမျိုးတွေစုံတဲ့အထိ စောင့်ကြတာဖြစ်ပြီးတစ်ခါတစ်ရံမှာ နှစ်နဲ့ချီပြီး ကြာဖူးတယ်လို့ သိရပါတယ်။ ဝေလံခေါင်ဖျားတဲ့အရပ်မှာ ဒီပွဲကို စဉ်ဆက်မပြတ်လုပ်ကြလေ့ရှိပေမယ့် မိသားစုဝင်တွေအတွက် ငွေကုန်ကြေးကျများလေ့ရှိတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top