Kantharyar Centre
×




Credit : Duwun


#Unicode Version

တောမတ်စ် မိုး ဆိုတဲ့ အသက် ၇ နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ ကင်ဆာရောဂါ ခံစားနေရသူတွေအတွက် သူ့ရဲ့ဆံပင်တွေကို လှူဒါန်းခဲ့ပါတယ်။ ဒီလိုလှူဒါန်းနိုင်အောင်လည်း ၂ နှစ်ကြာ ဆံပင်ရှည်ထားခဲ့ပြီးမှ လှူခဲ့တာပါ။

ကင်ဆာရောဂါခံစားနေရလို့ ဆံပင်တွေမရှိတော့တဲ့ ကောင်မလေးတစ်ဦးရဲ့ ဗီဒီယိုကို မြင်တွေ့ရာမှာ တောမတ်စ်က ယခုလိုစိတ်ကူးရခဲ့တယ်လို့ ဆိုပါတယ်။ သူက အချိန်အကန့်အသတ်နဲ့ ဆံပင်ရှည်ထားခဲ့တာတော့မဟုတ်ပါဘူး။ ဆံပင်အရှည်တွေက ကောင်မလေးအတွက် လုံလောက်ပြီလို့ ယူဆရချိန်မှာ သူ့ဆံပင်တွေကိုဖြတ်ပြီးပေးခဲ့တာဖြစ်ပါတယ်။

တောမတ်စ်ရဲ့ဆံပင်တွေကနေ ဆံပင်တု သုံးခု ပြုလုပ်နိုင်ခဲ့ပြီး ကင်ဆာသည်ကလေးတွေကို လှူဒါန်းနိုင်ခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top