Property Expo
×

အသက္ ၁၈ ႏွစ္အရြယ္ အမ်ိဳးသမီးကုိ ထိုးႀကိတ္ရိုက္ႏွက္ကာ ေနအိမ္ အတြင္း သံႀကိဳးျဖင့္ ခ်ည္ေႏွာင္ ပိတ္ေလွာင္ၿပီး ခိုးယူေပါင္းသင္းခ့ဲသည့္ ေက်ာ္လင္းထြန္းကုိ ေျမာက္ဥကၠလာပတရားရံုးတြင္ ယေန႔ အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္ ၂ ႏွစ္ အမိန္႔ခ်မွတ္ခဲ့ေၾကာင္း အမႈကို လိုက္ပါကူညီေပးေနသည့္ အခရာအဖဲြ႔မွ သိရသည္။

ျဖစ္စဥ္မွာ အသက္ ၃၂ အရြယ္ရွိ ေက်ာ္လင္းထြန္းဆိုသူက အသက္ ၁၈ ႏွစ္အရြယ္ အမ်ိဳးသမီးကို ၁ လခန္႔ ခိုးယူေပါင္းသင္းကာ အဓမၼျပဳက်င့္ခဲ့ေၾကာင္း၊ ေနအိမ္အတြင္း သံႀကိဳးျဖင့္ခ်ည္ေႏွာင္ကာ ေသာ့ခတ္ပိတ္ေလွာင္ကာ အမ်ိဳးသမီးကို လက္သီးႏွင့္ ထိုးျခင္း၊ စတီးဓားျဖင့္ ျခစ္ျခင္း၊ ၾကက္ေမြးလက္ကိုင္ရိုးျဖင့္ ရိုက္ႏွက္ျခင္းမ်ား ျပဳလုပ္ခဲ့သည့္အတြက္ အိမ္နီးနားခ်င္းမ်ားက အမ်ိဳးသမီးဘက္မွ မိခင္ကို အသိေပး ေျပာၾကားခဲ့ေၾကာင္း သိရသည္။

“အမႈကို စၿပီး တရားစြဲကတည္းက က်မတုိ႔ ကူညီခဲ့ပါတယ္။ အမႈနဲ႔ ပတ္သက္ၿပီး တရားရံုးရဲ႕ အမိန္႔ခ်မွတ္မႈကို တရားလိုဘက္ကလဲ သိပ္မေက်နပ္ပါဘူး။ အမႈကိုၾကည့္ရင္ ျပစ္မႈနဲ႔ ျပစ္ဒဏ္ ခ်မွတ္မႈက နည္းတယ္လို႔ ေျပာလို႔ရပါတယ္” ဟု အခရာအဖြဲ႔မွ တာ၀န္ရွိသူ မ၀င္း၀င္းခိုင္က ဆုိသည္။

ထို႔ေၾကာင့္ ႏွိပ္စက္ခံရသည့္ အမ်ိဳးသမီး၏ မိခင္က တရားလိုျပဳလုပ္ကာ ေဝဘာဂီရဲစခန္းသို႔ တုိင္ၾကားသျဖင့္ မတရားခ်ဳပ္ေႏွာင္ထားမႈ ပုဒ္မ ၃၆၅၊ သာမာန္နာက်င္ေစမႈ ပုဒ္မ ၃၂၃ ျဖင့္ စြဲခ်က္တင္ကာ ၂၀၁၅ ခုႏွစ္၊ ႏုိ၀င္ဘာလ ၂၀ ရက္ေန႔တြင္ ေျမာက္ဥကၠလာပ တရားရံုးတြင္ စတင္စစ္ေဆးခဲ့ေၾကာင္း သိရသည္။

အမႈ စတင္စစ္ေဆးခဲ့သည့္အခ်ိန္မွ စတင္ၿပီး ရံုးခ်ိန္းေပါင္း ၃၀ ေက်ာ္ ေခၚယူခဲ့ၿပီး ယေန႔တြင္ ျပစ္မႈ က်ဴးလြန္သူ ေက်ာ္လင္းထြန္းကို ပုဒ္မ ၃၆၅ အရ အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္ ၂ ႏွစ္၊ ပုဒ္မ ၃၂၃ အရ ေထာင္ဒဏ္ ၆ လ ျဖင့္ တေပါင္းထဲ ျပစ္ဒဏ္အျဖစ္ အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္ ၂ ႏွစ္ ခ်မွတ္ခဲ့ေၾကာင္း သိရသည္။

“ ျမန္မာႏုိင္ငံက ဥပေဒက ဥပေဒထဲမွာဘဲ ရွိတယ္။ လက္ခံက်င့္သံုးမႈက အားနည္းေနတယ္။ ျပစ္မႈထက္ ျပစ္ဒဏ္က ေလ်ာ့ေလ်ာ့ေပါ့ေပါ့ ျဖစ္ေနေတာ့ က်ဴးလြန္သူေတြက က်ဴးလြန္ဖုိ႔ ၀န္မေလးဘူး ျဖစ္ေနတယ္” ဟု အခရာအဖြဲ႔မွ မ၀င္း၀င္းခိုင္က ဆုိသည္။

အခရာအဖြဲ႔သည္ အမ်ိဳးသမီးမ်ား အခြင့္အေရးဆံုးရံူးေနသည့္ ကိစၥရပ္မ်ားႏွင့္ ပတ္သက္ၿပီး ဥပေဒအရ ထိေရာက္ေသာ အေရးယူမႈမ်ား ျဖစ္ေပၚလာေရးအတြက္ အမ်ိဳးသမီးမ်ားဘက္မွ လိုက္ပါကူညီေနသည့္ အဖြဲ႔အစည္းတခုျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: irrawaddy

#Unicode Version

အသက် ၁၈ နှစ်အရွယ် အမျိုးသမီးကို ထိုးကြိတ်ရိုက်နှက်ကာ နေအိမ် အတွင်း သံကြိုးဖြင့် ချည်နှောင် ပိတ်လှောင်ပြီး ခိုးယူပေါင်းသင်းခဲ့သည့် ကျော်လင်းထွန်းကို မြောက်ဥက္ကလာပတရားရုံးတွင် ယနေ့ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ခဲ့ကြောင်း အမှုကို လိုက်ပါကူညီပေးနေသည့် အခရာအဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ အသက် ၃၂ အရွယ်ရှိ ကျော်လင်းထွန်းဆိုသူက အသက် ၁၈ နှစ်အရွယ် အမျိုးသမီးကို ၁ လခန့် ခိုးယူပေါင်းသင်းကာ အဓမ္မပြုကျင့်ခဲ့ကြောင်း၊ နေအိမ်အတွင်း သံကြိုးဖြင့်ချည်နှောင်ကာ သော့ခတ်ပိတ်လှောင်ကာ အမျိုးသမီးကို လက်သီးနှင့် ထိုးခြင်း၊ စတီးဓားဖြင့် ခြစ်ခြင်း၊ ကြက်မွေးလက်ကိုင်ရိုးဖြင့် ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့သည့်အတွက် အိမ်နီးနားချင်းများက အမျိုးသမီးဘက်မှ မိခင်ကို အသိပေး ပြောကြားခဲ့ကြောင်း သိရသည်။

“အမှုကို စပြီး တရားစွဲကတည်းက ကျမတို့ ကူညီခဲ့ပါတယ်။ အမှုနဲ့ ပတ်သက်ပြီး တရားရုံးရဲ့ အမိန့်ချမှတ်မှုကို တရားလိုဘက်ကလဲ သိပ်မကျေနပ်ပါဘူး။ အမှုကိုကြည့်ရင် ပြစ်မှုနဲ့ ပြစ်ဒဏ် ချမှတ်မှုက နည်းတယ်လို့ ပြောလို့ရပါတယ်” ဟု အခရာအဖွဲ့မှ တာဝန်ရှိသူ မဝင်းဝင်းခိုင်က ဆိုသည်။

ထို့ကြောင့် နှိပ်စက်ခံရသည့် အမျိုးသမီး၏ မိခင်က တရားလိုပြုလုပ်ကာ ဝေဘာဂီရဲစခန်းသို့ တိုင်ကြားသဖြင့် မတရားချုပ်နှောင်ထားမှု ပုဒ်မ ၃၆၅၊ သာမာန်နာကျင်စေမှု ပုဒ်မ ၃၂၃ ဖြင့် စွဲချက်တင်ကာ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် မြောက်ဥက္ကလာပ တရားရုံးတွင် စတင်စစ်ဆေးခဲ့ကြောင်း သိရသည်။

အမှု စတင်စစ်ဆေးခဲ့သည့်အချိန်မှ စတင်ပြီး ရုံးချိန်းပေါင်း ၃၀ ကျော် ခေါ်ယူခဲ့ပြီး ယနေ့တွင် ပြစ်မှု ကျူးလွန်သူ ကျော်လင်းထွန်းကို ပုဒ်မ ၃၆၅ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်၊ ပုဒ်မ ၃၂၃ အရ ထောင်ဒဏ် ၆ လ ဖြင့် တပေါင်းထဲ ပြစ်ဒဏ်အဖြစ် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

“ မြန်မာနိုင်ငံက ဥပဒေက ဥပဒေထဲမှာဘဲ ရှိတယ်။ လက်ခံကျင့်သုံးမှုက အားနည်းနေတယ်။ ပြစ်မှုထက် ပြစ်ဒဏ်က လျော့လျော့ပေါ့ပေါ့ ဖြစ်နေတော့ ကျူးလွန်သူတွေက ကျူးလွန်ဖို့ ဝန်မလေးဘူး ဖြစ်နေတယ်” ဟု အခရာအဖွဲ့မှ မဝင်းဝင်းခိုင်က ဆိုသည်။

အခရာအဖွဲ့သည် အမျိုးသမီးများ အခွင့်အရေးဆုံးရူံးနေသည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဥပဒေအရ ထိရောက်သော အရေးယူမှုများ ဖြစ်ပေါ်လာရေးအတွက် အမျိုးသမီးများဘက်မှ လိုက်ပါကူညီနေသည့် အဖွဲ့အစည်းတခုဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: irrawaddy
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top