Property Expo
×

သတ္မွတ္မုိင္ႏႈန္းထက္ ပုိေမာင္းေသာ ယာဥ္မ်ား ဖမ္းဆီးမည္ဟု ေၾကညာထားစဥ္ (ဓာတ္ပံု − အျမန္လမ္းရဲတပ္ဖြဲ႕)

 ရန္ကုန္-မႏၲေလး အျမန္လမ္းတြင္ သတ္မွတ္မုိင္ႏႈန္း ထက္ ပိုမိုေမာင္းႏွင္သည့္ ယာဥ္မ်ားကို စက္တင္ဘာ  ၁ ရက္မွ စတင္ဖမ္းဆီးခဲ့ရာ ဖမ္းဆီးသည့္ ေန႔တြင္ပင္ ယာဥ္အစီးေရ ၃၇ စီးကို အေရးယူထားေၾကာင္း သတင္းရရွိသည္။


‘‘ဖမ္းဆီးအေရးယူျဖစ္တဲ့ အ ဓိကရည္ရြယ္ခ်က္ကေတာ့ အျမန္လမ္းမႀကီးေပၚမွာ ျဖစ္ပြားတဲ့ ယာဥ္မေတာ္တဆမႈေတြ အဓိက ျဖစ္ရတဲ့အေၾကာင္းရင္းက သတ္ မွတ္မိုင္ႏႈန္းထက္ ေက်ာ္လြန္ ေမာင္းႏွင္မႈ၊ အရွိန္ျပင္းေမာင္းႏွင္ မႈေၾကာင့္ ျဖစ္တယ္ဆိုတာ ကြၽန္ ေတာ္တို႔စိစစ္ေတြ႕ရွိရတဲ့အတြက္ အရွိန္ႏႈန္းတိုင္းကိရိယာနဲ႔ ဖမ္းဆီး အေရးယူေဆာင္ရြက္ျခင္း ျဖစ္ပါ တယ္’’ဟု အျမန္လမ္းရဲတပ္ဖြဲ႕မွ တာဝန္ရွိသူ ဒုရဲမွဴးႀကီးစိုးျမင့္ဦး ကေျပာသည္။

စက္တင္ဘာ ၁ ရက္ကစ၍ ရန္ကုန္-မႏၲေလး အျမန္လမ္းေပၚတြင္ မိုဘိုင္းေရြ႕လ်ားစနစ္ျဖင့္ သတ္မွတ္မိုင္ႏႈန္း တစ္နာရီ မုိင္ ၆၀၊ ကီလို ၁၀၀ အထက္ ေမာင္းႏွင္သည့္ ယာဥ္မ်ားကို ဖမ္းဆီး၍ ေနျပည္ေတာ္ ဇမၺဴသီရိၿမိဳ႕နယ္ရွိ ယာဥ္စည္းကမ္းထိန္းသိမ္းေရးတရား႐ံုးတြင္ ဒဏ္ေငြ က်ပ္ငါးေသာင္းျဖင့္ ခ်က္ခ်င္းဒဏ္တပ္အေရးယူ ေဆာင္ရြက္ခဲ့ေၾကာင္း သိရသည္။

သတ္မွတ္မုိင္ႏႈန္းထက္ ပိုမို ေမာင္းႏွင္သည့္ယာဥ္မ်ားကို ဖမ္း ဆီးရာတြင္ ယာဥ္အစီးေရ ၃၇ စီး ဖမ္းဆီးရရွိထားၿပီး ၁၃ စီးမွာ ဒဏ္ ေငြေဆာင္ၿပီးျဖစ္၍ ၂၁ စီး က်န္ရွိ ေၾကာင္း အျမန္လမ္းရဲတပ္ဖြဲ႕မွ သိရသည္။

‘‘ဖမ္းဆီးရမိတဲ့ ကားေတြ အားလံုးက အိမ္စီးကားေတြခ်ည္း ပဲ ျဖစ္ပါတယ္။ သူတို႔ကို ၂၀၁၅ ခုႏွစ္ စက္တင္ဘာ ၉ ရက္ေန႔က ထုတ္တဲ့ ေမာ္ေတာ္ယာဥ္ဥပေဒ အတုိင္း အေရးယူၿပီး ေနျပည္ ေတာ္မွာ ဒဏ္႐ိုက္တယ္’’ဟု အ ျမန္လမ္းရဲတပ္ဖဲြ႕မွ ဒုရဲမွဴးႀကီး စိုး ျမင့္ဦးကေျပာသည္။

အဆိုပါ သတ္မွတ္မုိင္ႏႈန္း ထက္ အရွိန္ပိုေမာင္းႏွင္သည့္ ယာဥ္မ်ားကို အရွိန္ႏႈန္းတိုင္းကိရိ ယာျဖင့္ သာဂရအျမန္လမ္းမႀကီး ရဲစခန္း၊ ပန္းတင္အျမန္လမ္းမ ႀကီးရဲစခန္း၊ သီးကုန္း၊ ျပင္စည္၊ ေဘာနက္ႀကီး၊ ၿမိဳ႕ေခ်ာင္း ၊ ေဘာနီအျမန္လမ္းမႀကီးရဲစခန္း စသည့္ ေနရာခုနစ္ေနရာတြင္ ဖမ္းဆီးအ ေရးယူခဲ့ျခင္းျဖစ္သည္။

တစ္ဆက္တည္းမွာပင္ အ ျမန္လမ္းမႀကီးေပၚ၌ ေမာင္းႏွင္ လ်က္ရွိေသာ ယာဥ္ေမာင္းမ်ားကို အရက္ေသစာေသာက္စားမႈ ရွိ၊ မရွိ၊ ခြင့္ျပဳထားသည့္ ကုန္စည္ တင္ေဆာင္သည့္ယာဥ္၊ ကိုယ္ပိုင္ ယာဥ္မ်ားကို စစ္ေဆးမည္ျဖစ္ ေၾကာင္း သိရသည္။

ရန္ကုန္-ေနျပည္ေတာ္-မႏၲ ေလး အျမန္လမ္းမႀကီးေပၚတြင္ သတ္မွတ္မုိင္ႏႈန္းထက္ ပိုမိုေမာင္း ႏွင္သည့္ ခရီးသည္တင္ယာဥ္မ်ားကို ဖုန္းေခၚဆိုသတိေပးမႈမွာ ၿပီးခဲ့သည့္ ဇြန္လတြင္ အႀကိမ္ေရ ၁,၇၀၀ ေက်ာ္ ရွိခဲ့သည္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းသော ယာဉ်များ ဖမ်းဆီးမည်ဟု ကြေညာထားစဉ် (ဓာတ်ပုံ − အမြန်လမ်းရဲတပ်ဖွဲ့)

 ရန်ကုန်-မန္တလေး အမြန်လမ်းတွင် သတ်မှတ်မိုင်နှုန်း ထက် ပိုမိုမောင်းနှင်သည့် ယာဉ်များကို စက်တင်ဘာ  ၁ ရက်မှ စတင်ဖမ်းဆီးခဲ့ရာ ဖမ်းဆီးသည့် နေ့တွင်ပင် ယာဉ်အစီးရေ ၃၇ စီးကို အရေးယူထားကြောင်း သတင်းရရှိသည်။


‘‘ဖမ်းဆီးအရေးယူဖြစ်တဲ့ အ ဓိကရည်ရွယ်ချက်ကတော့ အမြန်လမ်းမကြီးပေါ်မှာ ဖြစ်ပွားတဲ့ ယာဉ်မတော်တဆမှုတွေ အဓိက ဖြစ်ရတဲ့အကြောင်းရင်းက သတ် မှတ်မိုင်နှုန်းထက် ကျော်လွန် မောင်းနှင်မှု၊ အရှိန်ပြင်းမောင်းနှင် မှုကြောင့် ဖြစ်တယ်ဆိုတာ ကျွန် တော်တို့စိစစ်တွေ့ရှိရတဲ့အတွက် အရှိန်နှုန်းတိုင်းကိရိယာနဲ့ ဖမ်းဆီး အရေးယူဆောင်ရွက်ခြင်း ဖြစ်ပါ တယ်’’ဟု အမြန်လမ်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူ ဒုရဲမှူးကြီးစိုးမြင့်ဦး ကပြောသည်။

စက်တင်ဘာ ၁ ရက်ကစ၍ ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် မိုဘိုင်းရွေ့လျားစနစ်ဖြင့် သတ်မှတ်မိုင်နှုန်း တစ်နာရီ မိုင် ၆၀၊ ကီလို ၁၀၀ အထက် မောင်းနှင်သည့် ယာဉ်များကို ဖမ်းဆီး၍ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ ယာဉ်စည်းကမ်းထိန်းသိမ်းရေးတရားရုံးတွင် ဒဏ်ငွေ ကျပ်ငါးသောင်းဖြင့် ချက်ချင်းဒဏ်တပ်အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတ်မှတ်မိုင်နှုန်းထက် ပိုမို မောင်းနှင်သည့်ယာဉ်များကို ဖမ်း ဆီးရာတွင် ယာဉ်အစီးရေ ၃၇ စီး ဖမ်းဆီးရရှိထားပြီး ၁၃ စီးမှာ ဒဏ် ငွေဆောင်ပြီးဖြစ်၍ ၂၁ စီး ကျန်ရှိ ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ သိရသည်။

‘‘ဖမ်းဆီးရမိတဲ့ ကားတွေ အားလုံးက အိမ်စီးကားတွေချည်း ပဲ ဖြစ်ပါတယ်။ သူတို့ကို ၂၀၁၅ ခုနှစ် စက်တင်ဘာ ၉ ရက်နေ့က ထုတ်တဲ့ မော်တော်ယာဉ်ဥပဒေ အတိုင်း အရေးယူပြီး နေပြည် တော်မှာ ဒဏ်ရိုက်တယ်’’ဟု အ မြန်လမ်းရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး စိုး မြင့်ဦးကပြောသည်။

အဆိုပါ သတ်မှတ်မိုင်နှုန်း ထက် အရှိန်ပိုမောင်းနှင်သည့် ယာဉ်များကို အရှိန်နှုန်းတိုင်းကိရိ ယာဖြင့် သာဂရအမြန်လမ်းမကြီး ရဲစခန်း၊ ပန်းတင်အမြန်လမ်းမ ကြီးရဲစခန်း၊ သီးကုန်း၊ ပြင်စည်၊ ဘောနက်ကြီး၊ မြို့ချောင်း ၊ ဘောနီအမြန်လမ်းမကြီးရဲစခန်း စသည့် နေရာခုနစ်နေရာတွင် ဖမ်းဆီးအ ရေးယူခဲ့ခြင်းဖြစ်သည်။

တစ်ဆက်တည်းမှာပင် အ မြန်လမ်းမကြီးပေါ်၌ မောင်းနှင် လျက်ရှိသော ယာဉ်မောင်းများကို အရက်သေစာသောက်စားမှု ရှိ၊ မရှိ၊ ခွင့်ပြုထားသည့် ကုန်စည် တင်ဆောင်သည့်ယာဉ်၊ ကိုယ်ပိုင် ယာဉ်များကို စစ်ဆေးမည်ဖြစ် ကြောင်း သိရသည်။

ရန်ကုန်-နေပြည်တော်-မန္တ လေး အမြန်လမ်းမကြီးပေါ်တွင် သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်း နှင်သည့် ခရီးသည်တင်ယာဉ်များကို ဖုန်းခေါ်ဆိုသတိပေးမှုမှာ ပြီးခဲ့သည့် ဇွန်လတွင် အကြိမ်ရေ ၁,၇၀၀ ကျော် ရှိခဲ့သည်။


 ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top