Property Expo
×

ကိုယ္အေလးခ်ိန္မ်ားသည့္ အလုပ္ရွင္မ်ားသည္ ကိုယ္အေလးခ်ိန္နည္းသည့္ အလုပ္ရွင္မ်ားထက္ ၀န္ထမ္းမ်ားကို လစာတိုးေပးႏုိင္ေျခ ပိုမ်ားေၾကာင္း ေလ့လာမႈတစ္ခုက ေဖာ္ျပလိုက္ၿပီ ျဖစ္သည္။

          ပိန္သည့္ အလုပ္ရွင္မ်ားမွာမူ တြန္႔တိုသူမ်ား ျဖစ္ၾကေၾကာင္း ေလ့လာမႈက ဆိုသည္။ သို႔ေသာ္ ပိန္သည့္ အလုပ္ရွင္မ်ားသည္ သူတို႔လိုပင္ပိန္သည့္ ၀န္ထမ္းမ်ားအေပၚမူ ရက္ေရာက္တတ္ေၾကာင္း ပညာရွင္မ်ားက ေျပာဆုိခဲ့သည္။

          ဂ်ာမန္သုေတသန ပညာရွင္မ်ားသည္ ကုိယ္အေလးခ်ိန္ (၁၉) စတုန္ရွိသူ (၂၀)ဦးႏွင့္ (၁၁) စတုန္ ရွိသူ (၂၀) ဦးတို႔အား ဂိမ္းမ်ားကစားေစၿပီး စီးပြားေရးႏွင့္ ပတ္သက္ေသာ အျပဳအမူမ်ားကို ေလ့လာခဲ့ျခင္း ျဖစ္သည္။

          ပိန္သည့္ အမ်ဳိးသားမ်ားသည္ ၀သည့္ အမ်ဳိးသားမ်ားႏွင့္ ႏႈိင္းယွဥ္လွ်င္ မွ်တေသာ ဆံုးျဖတ္္ခ်က္ကို ခ်မွတ္ႏိုင္ေျခနည္းၿပီး ၀န္ထမ္းမ်ားအား လစာတိုးေပးႏုိင္ေျခ (၁၆) ရာခုိင္ႏႈန္း ပိုနည္းေၾကာင္း ေတြ႕ရွိခဲ့သည္။

          ပညာရွင္မ်ားသည္ အေလ့လာခံမ်ား၏ ေသြးတြင္း သၾကားဓာတ္ ပါ၀င္မႈႏႈန္းကို ေလ့လာခဲ့ၿပီး ေသြးတြင္း သၾကားဓာတ္ပါ၀င္မႈ နည္းေလတြန္႔တိုေလ ျဖစ္ေၾကာင္း ေတြ႕ရွိခဲ့သည္။ ေသြးတြင္းသၾကား ဓာတ္ပါ၀င္မႈႏႈန္းသည္ အစားအစာ စားၿပီးေနာက္တြင္ အျမင့္ဆံုး ျဖစ္တတ္သည္။

          အစားေရွာင္ေနသူမ်ား တစ္ခါတရံတြင္ တြန္႔တိုတတ္ၾကပံုကို ယခုေလ့လာမႈေၾကာင့္ သိရွိခဲ့ရေၾကာင္း သုေတသန ပညာရွင္မ်ားက ေျပာဆိုခဲ့သည္။        

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Messenger

Unicode Version

ကိုယ်အလေးချိန်များသည့် အလုပ်ရှင်များသည် ကိုယ်အလေးချိန်နည်းသည့် အလုပ်ရှင်များထက် ဝန်ထမ်းများကို လစာတိုးပေးနိုင်ခြေ ပိုများကြောင်း လေ့လာမှုတစ်ခုက ဖော်ပြလိုက်ပြီ ဖြစ်သည်။

          ပိန်သည့် အလုပ်ရှင်များမှာမူ တွန့်တိုသူများ ဖြစ်ကြကြောင်း လေ့လာမှုက ဆိုသည်။ သို့သော် ပိန်သည့် အလုပ်ရှင်များသည် သူတို့လိုပင်ပိန်သည့် ဝန်ထမ်းများအပေါ်မူ ရက်ရောက်တတ်ကြောင်း ပညာရှင်များက ပြောဆိုခဲ့သည်။

          ဂျာမန်သုတေသန ပညာရှင်များသည် ကိုယ်အလေးချိန် (၁၉) စတုန်ရှိသူ (၂၀)ဦးနှင့် (၁၁) စတုန် ရှိသူ (၂၀) ဦးတို့အား ဂိမ်းများကစားစေပြီး စီးပွားရေးနှင့် ပတ်သက်သော အပြုအမူများကို လေ့လာခဲ့ခြင်း ဖြစ်သည်။

          ပိန်သည့် အမျိုးသားများသည် ဝသည့် အမျိုးသားများနှင့် နှိုင်းယှဉ်လျှင် မျှတသော ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ခြေနည်းပြီး ဝန်ထမ်းများအား လစာတိုးပေးနိုင်ခြေ (၁၆) ရာခိုင်နှုန်း ပိုနည်းကြောင်း တွေ့ရှိခဲ့သည်။

          ပညာရှင်များသည် အလေ့လာခံများ၏ သွေးတွင်း သကြားဓာတ် ပါဝင်မှုနှုန်းကို လေ့လာခဲ့ပြီး သွေးတွင်း သကြားဓာတ်ပါဝင်မှု နည်းလေတွန့်တိုလေ ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ သွေးတွင်းသကြား ဓာတ်ပါဝင်မှုနှုန်းသည် အစားအစာ စားပြီးနောက်တွင် အမြင့်ဆုံး ဖြစ်တတ်သည်။

          အစားရှောင်နေသူများ တစ်ခါတရံတွင် တွန့်တိုတတ်ကြပုံကို ယခုလေ့လာမှုကြောင့် သိရှိခဲ့ရကြောင်း သုတေသန ပညာရှင်များက ပြောဆိုခဲ့သည်။        


ဖိုးသူတော် (www.phothutaw.com)
Credit:Messenger
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top