Kantharyar Centre
×

ေယာက္ခမ ျဖစ္သူက ေခၽြးမကို ဗလကၠာရလုပ္တယ္လို႔ ယူဆတဲ့အတြက္ သားျဖစ္သူက ဖခင္ကို ေသနတ္နဲ႔ ျပန္ပစ္ခဲ့တဲ့ျဖစ္ရပ္ အိႏၵိယ ႏုိင္ငံမွာ ျဖစ္ပြားခဲ့ပါတယ္။

ရဲတပ္ဖြဲ႔ရဲ႕ သတင္းအခ်က္အလက္အရ အသက္ငါးဆယ္အ႐ြယ္ ဖခင္ျဖစ္သူဟာ သားျဖစ္သူရဲ႕ ဇနီးကို အႀကိမ္ႀကိမ္ လိင္ပိုင္းဆိုင္ရာ ထိခိုက္ေစာ္ကားမႈေတြလုပ္ခဲ့ေၾကာင္း အသက္ ၂၈ ႏွစ္အ႐ြယ္ သားျဖစ္သူက ထြက္ဆိုခဲ့တယ္လို႔ သိရပါတယ္။ အဲဒီေနာက္စေနေန႔ညမွာ သားျဖစ္သူက ဖခင္ကိုေသနတ္နဲ႔ ပစ္လိုက္တာျဖစ္ပါတယ္။ ေသနတ္အပစ္ခံရၿပီးေနာက္ ဖခင္ျဖစ္သူဟာ ေဒသတြင္းက်န္းမာေရးေစာင့္ေရွာက္မႈဌာနကို တက္ေရာက္ေဆးကုသမႈ ခံယူခဲ့ရၿပီး အဲဒီေနာက္မွာ ကိုယ္ပိုင္အခန္းနဲ႔ ေဆးကုသမႈ ဆက္လက္ျပဳလုပ္ေနတယ္လို႔ သိရပါတယ္။

စေနေန႔ညက ဖခင္ျဖစ္သူအိမ္ျပန္ေရာက္လာတဲ့အခါ သားျဖစ္သူမရွိပဲ ေခၽြးမျဖစ္သူပဲ ရွိခဲ့တယ္လို႔ သိရပါတယ္။ အဲဒီအခါ လိင္ပိုင္းဆိုင္ရာ ထိခိုက္ေစာ္ကားလာဖို႔ ႀကိဳးစားတဲ့ ေယာခမေၾကာင္း ေခၽြးမက အေရးေပၚ အခ်က္ေပးစက္ႏွိပ္ခဲ့တယ္လို႔ ဆိုပါတယ္။ အျခားအခန္းတစ္ခုကို ေရာက္ေနတဲ့ ခင္ပြန္းျဖစ္သူက အသံၾကားတဲ့အခါ အျမန္ေျပးလာၿပီးဖခင္ျဖစ္သူနဲ႔ လံုးေထြးစကားမ်ားရာကတဆင့္ ေသနတ္နဲ႔ပစ္လုိက္တာလို႔ ရဲေတြက ေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

ယောက်ခမ ဖြစ်သူက ချွေးမကို ဗလက္ကာရလုပ်တယ်လို့ ယူဆတဲ့အတွက် သားဖြစ်သူက ဖခင်ကို သေနတ်နဲ့ ပြန်ပစ်ခဲ့တဲ့ဖြစ်ရပ် အိန္ဒိယ နိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ သတင်းအချက်အလက်အရ အသက်ငါးဆယ်အရွယ် ဖခင်ဖြစ်သူဟာ သားဖြစ်သူရဲ့ ဇနီးကို အကြိမ်ကြိမ် လိင်ပိုင်းဆိုင်ရာ ထိခိုက်စော်ကားမှုတွေလုပ်ခဲ့ကြောင်း အသက် ၂၈ နှစ်အရွယ် သားဖြစ်သူက ထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက်စနေနေ့ညမှာ သားဖြစ်သူက ဖခင်ကိုသေနတ်နဲ့ ပစ်လိုက်တာဖြစ်ပါတယ်။ သေနတ်အပစ်ခံရပြီးနောက် ဖခင်ဖြစ်သူဟာ ဒေသတွင်းကျန်းမာရေးစောင့်ရှောက်မှုဌာနကို တက်ရောက်ဆေးကုသမှု ခံယူခဲ့ရပြီး အဲဒီနောက်မှာ ကိုယ်ပိုင်အခန်းနဲ့ ဆေးကုသမှု ဆက်လက်ပြုလုပ်နေတယ်လို့ သိရပါတယ်။

စနေနေ့ညက ဖခင်ဖြစ်သူအိမ်ပြန်ရောက်လာတဲ့အခါ သားဖြစ်သူမရှိပဲ ချွေးမဖြစ်သူပဲ ရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီအခါ လိင်ပိုင်းဆိုင်ရာ ထိခိုက်စော်ကားလာဖို့ ကြိုးစားတဲ့ ယောခမကြောင်း ချွေးမက အရေးပေါ် အချက်ပေးစက်နှိပ်ခဲ့တယ်လို့ ဆိုပါတယ်။ အခြားအခန်းတစ်ခုကို ရောက်နေတဲ့ ခင်ပွန်းဖြစ်သူက အသံကြားတဲ့အခါ အမြန်ပြေးလာပြီးဖခင်ဖြစ်သူနဲ့ လုံးထွေးစကားများရာကတဆင့် သေနတ်နဲ့ပစ်လိုက်တာလို့ ရဲတွေက ပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top