Kantharyar Centre
×

ကိုယ္အေလးခ်ိန္အလြန္နည္းပါးစြာ ေမြးဖြားလာသူမ်ားသည္ သာမန္ကိုယ္အေလးခ်ိန္အတိုင္း ေမြးဖြားလာသူမ်ားထက္ အသက္ (၃၀)ေက်ာ္အရြယ္တြင္ ေသြးထဲသၾကားပါ၀င္မႈ မူမမွန္ျဖစ္ႏိုင္ေျခ ေလးဆပိုမ်ားေၾကာင္း ေလ့လာမႈတစ္ခုက ေဖာ္ျပသည္။

အေမရိကန္ႏိုင္ငံ ဟာမီလ္တန္ၿမိဳ႕ရွိ မက္မာစတာတကၠသိုလ္ မွ သုေတသီမ်ား၏ေလ့လာမႈအရ ကိုယ္အေလးခ်ိန္ ၂ ဒသမ ၂ ေပါင္ထက္ ပိုနည္းပါးေသာ အေလးခ်ိန္ျဖင့္ ေမြးလာသည့္ ကေလးငယ္ မ်ားသည္ အရြယ္ေရာက္ၿပီးခ်ိန္တြင္ ၎တို႔ႏွင့္ ရြယ္တူမ်ားထက္ ခႏၶာကိုယ္အဆီ ပိုျမင့္မားၿပီး ခႏၶာကိုယ္အရြယ္ ပိုမိုနည္းပါးႏိုင္ေျခ မ်ားသည္။

ကိုယ္အေလးခ်ိန္ အလြန္နည္းပါးစြာ ေမြးလာေသာ ကေလး မ်ား၏ ၂၆ ရာခိုင္ႏႈန္းသည္ အသက္ (၃၀) ေက်ာ္အရြယ္တြင္ ေသြးထဲ  သၾကားပါ၀င္မႈ မူမမွန္ျဖစ္ျခင္း ပိုမ်ားၿပီး သာမန္ကိုယ္အေလးခ်ိန္ျဖင့္ ေမြးဖြားလာေသာ ကေလးမ်ား အရြယ္ေရာက္ၿပီးခ်ိန္တြင္ ေသြးထဲ သၾကားပါ၀င္မႈ မူမမွန္ျဖစ္ျခင္းသည္ ၈ ရာခိုင္ႏႈန္းသာရွိေၾကာင္း သုေတသီမ်ားက ေျပာသည္။

ကိုယ္အေလးခ်ိန္ အလြန္နည္းပါးစြာ ေမြးဖြားလာေသာ ကေလး ငယ္မ်ားသည္ ေစာေစာစီးစီး ေမြးဖြားလာေသာေၾကာင့္ ၎တို႔သည္ အဆီႏွင့္ ႂကြက္သားဖံြ႕ၿဖိဳးတိုးတက္မႈအတြက္ အေရးႀကီးေသာ ကာလ အမ်ားစုကို မိခင္၏ ၀မ္းဗိုက္အျပင္ဘက္တြင္ ေနထိုင္ၾကရ သည္။ ယင္းအေျခအေနႏွင့္ ယခုေလ့လာမႈရလဒ္ ဆက္စပ္မႈရွိသည္ ဟု ယူဆေၾကာင္း သုေတသီမ်ားက ေျပာသည္။

ကိုယ္အေလးခ်ိန္ အလြန္နည္းပါးစြာ ေမြးဖြားလာေသာ ကေလး ငယ္မ်ားအတြက္ ျဖစ္ႏိုင္ေျခရွိသည့္ ႐ႈပ္ေထြးမႈမ်ားႏွင့္ပတ္သက္၍ သိထားရန္ အေရးႀကီးၿပီး လမေစ့ဘဲ ေမြးလာေသာ ကေလးငယ္မ်ား ၏ က်န္းမာေရးအေပၚ လႊမ္းမိုးလာႏိုင္သည့္ အေျခအေနမ်ားကို ေျဖရွင္းေရး နည္းလမ္းမ်ား ရွာေဖြရမည္ဟု သုေတသီမ်ားက ေျပာ သည္။

ယခုေလ့လာမႈကို Pediatrics ဂ်ာနယ္တြင္ ေဖာ္ျပထားၿပီး လူ႔ ဘ၀ကို ေစာေစာစီးစီး စတင္ျခင္းက ဘ၀တစ္ေလွ်ာက္ ထိခိုက္ႏုိင္မႈ မ်ားကို ေလ့လာထားျခင္းျဖစ္ကာ ယခုေလ့လာမႈ၌ ပါ၀င္သူမ်ားကို ေက်းဇူးတင္ေၾကာင္း သုေတသီမ်ားက ေျပာသည္။ 

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day

#Unicode Version

 ကိုယ်အလေးချိန်အလွန်နည်းပါးစွာ မွေးဖွားလာသူများသည် သာမန်ကိုယ်အလေးချိန်အတိုင်း မွေးဖွားလာသူများထက် အသက် (၃၀)ကျော်အရွယ်တွင် သွေးထဲသကြားပါဝင်မှု မူမမှန်ဖြစ်နိုင်ခြေ လေးဆပိုများကြောင်း လေ့လာမှုတစ်ခုက ဖော်ပြသည်။


အမေရိကန်နိုင်ငံ ဟာမီလ်တန်မြို့ရှိ မက်မာစတာတက္ကသိုလ် မှ သုတေသီများ၏လေ့လာမှုအရ ကိုယ်အလေးချိန် ၂ ဒသမ ၂ ပေါင်ထက် ပိုနည်းပါးသော အလေးချိန်ဖြင့် မွေးလာသည့် ကလေးငယ် များသည် အရွယ်ရောက်ပြီးချိန်တွင် ၎င်းတို့နှင့် ရွယ်တူများထက် ခန္ဓာကိုယ်အဆီ ပိုမြင့်မားပြီး ခန္ဓာကိုယ်အရွယ် ပိုမိုနည်းပါးနိုင်ခြေ များသည်။

ကိုယ်အလေးချိန် အလွန်နည်းပါးစွာ မွေးလာသော ကလေး များ၏ ၂၆ ရာခိုင်နှုန်းသည် အသက် (၃၀) ကျော်အရွယ်တွင် သွေးထဲ  သကြားပါဝင်မှု မူမမှန်ဖြစ်ခြင်း ပိုများပြီး သာမန်ကိုယ်အလေးချိန်ဖြင့် မွေးဖွားလာသော ကလေးများ အရွယ်ရောက်ပြီးချိန်တွင် သွေးထဲ သကြားပါဝင်မှု မူမမှန်ဖြစ်ခြင်းသည် ၈ ရာခိုင်နှုန်းသာရှိကြောင်း သုတေသီများက ပြောသည်။

ကိုယ်အလေးချိန် အလွန်နည်းပါးစွာ မွေးဖွားလာသော ကလေး ငယ်များသည် စောစောစီးစီး မွေးဖွားလာသောကြောင့် ၎င်းတို့သည် အဆီနှင့် ကြွက်သားဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးသော ကာလ အများစုကို မိခင်၏ ဝမ်းဗိုက်အပြင်ဘက်တွင် နေထိုင်ကြရ သည်။ ယင်းအခြေအနေနှင့် ယခုလေ့လာမှုရလဒ် ဆက်စပ်မှုရှိသည် ဟု ယူဆကြောင်း သုတေသီများက ပြောသည်။

ကိုယ်အလေးချိန် အလွန်နည်းပါးစွာ မွေးဖွားလာသော ကလေး ငယ်များအတွက် ဖြစ်နိုင်ခြေရှိသည့် ရှုပ်ထွေးမှုများနှင့်ပတ်သက်၍ သိထားရန် အရေးကြီးပြီး လမစေ့ဘဲ မွေးလာသော ကလေးငယ်များ ၏ ကျန်းမာရေးအပေါ် လွှမ်းမိုးလာနိုင်သည့် အခြေအနေများကို ဖြေရှင်းရေး နည်းလမ်းများ ရှာဖွေရမည်ဟု သုတေသီများက ပြော သည်။

ယခုလေ့လာမှုကို Pediatrics ဂျာနယ်တွင် ဖော်ပြထားပြီး လူ့ ဘဝကို စောစောစီးစီး စတင်ခြင်းက ဘဝတစ်လျှောက် ထိခိုက်နိုင်မှု များကို လေ့လာထားခြင်းဖြစ်ကာ ယခုလေ့လာမှု၌ ပါဝင်သူများကို ကျေးဇူးတင်ကြောင်း သုတေသီများက ပြောသည်။ 

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top