Property Expo
×

ၾကာသပေတးေန႔က လန္ဒန္မွာ က်င္းပခဲ့တဲ့ ကုလသမဂၢ ၿငိမ္းခ်မ္းမႈထိန္းသိမ္းေရး ညီလာခံမွာ ေဟာလိဝုဒ္မင္းသမီး အန္ဂ်လီနာဂ်ိဳလီကလည္း တက္ေရာက္မိန္႔ခြန္းေျပာခဲ့ပါတယ္။ ဂ်ိဳလီဟာ ကုလက ခန္႔အပ္ထားတဲဲ့ အထူးသံတမန္တစ္ဦးလည္းျဖစ္တာေၾကာင့္ ယခုလို မိန္႔ခြန္းေျပာခဲ့ရတာျဖစ္ပါတယ္။

ဂ်ိဳလီဟာ အနက္ေရာင္လက္႐ွည္ဘေလာက္စ္နဲ႔ ဒူးအတိစကတ္ဝတ္စံုကို အသားေရာင္ေဒါက္ဖိနပ္နဲ႔ ဝတ္ဆင္ထားလို႔ တည္ၿငိမ္တဲ့အသြင္နဲ႔ ျမင္ရပါတယ္။ ၿငိမ္းခ်မ္းမႈထိန္းသိမ္းေရးမွာ ပါဝင္ခဲ့သူေတြကို ဂုဏ္ျပဳခ်ီးက်ဴးစကားဆိုခဲ့တယ္လို႔ ကုလသမဂၢရဲ႕တြစ္တာအေကာင့္ေပၚမွာ ေရးထားေတြ႔ရပါတယ္။

ကုလသမဂၢက အန္ဂ်လီနာဂ်ိဳလီကို UNHCR ရဲ႕ ႏွလံုးလွသံအမတ္အျဖစ္ ၂၀၀၁ ခုႏွစ္မွာ စတင္ခန္႔အပ္ခဲ့ၿပီး ၂၀၁၂ ခုႏွစ္မွာေတာ့ အထူးသံတမန္အျဖစ္ တုိးျမႇင့္ခန္႔အပ္ခဲ့တာျဖစ္ပါတယ္။ သံတမန္ျဖစ္လာခ်ိန္ကစလို႔ ဂ်ိဳလီဟာ အီရတ္၊ ေဂ်ာ္ဒန္၊ လက္ဘႏြန္နဲ႔ ဆီးရီးယားအပါအဝင္ ဒုကၡသည္ေတြ႐ွိရာ ေနရာေပါင္း ၄၀ ေက်ာ္ကို သြားေရာက္ကာ ဒုကၡသည္မ်ားအေရးကို ကူညီေဆာင္ရြက္ေပးခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

ကြာသပတေးနေ့က လန်ဒန်မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းမှုထိန်းသိမ်းရေး ညီလာခံမှာ ဟောလိဝုဒ်မင်းသမီး အန်ဂျလီနာဂျိုလီကလည်း တက်ရောက်မိန့်ခွန်းပြောခဲ့ပါတယ်။ ဂျိုလီဟာ ကုလက ခန့်အပ်ထားတဲ့ အထူးသံတမန်တစ်ဦးလည်းဖြစ်တာကြောင့် ယခုလို မိန့်ခွန်းပြောခဲ့ရတာဖြစ်ပါတယ်။

ဂျိုလီဟာ အနက်ရောင်လက်ရှည်ဘလောက်စ်နဲ့ ဒူးအတိစကတ်ဝတ်စုံကို အသားရောင်ဒေါက်ဖိနပ်နဲ့ ဝတ်ဆင်ထားလို့ တည်ငြိမ်တဲ့အသွင်နဲ့ မြင်ရပါတယ်။ ငြိမ်းချမ်းမှုထိန်းသိမ်းရေးမှာ ပါဝင်ခဲ့သူတွေကို ဂုဏ်ပြုချီးကျူးစကားဆိုခဲ့တယ်လို့ ကုလသမဂ္ဂရဲ့တွစ်တာအကောင့်ပေါ်မှာ ရေးထားတွေ့ရပါတယ်။

ကုလသမဂ္ဂက အန်ဂျလီနာဂျိုလီကို UNHCR ရဲ့ နှလုံးလှသံအမတ်အဖြစ် ၂၀၀၁ ခုနှစ်မှာ စတင်ခန့်အပ်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာတော့ အထူးသံတမန်အဖြစ် တိုးမြှင့်ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ သံတမန်ဖြစ်လာချိန်ကစလို့ ဂျိုလီဟာ အီရတ်၊ ဂျော်ဒန်၊ လက်ဘနွန်နဲ့ ဆီးရီးယားအပါအဝင် ဒုက္ခသည်တွေရှိရာ နေရာပေါင်း ၄၀ ကျော်ကို သွားရောက်ကာ ဒုက္ခသည်များအရေးကို ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top