Property Expo
×

သြားပံုမွန္တိုက္တာဟာဆိုရင္ေတာ့ မိမိရဲ႕ သြားေတြကို သန္႔ရွင္းခုိင္မာေစရံုသာမကပဲ တစ္ျခား က်န္းမာေရးေကာင္းက်ိဳးေတြကိုလည္း ေပးစြမ္းေနပါတယ္။ သြားပံုမွန္တိုက္တာဟာ အသက္ႀကီးလာတဲ့အခါမွာ စိတ္ကူးစိတ္သန္းေပ်ာက္ဆံုးမႈ (dementia) ေရာဂါျဖစ္ပြားမႈကို ေလ်ာ့က်ေစတဲ့အျပင္ ဦးေႏွာက္နဲ႔ ပတ္သက္ေနတဲ့ အယ္လ္ဇိုင္းမားေရာဂါလုိမ်ိဳး ေရာဂါျဖစ္ပြားမႈကိုလည္း ေလွ်ာ့ခ်ေပးႏုိင္တယ္လို႔ သိရပါတယ္။

အသက္အရြယ္ရလာတဲ့အခ်ိန္မွာ သြားအေခ်ာင္းႏွစ္ဆယ္ေအာက္ရွိေနတဲ့သူေတြဟာ အယ္ဇိုင္းမားေရာဂါကို ၂၀ ရာနႈန္းေလာက္ပိုမိုခံစားရတယ္လုိ႔ ေဖာ္ျပထားပါတယ္။ ဒါ့အျပင္ dementia ေရာဂါျဖစ္ပြားမႈကလည္း ၂၂ ရာနႈန္းေလာက္အထိ တိုးပြားလာပါသတဲ့။

ဒီလိုျဖစ္ရတာကေတာ့ ခံတြင္းလႈပ္ရွားမႈ (အစာဝါးသကဲ့သို႔ လႈပ္ရွားမႈ) မ်ားျပားတာဟာဆိုရင္ေတာ့ ဦးေႏွာက္ထဲကို ေသြးပိုေရာက္ေစၿပီး ဦးေႏွာက္ရဲ႕ လုပ္ငန္းေဆာင္တာေတြကိုလည္း တုိးတက္ေစလို႔ျဖစ္တယ္လို႔ သိရပါတယ္။ ၿပီးခဲ့တဲ့ ေလ့လာမႈ ၁၀ ခုအရေတာ့ သြားေတြကို ေစာေစာစီးစီးဆံုးရႈံုးလုိက္ရတာဟာဆိုရင္ ဦးေႏွာက္ပိုင္းဆိုင္ရာနဲ႔ dementia ေရာဂါျဖစ္ပြားမႈႏႈန္းကို တုိးျမွင့္ေစတယ္လို႔ ေဖာ္ျပထားပါတယ္။

ဒါ့ေၾကာင့္ သြားေတြကို လိုတာထက္ ပိုၿပီး ျမန္ျမန္မဆံုးရႈံးရဖို႔အတြက္ သြားပံုမွန္တိုက္သင့္ၿပီး ဒီရဲ႕အမူအက်င့္က သင့္ရဲ႕ ဦးေႏွာက္က်န္းမာေရးကို အေထာက္အကူျပဳေနတာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : thithtoolwin

#Unicode Verion

သွားပုံမှန်တိုက်တာဟာဆိုရင်တော့ မိမိရဲ့ သွားတွေကို သန့်ရှင်းခိုင်မာစေရုံသာမကပဲ တစ်ခြား ကျန်းမာရေးကောင်းကျိုးတွေကိုလည်း ပေးစွမ်းနေပါတယ်။ သွားပုံမှန်တိုက်တာဟာ အသက်ကြီးလာတဲ့အခါမှာ စိတ်ကူးစိတ်သန်းပျောက်ဆုံးမှု (dementia) ရောဂါဖြစ်ပွားမှုကို လျော့ကျစေတဲ့အပြင် ဦးနှောက်နဲ့ ပတ်သက်နေတဲ့ အယ်လ်ဇိုင်းမားရောဂါလိုမျိုး ရောဂါဖြစ်ပွားမှုကိုလည်း လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။

အသက်အရွယ်ရလာတဲ့အချိန်မှာ သွားအချောင်းနှစ်ဆယ်အောက်ရှိနေတဲ့သူတွေဟာ အယ်ဇိုင်းမားရောဂါကို ၂၀ ရာနှုန်းလောက်ပိုမိုခံစားရတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် dementia ရောဂါဖြစ်ပွားမှုကလည်း ၂၂ ရာနှုန်းလောက်အထိ တိုးပွားလာပါသတဲ့။

ဒီလိုဖြစ်ရတာကတော့ ခံတွင်းလှုပ်ရှားမှု (အစာဝါးသကဲ့သို့ လှုပ်ရှားမှု) များပြားတာဟာဆိုရင်တော့ ဦးနှောက်ထဲကို သွေးပိုရောက်စေပြီး ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကိုလည်း တိုးတက်စေလို့ဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ လေ့လာမှု ၁၀ ခုအရတော့ သွားတွေကို စောစောစီးစီးဆုံးရှုံးလိုက်ရတာဟာဆိုရင် ဦးနှောက်ပိုင်းဆိုင်ရာနဲ့ dementia ရောဂါဖြစ်ပွားမှုနှုန်းကို တိုးမြှင့်စေတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် သွားတွေကို လိုတာထက် ပိုပြီး မြန်မြန်မဆုံးရှုံးရဖို့အတွက် သွားပုံမှန်တိုက်သင့်ပြီး ဒီရဲ့အမူအကျင့်က သင့်ရဲ့ ဦးနှောက်ကျန်းမာရေးကို အထောက်အကူပြုနေတာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : thithtoolwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top