Kantharyar Centre
×

အသက္ငါးႏွစ္အရြယ္သာ ရွိေသးတဲ့ Mary Massey အမည္ရ ကေလးငယ္တစ္ဦးဟာ ျပင္းထန္လွတဲ့ Cystic Fibrosis
ေရာဂါေၾကာင့္ ေသဆုံးခဲ့ရပါတယ္။ Mary ဟာ ဒီေရာဂါေၾကာင့္ အဆုပ္နဲ႔အစာအိမ္ပုိင္းဆုိ္င္ရာ ဆုိးရြားတဲ့ ျပႆနာေတြကို ရင္ဆုိင္ခဲ့ရၿပီး chronic pneumonia အဖ်ားေရာဂါကိုလည္း ခံစားခဲ့ရပါတယ္။ Cystic Fibrosis ေရာဂါနဲ႔ မေသဆုံးခင္
ေျခာက္နာရီအလုိမွာ Mary ရဲ႕ ဆႏၵျဖစ္တဲ့ သူ႔ရဲ႕ အခင္ဆုံးသူငယ္ခ်င္း Damien နဲ႔ လက္ထပ္ေပးခဲ့ၾကပါတယ္။

သမီးငယ္ရဲ႕ဆႏၵကုိ ျဖည့္ဆည္းတဲ့အေနနဲ႔ လုပ္ခဲ့ၾကတဲ့ ဒီလက္ထပ္ပြဲမွာ Mary ဟာ ေအာက္ဆီဂ်င္ပုိက္တန္းလန္း၊ မီးခုိးေရာင္ သတုိ႔သမီး၀တ္စုံနဲ႔ အိပ္ယာထဲမွာ မ႐ႈမလွလဲေလွ်ာင္းေနခဲ့ၿပီး Damien က လက္ထပ္လက္စြပ္၀တ္ထားတဲ့ လက္
ေတြခ်င္း အခ်ိန္ေတာ္ေတာ္ၾကာေအာင္ ခ်ိတ္ေပးခဲ့သလုိ၊ ယုယုယယ ေထြးေပြ႕ခဲ့ပါတယ္။

အေမရိကန္ Texas မွာတည္ရွိတဲ့ Cook Children’s Hospital ကေလးအထူးကုေဆး႐ုံမွ ေဒါက္တာတစ္ေယာက္က Mary ရဲ႕ အခ်ိန္ဟာ သိပ္မက်န္ေတာ့ဘူးဆုိတာ သိခဲ့ရလုိ႔၊ သူ႕သမီးရဲ႕ ဆႏၶကုိ ေနာက္ဆုံးျဖည့္ဆည္းေပးတဲ့အေနနဲ႔ သမီးရဲ႕အ
ခင္ဆုံးသူငယ္ခ်င္း Damien နဲ႔ လက္ထပ္ပြဲလုပ္ေပးခဲ့ၾကတာပါလုိ႔ သတင္းသမားေတြကို ေျဖၾကားခဲ့ပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး သတုိ႔သားအျဖစ္ ေဆာင္ရြက္ခဲ့တဲ့ Damien ကုိ ဘယ္ေလာက္အထိခံစားေနရလဲလုိ႔ အေျခအေနကို
ေမးျမန္းခဲ့ေပမယ့္ အခ်စ္ဆုံးသူငယ္ခ်င္း Mary ကုိ ဆုံး႐ႈံးရေတာ့မယ္ဆုိတာကုိသိလုိ႔ အေျဖကုိပင္ မေပးႏုိင္ခဲ့ရွာပါဘူး။
လက္ထပ္လက္စြပ္ကိုလည္း သမီးငယ္ Mary ႀကိဳက္ႏွစ္သက္တဲ့ ကာတြန္းဇာတ္ေကာင္ေလးေတြျဖစ္တဲ့ Mickey နဲ႔ Minnie Mouse ပုံစံေလးေတြပါတဲ့ လက္ထပ္လက္စြပ္ကုိ မိဘေတြက ဖန္တီးေပးခဲ့ၾကပါတယ္။ မဂၤလာပြဲၿပီးလုိ႔ ေနာက္
ထပ္ ငါးနာရီခန္႔ အၾကာမွာ Mary ဟာ လူ႔ေလာကႀကီးကို ႏႈတ္ဆက္ ထြက္ခြာသြားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : lwin pyin

#Unicode Version

အသက်ငါးနှစ်အရွယ်သာ ရှိသေးတဲ့ Mary Massey အမည်ရ ကလေးငယ်တစ်ဦးဟာ ပြင်းထန်လှတဲ့ Cystic Fibrosis
ရောဂါကြောင့် သေဆုံးခဲ့ရပါတယ်။ Mary ဟာ ဒီရောဂါကြောင့် အဆုပ်နဲ့အစာအိမ်ပိုင်းဆိုင်ရာ ဆိုးရွားတဲ့ ပြဿနာတွေကို ရင်ဆိုင်ခဲ့ရပြီး chronic pneumonia အဖျားရောဂါကိုလည်း ခံစားခဲ့ရပါတယ်။ Cystic Fibrosis ရောဂါနဲ့ မသေဆုံးခင်
ခြောက်နာရီအလိုမှာ Mary ရဲ့ ဆန္ဒဖြစ်တဲ့ သူ့ရဲ့ အခင်ဆုံးသူငယ်ချင်း Damien နဲ့ လက်ထပ်ပေးခဲ့ကြပါတယ်။

သမီးငယ်ရဲ့ဆန္ဒကို ဖြည့်ဆည်းတဲ့အနေနဲ့ လုပ်ခဲ့ကြတဲ့ ဒီလက်ထပ်ပွဲမှာ Mary ဟာ အောက်ဆီဂျင်ပိုက်တန်းလန်း၊ မီးခိုးရောင် သတို့သမီးဝတ်စုံနဲ့ အိပ်ယာထဲမှာ မရှုမလှလဲလျှောင်းနေခဲ့ပြီး Damien က လက်ထပ်လက်စွပ်ဝတ်ထားတဲ့ လက်
တွေချင်း အချိန်တော်တော်ကြာအောင် ချိတ်ပေးခဲ့သလို၊ ယုယုယယ ထွေးပွေ့ခဲ့ပါတယ်။

အမေရိကန် Texas မှာတည်ရှိတဲ့ Cook Children’s Hospital ကလေးအထူးကုဆေးရုံမှ ဒေါက်တာတစ်ယောက်က Mary ရဲ့ အချိန်ဟာ သိပ်မကျန်တော့ဘူးဆိုတာ သိခဲ့ရလို့၊ သူ့သမီးရဲ့ ဆန္ဓကို နောက်ဆုံးဖြည့်ဆည်းပေးတဲ့အနေနဲ့ သမီးရဲ့အ
ခင်ဆုံးသူငယ်ချင်း Damien နဲ့ လက်ထပ်ပွဲလုပ်ပေးခဲ့ကြတာပါလို့ သတင်းသမားတွေကို ဖြေကြားခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး သတို့သားအဖြစ် ဆောင်ရွက်ခဲ့တဲ့ Damien ကို ဘယ်လောက်အထိခံစားနေရလဲလို့ အခြေအနေကို
မေးမြန်းခဲ့ပေမယ့် အချစ်ဆုံးသူငယ်ချင်း Mary ကို ဆုံးရှုံးရတော့မယ်ဆိုတာကိုသိလို့ အဖြေကိုပင် မပေးနိုင်ခဲ့ရှာပါဘူး။
လက်ထပ်လက်စွပ်ကိုလည်း သမီးငယ် Mary ကြိုက်နှစ်သက်တဲ့ ကာတွန်းဇာတ်ကောင်လေးတွေဖြစ်တဲ့ Mickey နဲ့ Minnie Mouse ပုံစံလေးတွေပါတဲ့ လက်ထပ်လက်စွပ်ကို မိဘတွေက ဖန်တီးပေးခဲ့ကြပါတယ်။ မင်္ဂလာပွဲပြီးလို့ နောက်
ထပ် ငါးနာရီခန့် အကြာမှာ Mary ဟာ လူ့လောကကြီးကို နှုတ်ဆက် ထွက်ခွာသွားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : lwin pyin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top