Kantharyar Centre
×

ရာသီဥတုကလည္း ပူျပင္းရတဲ့အထဲ လမ္းေပၚမွာ ဒီတုိင္းထိုင္ေနရတဲ့ကေလးက သနားဖုိ႔ေကာင္းလြန္းပါတယ္။
 မေလး႐ွားႏိုင္ငံက မိခင္တစ္ဦးရဲ႕ အၾကင္နာမဲ့တဲ့လုပ္ရပ္အေပၚ အင္တာနက္ေပၚမွာ ေဝဖန္ေနၾကပါတယ္။ ကားပါကင္ ေနရာဦးဖုိ႔ သားကို လမ္းေပၚမွာ မိနစ္ ၂၀ ၾကာ ထိုင္ေစာင့္ေစခဲ့တာပါ။

ကြာလာလမ္ပူၿမိဳ႕က ဂ်လန္းကူခ်ိဳင္လာမာလို ေနရာမ်ိဳးမွာ ကားရပ္နားဖုိ႔ေနရာ ႐ွားပါတယ္။ ဒါေၾကာင့္ မိခင္ျဖစ္သူျဖစ္သူဟာ အသက္ ၃ ႏွစ္ခန္႔႐ွိ သူမရဲ႕သားကို လမ္းေပၚမွာ ဒီအတုိင္းထုိင္ေစၿပီး ကားပါကင္ဦးခိုင္းထားခဲ့တာျဖစ္ပါတယ္။ မိနစ္ ၂၀ ၾကာတဲ့အထိ ကေလးဟာ ပူျပင္းတဲ့ရာသီဥတုေအာက္မွာ ထိုင္ေနခဲ့ရ႐ွာပါတယ္။

ကေလးအေပၚ အၾကင္နာမဲ့စြာ ခိုင္းေစခဲ့တဲ့လုပ္ရပ္ကို ျဖတ္သြားျဖတ္လာတစ္ဦးက ျမင္ေတြ႔ခဲ့ၿပီး ဓာတ္ပံု႐ိုက္ကာ ေဖ့စ္ဘြတ္ေပၚျပန္တင္ခဲ့ပါတယ္။ အစပိုင္းကေတာ့ ကေလးတစ္ေယာက္တည္းထုိင္ေနတာ လမ္းေပ်ာက္ေနလို႔မ်ားလားဆုိၿပီး စိုးရိမ္စိတ္နဲ႔ ကေလးကိုသြားေမးေတာ့မွ အေမက ကားပါကင္ဦးဖုိ႔ ထုိင္ေစာင့္ခိုင္းထားတာျဖစ္ေၾကာင္း ကေလးက မကြယ္မဝွက္ေျဖခဲ့လို႔ ျဖစ္ရပ္မွန္ကို သိခဲ့ရတာျဖစ္ပါတယ္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:Star Online

#Unicode Version
မလေးရှားနိုင်ငံက မိခင်တစ်ဦးရဲ့ အကြင်နာမဲ့တဲ့လုပ်ရပ်အပေါ် အင်တာနက်ပေါ်မှာ ဝေဖန်နေကြပါတယ်။ ကားပါကင် နေရာဦးဖို့ သားကို လမ်းပေါ်မှာ မိနစ် ၂၀ ကြာ ထိုင်စောင့်စေခဲ့တာပါ။



ကွာလာလမ်ပူမြို့က ဂျလန်းကူချိုင်လာမာလို နေရာမျိုးမှာ ကားရပ်နားဖို့နေရာ ရှားပါတယ်။ ဒါကြောင့် မိခင်ဖြစ်သူဖြစ်သူဟာ အသက် ၃ နှစ်ခန့်ရှိ သူမရဲ့သားကို လမ်းပေါ်မှာ ဒီအတိုင်းထိုင်စေပြီး ကားပါကင်ဦးခိုင်းထားခဲ့တာဖြစ်ပါတယ်။ မိနစ် ၂၀ ကြာတဲ့အထိ ကလေးဟာ ပူပြင်းတဲ့ရာသီဥတုအောက်မှာ ထိုင်နေခဲ့ရရှာပါတယ်။



ကလေးအပေါ် အကြင်နာမဲ့စွာ ခိုင်းစေခဲ့တဲ့လုပ်ရပ်ကို ဖြတ်သွားဖြတ်လာတစ်ဦးက မြင်တွေ့ခဲ့ပြီး ဓာတ်ပုံရိုက်ကာ ဖေ့စ်ဘွတ်ပေါ်ပြန်တင်ခဲ့ပါတယ်။ အစပိုင်းကတော့ ကလေးတစ်ယောက်တည်းထိုင်နေတာ လမ်းပျောက်နေလို့များလားဆိုပြီး စိုးရိမ်စိတ်နဲ့ ကလေးကိုသွားမေးတော့မှ အမေက ကားပါကင်ဦးဖို့ ထိုင်စောင့်ခိုင်းထားတာဖြစ်ကြောင်း ကလေးက မကွယ်မဝှက်ဖြေခဲ့လို့ ဖြစ်ရပ်မှန်ကို သိခဲ့ရတာဖြစ်ပါတယ်။



 ဖိုးသူတော် (www.phothutaw.com)
Credit:Star Online
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top