Property Expo
×

မက္ဆီ၊ ဆြာရက္ဇ္ ႏွင့္ မိမိတို႔သည္ တစ္ဦးႏွင့္တစ္ဦး ဘယ္လုိေတြးတတ္ေၾကာင္း သိရိွ ၾကသျဖင့္ မိမိတို႔၏ သံုးပြင့္ဆုိင္ တုိက္စစ္ အလြန္ထိေရာက္မႈရိွ သည္ဟု ေနမာက ေျပာၾကား လုိက္သည္။

ယမန္ႏွစ္က လာလီဂါဖ လားရယူရာတြင္ ေတာင္အေမရိ ကမွ တုိက္စစ္သမားသံုးဦးက ဂုိး ေပါင္း ၉၀ သြင္းယူခဲ့ၾကသည္။

အဂၤါေန႔က ဆဲလ္တစ္ႏွင့္ ခ်န္ပီယံလိဂ္ပြဲတြင္ မက္ဆီ၊ ေန မာႏွင့္ ဆြာရက္ဇ္တို႔ ယခုရာသီ ၌ ပထမဆံုးသံုးဦးတြဲဖက္ကစား ခဲ့ၿပီး ၇-၀ ဂုိးျဖင့္ အႏုိင္ရရိွခဲ့ သည္။ ယင္းပဲြတြင္ မက္ဆီက သံုး ဂုိးသြင္းယူခဲ့ကာ ဆြာရက္ဇ္က ႏွစ္ဂုိးသြင္းယူခဲ့သည္။ ေနမာက တစ္ဂုိးသြင္းကာ ေလးဂုိးဖန္တီးေပးခဲ့သည္။ ယင္းတြင္ မက္ဆီ အတြက္ ႏွစ္ဂုိးဖန္တီးကာ ဆြာရက္ဇ္အတြက္  တစ္ဂုိးဖန္တီးေပးခဲ့သည္။ မက္ဆီႏွင့္ ဆြာရက္ဇ္တို႔ကလည္း တစ္ဦးႏွင့္ တစ္ဦးဂုိးသြင္း ႏုိင္ရန္ ဖန္တီးေပးခဲ့ၾကသည္။

‘‘ကြၽန္ေတာ္တုိ႔ တစ္ ေယာက္နဲ႔ တစ္ေယာက္ ဘယ္လုိ ေတြးၾကတယ္၊ ဘယ္လိုေျပးၾက တယ္၊ ဘယ္ေနရာ ေရာက္ေန မယ္ဆုိတာ သိေနၾကတဲ့ အဆင့္ ထိ ေရာက္ေနပါၿပီ’’ဟု ေနမာက ေျပာသည္။ ယခုရာသီတြင္ နာမည္ေက်ာ္ တိုက္စစ္မွဴး သုံးဦးပထမဆုံးအႀကိမ္ အတူတကြပဲြထြက္ကစားခဲ့ျခင္းျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

မက်ဆီ၊ ဆွာရက်ဇ် နှင့် မိမိတို့သည် တစ်ဦးနှင့်တစ်ဦး ဘယ်လိုတွေးတတ်ကြောင်း သိရှိ ကြသဖြင့် မိမိတို့၏ သုံးပွင့်ဆိုင် တိုက်စစ် အလွန်ထိရောက်မှုရှိ သည်ဟု နေမာက ပြောကြား လိုက်သည်။

ယမန်နှစ်က လာလီဂါဖ လားရယူရာတွင် တောင်အမေရိ ကမှ တိုက်စစ်သမားသုံးဦးက ဂိုး ပေါင်း ၉၀ သွင်းယူခဲ့ကြသည်။

အင်္ဂါနေ့က ဆဲလ်တစ်နှင့် ချန်ပီယံလိဂ်ပွဲတွင် မက်ဆီ၊ နေ မာနှင့် ဆွာရက်ဇ်တို့ ယခုရာသီ ၌ ပထမဆုံးသုံးဦးတွဲဖက်ကစား ခဲ့ပြီး ၇-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ သည်။ ယင်းပွဲတွင် မက်ဆီက သုံး ဂိုးသွင်းယူခဲ့ကာ ဆွာရက်ဇ်က နှစ်ဂိုးသွင်းယူခဲ့သည်။ နေမာက တစ်ဂိုးသွင်းကာ လေးဂိုးဖန်တီးပေးခဲ့သည်။ ယင်းတွင် မက်ဆီ အတွက် နှစ်ဂိုးဖန်တီးကာ ဆွာရက်ဇ်အတွက်  တစ်ဂိုးဖန်တီးပေးခဲ့သည်။ မက်ဆီနှင့် ဆွာရက်ဇ်တို့ကလည်း တစ်ဦးနှင့် တစ်ဦးဂိုးသွင်း နိုင်ရန် ဖန်တီးပေးခဲ့ကြသည်။

‘‘ကျွန်တော်တို့ တစ် ယောက်နဲ့ တစ်ယောက် ဘယ်လို တွေးကြတယ်၊ ဘယ်လိုပြေးကြ တယ်၊ ဘယ်နေရာ ရောက်နေ မယ်ဆိုတာ သိနေကြတဲ့ အဆင့် ထိ ရောက်နေပါပြီ’’ဟု နေမာက ပြောသည်။ ယခုရာသီတွင် နာမည်ကျော် တိုက်စစ်မှူး သုံးဦးပထမဆုံးအကြိမ် အတူတကွပွဲထွက်ကစားခဲ့ခြင်းဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top