Royal Maung Bamar Residence
×

အဂၤါေန႔က အိႏၵိယႏုိင္ငံ ေျမာက္ပုိင္းမွာ ေက်ာင္းဘတ္စ္ကားတစ္စီး တူးေျမာင္းထဲ ထုိးက်သြားတာေၾကာင့္ အနည္းဆုံး ကေလး ခုႏွစ္ဦး ေသဆုံးခဲ့ေၾကာင္း ရဲတပ္ဖြဲ႔က ေျပာပါတယ္။

ပန္ဂ်ပ္ျပည္နယ္၊ Amritsar ၿမိဳ႕အနီး မူဟာဝါေက်းရြာမွာ ေဒသစံေတာ္ခ်ိန္ ေန႔လည္ ၁ နာရီဝန္းက်င္းက မေတာ္တဆမႈ ျဖစ္ပြားခဲ့ပါတယ္။ အသက္ ၇ ႏွစ္ႏွင့္ ၁၄ ၾကား ကေလးငယ္ ၃၇ ဦး သယ္ေဆာင္လာတဲ့ ဘတ္စ္ကားဟာ ေျမာင္းထဲ ထုိးက်ခဲ့တယ္လုိ႔ ေက်းလက္ေဒသရဲတပ္ဖြဲ့ႀကီးၾကပ္ေရးမွူး Harkamalpreet Singh က ေျပာပါတယ္။

ဒဏ္ရာရရွိခဲ့တဲ့ ကေလးငယ္ ၁၃ ဦးရဲ႕ အေျခအေနေကာင္းေနေပမယ့္ Arora ေဆးရုံးတင္ခဲ့တဲ့ ကေလးငယ္ ႏွစ္ဦးမွာ စုိးရိမ္ဖြယ္ အေနအထား ရွိတယ္လုိ႔ အဆုိပါရဲက ေျပာပါတယ္။

အဆုိပါ မေတာ္တမႈျဖစ္မႈကုိ အာဏာပုိင္ေတြက စုံစမ္းေနပါတယ္။

တရားဝင္စာရင္းဇယားမ်ားအရ ၂၀၁၅ ခုႏွစ္အတြင္း အိႏၵိယမွာ လမ္းေပၚ မေတာ္မတျဖစ္ပြားမႈေၾကာင့္ လူ (၁၄၆,၀၀၀) ဦး ေသဆုံးခဲ့ၿပီး အမ်ားစုမွာ ယာဥ္စည္းမ်ဥ္းစည္းကမ္းေတြ မေလးစားျခင္းႏွင့္ လမ္းေတြ ဆုိးရြားျခင္းေၾကာင့္ ေသဆုံးရတယ္လုိ႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Mizzima

#Unicode Version

အင်္ဂါနေ့က အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှာ ကျောင်းဘတ်စ်ကားတစ်စီး တူးမြောင်းထဲ ထိုးကျသွားတာကြောင့် အနည်းဆုံး ကလေး ခုနှစ်ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ပန်ဂျပ်ပြည်နယ်၊ Amritsar မြို့အနီး မူဟာဝါကျေးရွာမှာ ဒေသစံတော်ချိန် နေ့လည် ၁ နာရီဝန်းကျင်းက မတော်တဆမှု ဖြစ်ပွားခဲ့ပါတယ်။ အသက် ၇ နှစ်နှင့် ၁၄ ကြား ကလေးငယ် ၃၇ ဦး သယ်ဆောင်လာတဲ့ ဘတ်စ်ကားဟာ မြောင်းထဲ ထိုးကျခဲ့တယ်လို့ ကျေးလက်ဒေသရဲတပ်ဖွဲ့ကြီးကြပ်ရေးမှူး Harkamalpreet Singh က ပြောပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့ ကလေးငယ် ၁၃ ဦးရဲ့ အခြေအနေကောင်းနေပေမယ့် Arora ဆေးရုံးတင်ခဲ့တဲ့ ကလေးငယ် နှစ်ဦးမှာ စိုးရိမ်ဖွယ် အနေအထား ရှိတယ်လို့ အဆိုပါရဲက ပြောပါတယ်။

အဆိုပါ မတော်တမှုဖြစ်မှုကို အာဏာပိုင်တွေက စုံစမ်းနေပါတယ်။

တရားဝင်စာရင်းဇယားများအရ ၂၀၁၅ ခုနှစ်အတွင်း အိန္ဒိယမှာ လမ်းပေါ် မတော်မတဖြစ်ပွားမှုကြောင့် လူ (၁၄၆,၀၀၀) ဦး သေဆုံးခဲ့ပြီး အများစုမှာ ယာဉ်စည်းမျဉ်းစည်းကမ်းတွေ မလေးစားခြင်းနှင့် လမ်းတွေ ဆိုးရွားခြင်းကြောင့် သေဆုံးရတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Mizzima
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top