Property Expo
×

 မိမိတို႔၏ သားသမီးမ်ားကို နည္းလမ္းမွန္မွန္စားေသာက္ရန္၊ ေလ့က်င့္ခန္းလုပ္ရန္ တိုက္တြန္းၿပီး တီဗီ၊ စမတ္ဖုန္းအသံုးျပဳခ်ိန္တုိ႔ ကုိ ကန္႔သတ္႐ံုျဖင့္ မလံုေလာက္ဘဲ မိဘမ်ားက စံျပအျဖစ္ က်န္းမာ ေရးႏွင့္ညီေသာ အေလ့အထေကာင္းမ်ားကို ဦးေဆာင္လုပ္ေဆာင္ ရန္ လုိအပ္ေၾကာင္း ေလ့လာမႈတစ္ရပ္က ေဖာ္ျပသည္။


ကေလးမ်ားကုိ ေဆာ့ကစားရန္ ပန္းၿခံမ်ားသုိ႔ပို႔ေပးျခင္း၊ က်န္း မာေရးႏွင့္ညီေသာ အစားအေသာက္မ်ား စီမံျပဳလုပ္ေပးျခင္းႏွင့္ တီဗီ၊ စမတ္ဖုန္းအသံုးျပဳခ်ိန္ကို ကန္႔သတ္ထိန္းခ်ဳပ္ေပးျခင္းအျပင္ မိဘမ်ားက က်န္းမာေရးႏွင့္ညီေသာ အေလ့အထေကာင္းမ်ား လုပ္ေဆာင္ပါက ကေလးမ်ား ယင္းအေလ့အထေကာင္းမ်ား ရိွလာႏုိင္ေျခပုိမ်ားသည္ဟု သုေတသီမ်ားကေျပာသည္။

ကေနဒါႏုိင္ငံႏွင့္ အေမရိကန္ႏုိင္ငံတုိ႔တြင္ ကေလးသံုးဦး၌ တစ္ဦးတြင္ ကုိယ္အေလးခ်ိန္ပိုမ်ားေနသည္ (သုိ႔မဟုတ္) အ၀လြန္ ျဖစ္ေနၾကေသာေၾကာင့္ ျပင္းထန္ေသာ က်န္းမာေရးျပႆနာမ်ား ျဖစ္ေပၚလာႏုိင္သည့္ အႏၲရာယ္က်ေရာက္ေနသည္။

က်န္းမာေရးႏွင့္ ညီၫြတ္ေသာ ေနထုိင္မႈပံုစံမ်ားတြင္ လႈပ္လႈပ္ ရွားရွားေနထုိင္႐ံုသာမဟုတ္ဘဲ တီဗီၾကည့္ျခင္း (သုိ႔မဟုတ္) အင္ တာနက္သံုးျခင္းကဲ့သုိ႔ ကုိယ္လက္လႈပ္ရွားမႈမရိွေသာ အျပဳအမူမ်ိဳး အပါအ၀င္ ထုိင္ေနခ်ိန္ကုိ ေလွ်ာ့ခ်ရန္လည္း ပါ၀င္ေၾကာင္း သုေတ သီမ်ားက ေျပာသည္။

ကေနဒါႏုိင္ငံတြင္ အသက္ (၅)ႏွစ္မွ (၁၇) ႏွစ္ၾကားအရြယ္ ကေလးငယ္မ်ားကုိ တစ္ေန႔လွ်င္ အလယ္အလတ္မွေန၍ အားစုိက္ ရေသာ ကုိယ္လက္လႈပ္ရွားမႈမ်ိဳး တစ္ေန႔လွ်င္ အနည္းဆံုးတစ္နာရီ လုပ္ရန္ႏွင့္ သစ္သီးမ်ား၊ ဟင္းသီးဟင္းရြက္မ်ား ေန႔စဥ္စားရန္ လမ္း ၫႊန္ထားသည္။

ထို႔အျပင္ တီဗီၾကည့္ခ်ိန္ႏွင့္ အြန္လုိင္းသံုးခ်ိန္ကုိ တစ္ေန႔လွ်င္ အမ်ားဆံုး ႏွစ္နာရီအထိသာ ၾကာျမင့္ရန္ က်န္းမာေရးအရာရိွမ်ား က လမ္းၫႊန္ထားသည္။

ကေလးမ်ားကုိ ကစားကြင္းသုိ႔ ေခၚေဆာင္သြားျခင္းႏွင့္ အား ကစားစီမံကိန္းမ်ားတြင္ ပါ၀င္ေစျခင္းကဲ့သုိ႔ မိဘမ်ားက ကုိယ္လက္ လႈပ္ရွားမႈျဖစ္ေစရန္ ကေလးမ်ားကို ေခၚေဆာင္သြားပါက ယင္း ကေလးငယ္မ်ားသည္ က်န္းမာေရးလမ္းၫႊန္ခ်က္မ်ားႏွင့္ ပို၍ ကုိက္ ညီေၾကာင္း သုေတသီမ်ားက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 မိမိတို့၏ သားသမီးများကို နည်းလမ်းမှန်မှန်စားသောက်ရန်၊ လေ့ကျင့်ခန်းလုပ်ရန် တိုက်တွန်းပြီး တီဗီ၊ စမတ်ဖုန်းအသုံးပြုချိန်တို့ ကို ကန့်သတ်ရုံဖြင့် မလုံလောက်ဘဲ မိဘများက စံပြအဖြစ် ကျန်းမာ ရေးနှင့်ညီသော အလေ့အထကောင်းများကို ဦးဆောင်လုပ်ဆောင် ရန် လိုအပ်ကြောင်း လေ့လာမှုတစ်ရပ်က ဖော်ပြသည်။


ကလေးများကို ဆော့ကစားရန် ပန်းခြံများသို့ပို့ပေးခြင်း၊ ကျန်း မာရေးနှင့်ညီသော အစားအသောက်များ စီမံပြုလုပ်ပေးခြင်းနှင့် တီဗီ၊ စမတ်ဖုန်းအသုံးပြုချိန်ကို ကန့်သတ်ထိန်းချုပ်ပေးခြင်းအပြင် မိဘများက ကျန်းမာရေးနှင့်ညီသော အလေ့အထကောင်းများ လုပ်ဆောင်ပါက ကလေးများ ယင်းအလေ့အထကောင်းများ ရှိလာနိုင်ခြေပိုများသည်ဟု သုတေသီများကပြောသည်။

ကနေဒါနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့တွင် ကလေးသုံးဦး၌ တစ်ဦးတွင် ကိုယ်အလေးချိန်ပိုများနေသည် (သို့မဟုတ်) အဝလွန် ဖြစ်နေကြသောကြောင့် ပြင်းထန်သော ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်ကျရောက်နေသည်။

ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်မှုပုံစံများတွင် လှုပ်လှုပ် ရှားရှားနေထိုင်ရုံသာမဟုတ်ဘဲ တီဗီကြည့်ခြင်း (သို့မဟုတ်) အင် တာနက်သုံးခြင်းကဲ့သို့ ကိုယ်လက်လှုပ်ရှားမှုမရှိသော အပြုအမူမျိုး အပါအဝင် ထိုင်နေချိန်ကို လျှော့ချရန်လည်း ပါဝင်ကြောင်း သုတေ သီများက ပြောသည်။

ကနေဒါနိုင်ငံတွင် အသက် (၅)နှစ်မှ (၁၇) နှစ်ကြားအရွယ် ကလေးငယ်များကို တစ်နေ့လျှင် အလယ်အလတ်မှနေ၍ အားစိုက် ရသော ကိုယ်လက်လှုပ်ရှားမှုမျိုး တစ်နေ့လျှင် အနည်းဆုံးတစ်နာရီ လုပ်ရန်နှင့် သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ နေ့စဉ်စားရန် လမ်း ညွှန်ထားသည်။

ထို့အပြင် တီဗီကြည့်ချိန်နှင့် အွန်လိုင်းသုံးချိန်ကို တစ်နေ့လျှင် အများဆုံး နှစ်နာရီအထိသာ ကြာမြင့်ရန် ကျန်းမာရေးအရာရှိများ က လမ်းညွှန်ထားသည်။

ကလေးများကို ကစားကွင်းသို့ ခေါ်ဆောင်သွားခြင်းနှင့် အား ကစားစီမံကိန်းများတွင် ပါဝင်စေခြင်းကဲ့သို့ မိဘများက ကိုယ်လက် လှုပ်ရှားမှုဖြစ်စေရန် ကလေးများကို ခေါ်ဆောင်သွားပါက ယင်း ကလေးငယ်များသည် ကျန်းမာရေးလမ်းညွှန်ချက်များနှင့် ပို၍ ကိုက် ညီကြောင်း သုတေသီများက ပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top