Kantharyar Centre
×

အာတိတ္ေဒသတြင္း ျမစ္တစ္စင္းမွာ ေသြးအနီေရာင္ ေျပာင္းလဲသြားခဲ့တဲ့ ျဖစ္ရပ္အေပၚ ေဒသခံမ်ားၾကား ပေဟဠိျဖစ္ေနၿပီး ႐ု႐ွားတာဝန္႐ွိသူေတြက အဆုိပါ မူမမွန္တဲ့ ျဖစ္ရပ္ကုိ စုံစမ္းစစ္ေဆးေနေၾကာင္း သိရပါတယ္။

ဆုိက္ဘီးယားေဒသတြင္း Norilsk ၿမဳိ႕အနီး႐ွိ Daldykan ျမစ္ေရဟာ အဂၤါေန႕ (စက္တင္ဘာ ၆ ရက္) က သဘာဝအေရာင္မွ ေသြးအနီေရာင္အျဖစ္ ေျပာင္းလဲသြားခဲ့ၿပီး ေသြးမ်ားစီးဆင္းေနသက့ဲသုိ႕ ျမစ္ရဲ႕ဓာတ္ပုံေတြ ဆုိ႐ွယ္မီဒီယာမွာ ပ်ံႏွံ႕ခဲ့ရာ အံ့အားသင့္ခဲ့ၾကရပါတယ္။

ျမစ္ေရ အေရာင္ေျပာင္းသြားတဲ့ သတင္းကုိ ႐ု႐ွား သဘာဝပတ္ဝန္းက်င္ဆုိင္ရာ တာဝန္႐ွိသူေတြက အတည္ျပဳခဲ့ၿပီး ျမစ္ေရအတြင္း အမ်ဳိးအမည္မသိတဲ့ ဓာတုေဗဒပစၥည္း ပါဝင္ေနခဲ့တယ္လို႕ ဆုိပါတယ္။

ျမစ္ေရဟာ ေသြးအနီေရာင္သို႕ ေျပာင္းလဲသြားရျခင္းမွာ Norilsk နီကယ္စက္႐ုံမွ စြန္႕ပစ္ပစၥည္းေၾကာင့္ ျဖစ္ႏုိင္ေၾကာင္း အာဏာပုိင္ေတြက သုံးသပ္ထားပါတယ္။ နီကယ္စက္႐ုံ တာဝန္႐ွိသူေတြကေတာ့ ဒီအခ်က္ကုိ ျငင္းဆုိထားေၾကင္း RIA Novosti သတင္းက ေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

အာတိတ်ဒေသတွင်း မြစ်တစ်စင်းမှာ သွေးအနီရောင် ပြောင်းလဲသွားခဲ့တဲ့ ဖြစ်ရပ်အပေါ် ဒေသခံများကြား ပဟေဠိဖြစ်နေပြီး ရုရှားတာဝန်ရှိသူတွေက အဆိုပါ မူမမှန်တဲ့ ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေကြောင်း သိရပါတယ်။

ဆိုက်ဘီးယားဒေသတွင်း Norilsk မြို့အနီးရှိ Daldykan မြစ်ရေဟာ အင်္ဂါနေ့ (စက်တင်ဘာ ၆ ရက်) က သဘာဝအရောင်မှ သွေးအနီရောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီး သွေးများစီးဆင်းနေသကဲ့သို့ မြစ်ရဲ့ဓာတ်ပုံတွေ ဆိုရှယ်မီဒီယာမှာ ပျံနှံ့ခဲ့ရာ အံ့အားသင့်ခဲ့ကြရပါတယ်။

မြစ်ရေ အရောင်ပြောင်းသွားတဲ့ သတင်းကို ရုရှား သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ရှိသူတွေက အတည်ပြုခဲ့ပြီး မြစ်ရေအတွင်း အမျိုးအမည်မသိတဲ့ ဓာတုဗေဒပစ္စည်း ပါဝင်နေခဲ့တယ်လို့ ဆိုပါတယ်။

မြစ်ရေဟာ သွေးအနီရောင်သို့ ပြောင်းလဲသွားရခြင်းမှာ Norilsk နီကယ်စက်ရုံမှ စွန့်ပစ်ပစ္စည်းကြောင့် ဖြစ်နိုင်ကြောင်း အာဏာပိုင်တွေက သုံးသပ်ထားပါတယ်။ နီကယ်စက်ရုံ တာဝန်ရှိသူတွေကတော့ ဒီအချက်ကို ငြင်းဆိုထားကြေင်း RIA Novosti သတင်းက ပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top