Kantharyar Centre
×

      တာေတာက္စ္ေဒသသို႔ ဝင္ေရာက္ရာ တံတားတြင္ ေပါက္ကြဲမႈႏွစ္ခု ျဖစ္ပြားခဲ့ေသာေနရာ၌     ဆီးရီးယားစစ္သားမ်ားႏွင့္ အရပ္သားမ်ား စစ္ေဆးေနၾကစဥ္ (reuters)

ဆီးရီးယားႏိုင္ငံရွိ အစိုး ရ ထိန္းခ်ဳပ္ထားေသာ ေဒသမ်ား ႏွင့္ ကာ့ဒ္လူမ်ိဳး လက္နက္ကိုင္ မ်ား ထိန္းခ်ဳပ္ထားေသာ ၿမိဳ႕တစ္ ၿမိဳ႕တြင္ တနလၤာေန႔နံနက္က ေပါက္ကဲြမႈငါးႀကိမ္ ျဖစ္ပြားၿပီး လူ အမ်ားအျပား ေသဆံုးခဲ့ေၾကာင္း ႏုိင္ငံပိုင္သတင္းဌာနႏွင့္ ေလ့လာ ေစာင့္ၾကည့္ေရးအဖဲြ႕တို႔က ေျပာ ၾကားသည္။


 အစိုးရထိန္းခ်ဳပ္ထားေသာ ၿမိဳ႕မ်ားျဖစ္သည့္ တာေတာက္စ္၊ ဟြမ္းစ္ႏွင့္ ဒမတ္စကတ္စ္ အျပင္ဘက္ လမ္းမတစ္ေလွ်ာက္တြင္ ျဖစ္ပြားေသာ ေပါက္ကဲြမႈမ်ားၾကား ဆက္စပ္မႈ ရွိသလား၊ ဟာဆာကာေဒသတြင္ ျဖစ္ပြားေသာ တိုက္ခိုက္မႈႏွင့္ ဆက္စပ္သလား ဆိုျခင္းကို မသိရေသးေပ။

စေနနံနက္ ၈ နာရီႏွင့္ ၉ နာ ရီတို႔တြင္ ျဖစ္ပြားခဲ့ေသာ ယင္း တိုက္ခိုက္မႈမ်ားမွာ မည္သူ႔လက္ ခ်က္ျဖစ္ေၾကာင္း ေျပာဆုိထား ျခင္း မရွိေသးေပ။

အေနာက္ေျမာက္ပိုင္း ကမ္း ႐ိုးတန္းၿမိဳ႕ တာေတာက္စ္အ၀င္၀ အာေဇာ္နာတံတားရွိရာ ေဒသ တြင္ ေပါက္ကဲြမႈႏွစ္ခု ျဖစ္ပြားခဲ့ ေၾကာင္း ဆီးရီးယားလူ႔အခြင့္အ ေရး ေစာင့္ၾကည့္အဖဲြ႕ႏွင့္ ႏုိင္ငံ ပိုင္သတင္းေအဂ်င္စီ ဆာနာတို႔ က ေၾကညာသည္။

 ယင္းေပါက္ကဲြမႈမ်ားအ တြင္း လူ ၁၁ ဦးထက္မနည္း ေသ ဆံုးၿပီး ၄၅ ဦး ဒဏ္ရာရရွိခဲ့သည္ဟု တာေတာက္စ္ၿမိဳ႕ ရဲတပ္ဖဲြ႕ သ တင္းရင္းျမစ္တစ္ခုက ဆာနာသ တင္းဌာနအား ေျပာၾကားသည္။

ပထမေပါက္ကဲြမႈမွာ ကား ဗံုးေပါက္ကဲြျခင္းျဖစ္ၿပီး ဒုတိယ ေပါက္ကဲြမႈမွာ ပထမေပါက္ကဲြမႈ ျဖစ္ရာေနရာသို႔ ကယ္ဆယ္ေရး လုပ္သားမ်ား ေရာက္လာစဥ္ အ ေသခံဗံုးခဲြသူတစ္ဦးက ဗံုးခဲြတိုက္ ခိုက္ခဲ့ျခင္းျဖစ္သည္ဟု ဆီးရီးယား ႏိုင္ငံပိုင္ ႐ုပ္သံသတင္းဌာနက ေဖာ္ျပသည္။

ဟြမ္းစ္ၿမိဳ႕ ေျမာက္ဘက္ ေမာ္ေဒသသို႔ ၀င္ေရာက္ရာေနရာ တြင္ ကားဗံုးတစ္လံုး ေပါက္ကဲြၿပီး အေလာင္းႏွစ္ေလာင္း လက္ခံရ ရွိထားကာ ဒဏ္ရာရသူခုနစ္ဦး ရွိေၾကာင္း ဟြမ္းစ္ၿမိဳ႕ က်န္းမာေရး ၫႊန္ၾကားေရးမွဴးက ေျပာသည္။

ဟြမ္းစ္ၿမိဳ႕တြင္ ျဖစ္ပြားေသာ ေပါက္ကဲြမႈသည္ စစ္တပ္စစ္ေဆး ေရးဂိတ္၌ ေပါက္ကဲြခဲ့ျခင္းျဖစ္ၿပီး စစ္သားႏွစ္ဦး ေသဆံုးခဲ့သည္ဟု ေလ့လာေစာင့္ၾကည့္ေရးအဖဲြ႕က ေျပာသည္။   


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
တာတောက်စ်ဒေသသို့ ဝင်ရောက်ရာ တံတားတွင် ပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့သောနေရာ၌ ဆီးရီးယားစစ်သားများနှင့် အရပ်သားများ စစ်ဆေးနေကြစဉ် (reuters)

ဆီးရီးယားနိုင်ငံရှိ အစိုး ရ ထိန်းချုပ်ထားသော ဒေသများ နှင့် ကာ့ဒ်လူမျိုး လက်နက်ကိုင် များ ထိန်းချုပ်ထားသော မြို့တစ် မြို့တွင် တနင်္လာနေ့နံနက်က ပေါက်ကွဲမှုငါးကြိမ် ဖြစ်ပွားပြီး လူ အများအပြား သေဆုံးခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာနနှင့် လေ့လာ စောင့်ကြည့်ရေးအဖွဲ့တို့က ပြော ကြားသည်။


 အစိုးရထိန်းချုပ်ထားသော မြို့များဖြစ်သည့် တာတောက်စ်၊ ဟွမ်းစ်နှင့် ဒမတ်စကတ်စ် အပြင်ဘက် လမ်းမတစ်လျှောက်တွင် ဖြစ်ပွားသော ပေါက်ကွဲမှုများကြား ဆက်စပ်မှု ရှိသလား၊ ဟာဆာကာဒေသတွင် ဖြစ်ပွားသော တိုက်ခိုက်မှုနှင့် ဆက်စပ်သလား ဆိုခြင်းကို မသိရသေးပေ။

စနေနံနက် ၈ နာရီနှင့် ၉ နာ ရီတို့တွင် ဖြစ်ပွားခဲ့သော ယင်း တိုက်ခိုက်မှုများမှာ မည်သူ့လက် ချက်ဖြစ်ကြောင်း ပြောဆိုထား ခြင်း မရှိသေးပေ။

အနောက်မြောက်ပိုင်း ကမ်း ရိုးတန်းမြို့ တာတောက်စ်အဝင်၀ အာဇော်နာတံတားရှိရာ ဒေသ တွင် ပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့ ကြောင်း ဆီးရီးယားလူ့အခွင့်အ ရေး စောင့်ကြည့်အဖွဲ့နှင့် နိုင်ငံ ပိုင်သတင်းအေဂျင်စီ ဆာနာတို့ က ကြေညာသည်။

 ယင်းပေါက်ကွဲမှုများအ တွင်း လူ ၁၁ ဦးထက်မနည်း သေ ဆုံးပြီး ၄၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု တာတောက်စ်မြို့ ရဲတပ်ဖွဲ့ သ တင်းရင်းမြစ်တစ်ခုက ဆာနာသ တင်းဌာနအား ပြောကြားသည်။

ပထမပေါက်ကွဲမှုမှာ ကား ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး ဒုတိယ ပေါက်ကွဲမှုမှာ ပထမပေါက်ကွဲမှု ဖြစ်ရာနေရာသို့ ကယ်ဆယ်ရေး လုပ်သားများ ရောက်လာစဉ် အ သေခံဗုံးခွဲသူတစ်ဦးက ဗုံးခွဲတိုက် ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆီးရီးယား နိုင်ငံပိုင် ရုပ်သံသတင်းဌာနက ဖော်ပြသည်။

ဟွမ်းစ်မြို့ မြောက်ဘက် မော်ဒေသသို့ ဝင်ရောက်ရာနေရာ တွင် ကားဗုံးတစ်လုံး ပေါက်ကွဲပြီး အလောင်းနှစ်လောင်း လက်ခံရ ရှိထားကာ ဒဏ်ရာရသူခုနစ်ဦး ရှိကြောင်း ဟွမ်းစ်မြို့ ကျန်းမာရေး ညွှန်ကြားရေးမှူးက ပြောသည်။

ဟွမ်းစ်မြို့တွင် ဖြစ်ပွားသော ပေါက်ကွဲမှုသည် စစ်တပ်စစ်ဆေး ရေးဂိတ်၌ ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး စစ်သားနှစ်ဦး သေဆုံးခဲ့သည်ဟု လေ့လာစောင့်ကြည့်ရေးအဖွဲ့က ပြောသည်။    



ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top