Kantharyar Centre
×

  ေရတြင္ ေမ်ာပါလာေသာေရာဂါပိုးရွိသည့္ တိရစၧာန္ မ်ား၏ အသားႏွင့္ ကိုင္တြယ္ထိေတြ႕ စားေသာက္ရာမွ တစ္ဆင့္ ေထာင့္သန္းေရာဂါျဖစ္ပြားေစႏုိင္ သျဖင့္ သတိျပဳဆင္ျခင္သင့္ေၾကာင္း ဆရာ၀န္ႀကီးအခ်ဳိ႕က ေျပာသည္။

ကြၽဲ၊ ႏြား၊ သိုး၊ ဆိတ္၊ ၀က္၊ ဆင္ႏွင့္ ျမင္းစေသာ တိရစၧာန္မ်ား ၏ အသားကို ကိုင္တြယ္ထိေတြ႕၍ ျဖစ္ေစ၊ ခ်က္ျပဳတ္စားေသာက္၍ ျဖစ္ေစ လူ႕ခႏၶာကိုယ္ထဲသို႔ အစာေျခလမ္းေၾကာင္းႏွင့္ အသက္႐ွဴလမ္းေၾကာင္းတို႔မွ ၀င္ေရာက္ၿပီး ေထာင့္သန္းကူးစက္ေရာဂါ ျဖစ္ပြားေစျခင္း ျဖစ္သည္။

‘‘မည္သည့္အေၾကာင္းေၾကာင့္ ေသဆံုးမွန္းမသိတဲ့အသားေပါ့။ ကိုယ့္ဟာကိုယ္ ဒီအတိုင္းေပၚၿပီး ခ်က္စားတာ အေၾကာင္းမဟုတ္ ဘူး။ အေၾကာင္းရင္းမသိဘဲ ေသ တဲ့တိရစၧာန္ေတြရဲ႕ အသားကို မစားဖို႔၊အကာအကြယ္မဲ့ ထိေတြ႕ကိုင္တြယ္ျခင္းမျပဳဖို႔ လိုတယ္။ ကိုယ့္တိရစၧာန္ျဖစ္ရင္ေတာင္ ႐ုတ္ တရက္ ေသတယ္ဆိုရင္ လက္ အိတ္၊ ေျခအိတ္၊ ႂကြပ္ႂကြပ္အိတ္ေတြစြပ္ၿပီးေတာ့ ကိုင္တြယ္ဖို႔လိုတယ္။ က်င္းတူးေျမျမႇဳပ္၊ မီး႐ိႈ႕ဖ်က္ဆီးေပါ့။ အဲဒါေတြကို စားေသာက္ကိုင္တြယ္ျခင္းမျပဳဘူးဆိုရင္ လူကိုကူးစက္မႈအႏၲရာယ္မရွိဘူးေပါ့’’ဟု ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာန၊ ေရာဂါရွာေဖြထိန္းခ်ဳပ္ေရးဌာနစုမွ ဒုၫႊန္မွဴး ေဒါက္တာ ခင္ေမာင္လတ္က ေျပာသည္။

 ေထာင့္သန္းေရာဂါသည္ ေရာဂါပိုးရွိေသာတိရစၧာန္မွ ေရာဂါ လက္ခံႏိုင္သည့္ တိရစၧာန္ႏွင့္ ထိေတြ႕မိျခင္း၊ အစာေျခ လမ္းေၾကာင္းႏွင့္ အသက္႐ွဴလမ္းေၾကာင္းတို႔မွ ၀င္ေရာက္ျခင္း၊ ေရာဂါပိုးရွိသည့္ အသား၊ အညစ္အေၾကးတို႔မွတစ္ဆင့္ လူသို႔ေရာဂါကူးစက္ျခင္းတို႔ျဖစ္ပြားႏိုင္သည္။ ထို႔အျပင္ မိုးဦးက်ႏွင့္ ေရာဂါျဖစ္ဖူးေသာေဒသမ်ားတြင္ ႏွစ္စဥ္ျဖစ္ပြားတတ္ၿပီး ယင္းေရာဂါသည္ ေရာဂါပိုးရွိေသာ ေျမ၊ စားက်က္ေျမ၊ အစာ၊ ေရေသာက္မိျခင္း၊ ေရာဂါပိုးရွိသည့္ ေလ႐ွဴ႐ႈိက္မိျခင္းျဖင့္လည္း တိရစၧာန္သို႔ ကူးစက္ေစႏိုင္သည္။

‘‘ေထာင့္သန္းပိုးပါတဲ့ အသားစားမိရင္လူကစားၿပီး တစ္ပတ္အတြင္းမွာ လကၡဏာျပလာတယ္။အျပင္းဖ်ားလာမယ္။ အနာလံုး ႀကီးေတြေပါက္လာမယ္။ သိသာ တာကေတာ့ သူက ပိုး၀င္ေရာက္ တဲ့ လမ္းေၾကာင္းရွိတယ္။ အသက္ ႐ွဴလမ္းေၾကာင္းက ၀င္တာလား၊ အစာေျခလမ္းေၾကာင္းက၀င္တာ လား၊ အသက္႐ႈလမ္းေၾကာင္းက ဆိုရင္ေတာ့ ပိုးကပိုျမန္တယ္။ အဲဒီလို၀င္ၿပီး ပိုးျပန္႔သြားရင္ အသက္ ဆံုး႐ႈံးမႈျမန္တာေပါ့။ အစာေျခ လမ္းေၾကာင္းကလည္း စနစ္တက်မကုရင္ အသက္အႏၲရာယ္စိုးရိမ္ရ တယ္’’ဟု ေဒါက္တာ ခင္ေမာင္ လတ္က ေျပာသည္။

ထို႔ေၾကာင့္ ေရတြင္ေမ်ာပါ လာေသာ ေရာဂါပိုးရွိ တိရစၧာန္မ်ား၏ အသားႏွင့္ ကိုင္တြယ္ထိေတြ႕စားေသာက္ျခင္းမျပဳရန္၊ မိမိတို႔ေမြးျမဴထားေသာ တိရစၧာန္မ်ားအား ေထာင့္သန္းေရာဂါကာကြယ္ေဆးတစ္ႏွစ္တစ္ႀကိမ္ထိုးႏွံေပးရန္၊ ထို႔ျပင္ေရလႊမ္းမိုးဒဏ္ခံရၿပီး ေရာဂါပိုးကပ္ၿငိႏိုင္ေသာ စားက်က္ေျမမ်ားသို႔ တိရစၧာန္မ်ားအား လႊတ္ေက်ာင္းျခင္းမျပဳရန္ႏွင့္ သန္႔ရွင္းေသာ ေရႏွင့္ အစာမ်ားကို တိရစၧာန္မ်ားအား ေကြၽးေမြးျခင္းတို႔ျဖင့္ေရာဂါကူးစက္မႈမရွိရန္ ကာကြယ္ႏုိင္ေၾကာင္း သိရသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
  ရေတွင် မျောပါလာသောရောဂါပိုးရှိသည့် တိရစ္ဆာန် များ၏ အသားနှင့် ကိုင်တွယ်ထိတွေ့ စားသောက်ရာမှ တစ်ဆင့် ထောင့်သန်းရောဂါဖြစ်ပွားစေနိုင် သဖြင့် သတိပြုဆင်ခြင်သင့်ကြောင်း ဆရာဝန်ကြီးအချို့က ပြောသည်။

ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ဝက်၊ ဆင်နှင့် မြင်းစသော တိရစ္ဆာန်များ ၏ အသားကို ကိုင်တွယ်ထိတွေ့၍ ဖြစ်စေ၊ ချက်ပြုတ်စားသောက်၍ ဖြစ်စေ လူ့ခန္ဓာကိုယ်ထဲသို့ အစာခြေလမ်းကြောင်းနှင့် အသက်ရှူလမ်းကြောင်းတို့မှ ဝင်ရောက်ပြီး ထောင့်သန်းကူးစက်ရောဂါ ဖြစ်ပွားစေခြင်း ဖြစ်သည်။

‘‘မည်သည့်အကြောင်းကြောင့် သေဆုံးမှန်းမသိတဲ့အသားပေါ့။ ကိုယ့်ဟာကိုယ် ဒီအတိုင်းပေါ်ပြီး ချက်စားတာ အကြောင်းမဟုတ် ဘူး။ အကြောင်းရင်းမသိဘဲ သေ တဲ့တိရစ္ဆာန်တွေရဲ့ အသားကို မစားဖို့၊အကာအကွယ်မဲ့ ထိတွေ့ကိုင်တွယ်ခြင်းမပြုဖို့ လိုတယ်။ ကိုယ့်တိရစ္ဆာန်ဖြစ်ရင်တောင် ရုတ် တရက် သေတယ်ဆိုရင် လက် အိတ်၊ ခြေအိတ်၊ ကြွပ်ကြွပ်အိတ်တွေစွပ်ပြီးတော့ ကိုင်တွယ်ဖို့လိုတယ်။ ကျင်းတူးမြေမြှုပ်၊ မီးရှို့ဖျက်ဆီးပေါ့။ အဲဒါတွေကို စားသောက်ကိုင်တွယ်ခြင်းမပြုဘူးဆိုရင် လူကိုကူးစက်မှုအန္တရာယ်မရှိဘူးပေါ့’’ဟု မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ရောဂါရှာဖွေထိန်းချုပ်ရေးဌာနစုမှ ဒုညွှန်မှူး ဒေါက်တာ ခင်မောင်လတ်က ပြောသည်။

 ထောင့်သန်းရောဂါသည် ရောဂါပိုးရှိသောတိရစ္ဆာန်မှ ရောဂါ လက်ခံနိုင်သည့် တိရစ္ဆာန်နှင့် ထိတွေ့မိခြင်း၊ အစာခြေ လမ်းကြောင်းနှင့် အသက်ရှူလမ်းကြောင်းတို့မှ ဝင်ရောက်ခြင်း၊ ရောဂါပိုးရှိသည့် အသား၊ အညစ်အကြေးတို့မှတစ်ဆင့် လူသို့ရောဂါကူးစက်ခြင်းတို့ဖြစ်ပွားနိုင်သည်။ ထို့အပြင် မိုးဦးကျနှင့် ရောဂါဖြစ်ဖူးသောဒေသများတွင် နှစ်စဉ်ဖြစ်ပွားတတ်ပြီး ယင်းရောဂါသည် ရောဂါပိုးရှိသော မြေ၊ စားကျက်မြေ၊ အစာ၊ ရေသောက်မိခြင်း၊ ရောဂါပိုးရှိသည့် လေရှူရှိုက်မိခြင်းဖြင့်လည်း တိရစ္ဆာန်သို့ ကူးစက်စေနိုင်သည်။

‘‘ထောင့်သန်းပိုးပါတဲ့ အသားစားမိရင်လူကစားပြီး တစ်ပတ်အတွင်းမှာ လက္ခဏာပြလာတယ်။အပြင်းဖျားလာမယ်။ အနာလုံး ကြီးတွေပေါက်လာမယ်။ သိသာ တာကတော့ သူက ပိုးဝင်ရောက် တဲ့ လမ်းကြောင်းရှိတယ်။ အသက် ရှူလမ်းကြောင်းက ဝင်တာလား၊ အစာခြေလမ်းကြောင်းကဝင်တာ လား၊ အသက်ရှုလမ်းကြောင်းက ဆိုရင်တော့ ပိုးကပိုမြန်တယ်။ အဲဒီလိုဝင်ပြီး ပိုးပြန့်သွားရင် အသက် ဆုံးရှုံးမှုမြန်တာပေါ့။ အစာခြေ လမ်းကြောင်းကလည်း စနစ်တကျမကုရင် အသက်အန္တရာယ်စိုးရိမ်ရ တယ်’’ဟု ဒေါက်တာ ခင်မောင် လတ်က ပြောသည်။

ထို့ကြောင့် ရေတွင်မျောပါ လာသော ရောဂါပိုးရှိ တိရစ္ဆာန်များ၏ အသားနှင့် ကိုင်တွယ်ထိတွေ့စားသောက်ခြင်းမပြုရန်၊ မိမိတို့မွေးမြူထားသော တိရစ္ဆာန်များအား ထောင့်သန်းရောဂါကာကွယ်ဆေးတစ်နှစ်တစ်ကြိမ်ထိုးနှံပေးရန်၊ ထို့ပြင်ရေလွှမ်းမိုးဒဏ်ခံရပြီး ရောဂါပိုးကပ်ငြိနိုင်သော စားကျက်မြေများသို့ တိရစ္ဆာန်များအား လွှတ်ကျောင်းခြင်းမပြုရန်နှင့် သန့်ရှင်းသော ရေနှင့် အစာများကို တိရစ္ဆာန်များအား ကျွေးမွေးခြင်းတို့ဖြင့်ရောဂါကူးစက်မှုမရှိရန် ကာကွယ်နိုင်ကြောင်း သိရသည်။



ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top