Property Expo
×

႐ုပ္ရွင္/ ဗီဒီယိုဇာတ္ကားမ်ား ႐ိုက္ကူးရာတြင္ စံသတ္မွတ္မႈအျဖစ္ အသုံးျပဳမည့္စာခ်ဳပ္၌ ထည့္သြင္းမည့္ အခ်က္အလက္မ်ားႏွင့္ပတ္သက္ၿပီး အႏုပညာရွင္၊ အတတ္ပညာရွင္မ်ား ယခုလအတြင္း ေတြ႕ဆံုေဆြးေႏြးသြား မည္ ျဖစ္ေၾကာင္းသိရသည္။ ”႐ုပ္ရွင္ဗီဒီယို ႐ိုက္ကူးတဲ့ေနရာမွာ စာခ်ဳပ္စာတမ္းနဲ႔လုပ္ဖို႔အတြက္ဆို ရင္ ေလာကသားေတြအားလုံးသေဘာတူတဲ့ စည္းကမ္းခ်က္ေတြပါဝင္တဲ့ စာခ်ဳပ္တစ္ခုကို ကြၽန္ေတာ္တို႔ဘက္က စံသတ္မွတ္မႈအေနနဲ႔လုပ္ျပမွရမယ္။ အဲဒီလိုမ်ိဳး စာခ်ဳပ္ရဖို႔အတြက္ဆိုရင္ အႏုပညာရွင္ အတတ္ပညာရွင္ေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးဖို႔အတြက္ ကြၽန္ေတာ္တို႔စီစဥ္ေနပါတယ္” ဟု သ႐ုပ္ေဆာင္ဇာဂနာက စက္တင္ဘာ ၁၉ ရက္ တြင္ ေျပာသည္။
ယခုအခါတြင္ ႐ုပ္ရွင္ဗီဒီယိုဇာတ္ ကားမ်ားရိုက္ကူးရာ၌ ထုတ္လုပ္သူ ႏွင့္အႏုပညာရွင္မ်ားအၾကား သေဘာတူစာခ်ဳပ္ ခ်ဳပ္ဆိုမႈမ်ားရွိေသာ္လည္း နားလည္မႈအရ ခ်ဳပ္ဆိုထားေသာစာခ်ဳပ္ျဖစ္ေၾကာင္း သိရသည္။ ယင္းကဲ့ သို႔ နားလည္မႈျဖင့္ခ်ဳပ္ဆိုသည့္အခါတြင္ အႏုပညာေလာက၌ အခ်ိန္မတိက်ျခင္းေၾကာင့္ျဖစ္ေသာ ျပႆနာမ်ား၊ ဇာတ္ကား႐ိုက္ကူးစဥ္တြင္ လိုက္နာရမည့္စည္းကမ္းမ်ားကို မလုိက္နာျခင္းေၾကာင့္ ျဖစ္ေပၚေသာ ျပႆနာမ်ားကို ရင္ဆိုင္ေနရေၾကာင္း သိရသည္။

”ေနာက္ဆုံး MRTV-4 တို႔ Sky Net တို႔ကအစ စာခ်ဳပ္စာတမ္းေတြနဲ႔လုပ္ေဆာင္ေနတာပါ။ ကြၽန္ေတာ္တို႔႐ုပ္ရွင္ေလာကတစ္ခုတည္း ႏႈတ္ကတိေတြ သံေယာဇဥ္ေတြနဲ႔လုပ္ၾကတယ္။ အဲဒီေတာ့ဘာျဖစ္လာလဲ။ အ ျငင္းပြားရတယ္။ စိတ္ညစ္ရတယ္။ စကားမ်ားရတယ္။ စာခ်ဳပ္စာတမ္း နဲ႔သာလုပ္မယ္ဆိုရင္ က်ိန္းေသတာတစ္ခုကေတာ့ ပေရာ္ဖက္ရွင္နယ္စစ္ စစ္တစ္ခုျဖစ္လာမယ္။ ျပန္ၾကားေရး ဝန္ႀကီးဌာနနဲ႔ လႊတ္ေတာ္၊ အစိုးရေတြကသာ စည္းမ်ဥ္းစည္းကမ္းတစ္ခုနဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုမယ္ဆိုရင္ ဇာတ္လမ္းတင္ ျပမႈကိုေပးမယ္ဆိုရင္ ႐ုပ္ရွင္ေလာက က အခုထက္အဆေပါင္းမ်ားစြာျမင့္ မားလာမွာပါ”ဟု ဒါ႐ိုက္တာဝိုင္းက ေျပာသည္။

ယခုအခါ ျပန္လည္ျပဳလုပ္မည့္ စာခ်ဳပ္တြင္ ဇာတ္ကားတစ္ကား႐ိုက္ ကူးရန္အတြက္ ယင္းဇာတ္ကားတြင္ ပါဝင္မည့္ အႏုပညာရွင္တစ္ေယာက္ ၏အႏုပညာေၾကး၊ ဇာတ္ကား႐ိုက္ ကူးစဥ္ကာလအတြက္ လိုက္နာရမည့္ စည္းကမ္းခ်က္မ်ား အစရွိေသာအႏု ပညာရွင္၊ အတတ္ပညာရွင္မ်ားသေဘာ တူထားေသာ စည္းကမ္းခ်က္မ်ားပါ ဝင္မည့္ စံသတ္မွတ္မႈစာခ်ဳပ္ကိုျပဳလုပ္ သြားမည္ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Democracytoday

#Unicode Version
ရုပ်ရှင်/ ဗီဒီယိုဇာတ်ကားများ ရိုက်ကူးရာတွင် စံသတ်မှတ်မှုအဖြစ် အသုံးပြုမည့်စာချုပ်၌ ထည့်သွင်းမည့် အချက်အလက်များနှင့်ပတ်သက်ပြီး အနုပညာရှင်၊ အတတ်ပညာရှင်များ ယခုလအတွင်း တွေ့ဆုံဆွေးနွေးသွား မည် ဖြစ်ကြောင်းသိရသည်။ ”ရုပ်ရှင်ဗီဒီယို ရိုက်ကူးတဲ့နေရာမှာ စာချုပ်စာတမ်းနဲ့လုပ်ဖို့အတွက်ဆို ရင် လောကသားတွေအားလုံးသဘောတူတဲ့ စည်းကမ်းချက်တွေပါဝင်တဲ့ စာချုပ်တစ်ခုကို ကျွန်တော်တို့ဘက်က စံသတ်မှတ်မှုအနေနဲ့လုပ်ပြမှရမယ်။ အဲဒီလိုမျိုး စာချုပ်ရဖို့အတွက်ဆိုရင် အနုပညာရှင် အတတ်ပညာရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် ကျွန်တော်တို့စီစဉ်နေပါတယ်” ဟု သရုပ်ဆောင်ဇာဂနာက စက်တင်ဘာ ၁၉ ရက် တွင် ပြောသည်။
ယခုအခါတွင် ရုပ်ရှင်ဗီဒီယိုဇာတ် ကားများရိုက်ကူးရာ၌ ထုတ်လုပ်သူ နှင့်အနုပညာရှင်များအကြား သဘောတူစာချုပ် ချုပ်ဆိုမှုများရှိသော်လည်း နားလည်မှုအရ ချုပ်ဆိုထားသောစာချုပ်ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့ သို့ နားလည်မှုဖြင့်ချုပ်ဆိုသည့်အခါတွင် အနုပညာလောက၌ အချိန်မတိကျခြင်းကြောင့်ဖြစ်သော ပြဿနာများ၊ ဇာတ်ကားရိုက်ကူးစဉ်တွင် လိုက်နာရမည့်စည်းကမ်းများကို မလိုက်နာခြင်းကြောင့် ဖြစ်ပေါ်သော ပြဿနာများကို ရင်ဆိုင်နေရကြောင်း သိရသည်။

”နောက်ဆုံး MRTV-4 တို့ Sky Net တို့ကအစ စာချုပ်စာတမ်းတွေနဲ့လုပ်ဆောင်နေတာပါ။ ကျွန်တော်တို့ရုပ်ရှင်လောကတစ်ခုတည်း နှုတ်ကတိတွေ သံယောဇဉ်တွေနဲ့လုပ်ကြတယ်။ အဲဒီတော့ဘာဖြစ်လာလဲ။ အ ငြင်းပွားရတယ်။ စိတ်ညစ်ရတယ်။ စကားများရတယ်။ စာချုပ်စာတမ်း နဲ့သာလုပ်မယ်ဆိုရင် ကျိန်းသေတာတစ်ခုကတော့ ပရော်ဖက်ရှင်နယ်စစ် စစ်တစ်ခုဖြစ်လာမယ်။ ပြန်ကြားရေး ဝန်ကြီးဌာနနဲ့ လွှတ်တော်၊ အစိုးရတွေကသာ စည်းမျဉ်းစည်းကမ်းတစ်ခုနဲ့ စာချုပ်ချုပ်ဆိုမယ်ဆိုရင် ဇာတ်လမ်းတင် ပြမှုကိုပေးမယ်ဆိုရင် ရုပ်ရှင်လောက က အခုထက်အဆပေါင်းများစွာမြင့် မားလာမှာပါ”ဟု ဒါရိုက်တာဝိုင်းက ပြောသည်။

ယခုအခါ ပြန်လည်ပြုလုပ်မည့် စာချုပ်တွင် ဇာတ်ကားတစ်ကားရိုက် ကူးရန်အတွက် ယင်းဇာတ်ကားတွင် ပါဝင်မည့် အနုပညာရှင်တစ်ယောက် ၏အနုပညာကြေး၊ ဇာတ်ကားရိုက် ကူးစဉ်ကာလအတွက် လိုက်နာရမည့် စည်းကမ်းချက်များ အစရှိသောအနု ပညာရှင်၊ အတတ်ပညာရှင်များသဘော တူထားသော စည်းကမ်းချက်များပါ ဝင်မည့် စံသတ်မှတ်မှုစာချုပ်ကိုပြုလုပ် သွားမည်ဖြစ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Democracytoday
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top