Kantharyar Centre
×

အေမရိကန္ႏုိင္ငံ နယူးေယာက္ၿမိဳ႕၌ က်င္းပေန ေသာ ယူအက္စ္အုိးပင္းတင္းနစ္ ၿပိဳင္ပြဲတြင္ ကမၻာနံပါတ္ (၁) ဂ်ိဳကုိ ဗစ္က ၿဗိတိန္ႏုိင္ငံသား ကုိင္လီ အက္မြန္းကို သံုးပြဲျပတ္အႏုိင္ရရိွ ၿပီး ကြာတားဖုိင္နယ္သို႔ တက္ ေရာက္ခဲ့ေသာ္လည္း စပိန္ႏုိင္ငံ သား ရာေဖးနာဒယ္က ျပင္သစ္ လူငယ္ကစားသမား လူးကပ္စ္ ေပၚအီလီကို မထင္မွတ္ဘဲ ႐ႈံးနိမ့္ ကာ ၿပိဳင္ပြဲမွ ထြက္ခြာခဲ့ရသည္။

ဒုတိယအဆင့္ႏွင့္ တတိယ အဆင့္ ၿပိဳင္ပြဲမ်ားတြင္ ၿပိဳင္ဘက္ မ်ား ဒဏ္ရာမ်ားျဖင့္ အနားယူ သြားရေသာေၾကာင့္ စတုတၳ အဆင့္သုိ႔ သက္ေသာင့္သက္သာ ေရာက္လာခဲ့သည့္ ဂ်ဳိကုိဗစ္သည္  တတိယပြဲငယ္၌ တံေတာင္ဆစ္ အတြက္ ေဆးကုသမႈခံယူရေသာ္လည္း အက္မြန္းကို ၆-၂၊၆-၁၊ ၆-၄ ျဖင့္ အႏုိင္ရရိွခဲ့သည္။

‘‘အၿပိဳင္အဆုိင္ရိွတဲ့ ပြဲတစ္ ပြဲကစားလိုက္ရတာ တကယ္ ေကာင္းပါတယ္။ ေနာက္တန္း စည္းက ႐ုိက္ခ်က္ေတြ ကြၽန္ေတာ္ ရဲ႕ ေရွ႕ဆက္႐ိုက္ခ်က္ေတြ၊ ေနာက္ျပန္႐ုိက္ခ်က္ေတြအား လံုးေကာင္းေနတယ္။ အဲဒီအ တြက္ ေက်နပ္ပါတယ္’’ဟု ဂ်ဳိကုိ ဗစ္က ေျပာသည္။ ရာေဖးနာဒယ္သည္ ျပင္သစ္ လူငယ္ေပၚအီလီ ႏွင့္ ေလးနာရီၾကာ တုိက္ပြဲ၀င္ခဲ့ ေသာ္လည္း ၆- ၁၊ ၂-၆၊ ၆-၄၊၃-၆၊ ၇-၆ (၆)ျဖင့္ ႐ႈံးနိမ့္ခဲ့သည္။

တင္းနစ္ၿပိဳင္ပြဲတစ္ေလွ်ာက္ ဆုဖလားမရရိွေသးေသာ ကမၻာ့ အဆင့္ (၂၄) ေပၚအီလီသည္ ပြဲ ငယ္ငါးပြဲပါသည့္ ပြဲသံုးပြဲဆက္ တိုက္ကစားခဲ့ရေသာ္လည္း ဂရင္း ဆလမ္ (၁၄) ႀကိမ္ခ်န္ပီယံ နာဒယ္ ကုိ အႏုိင္ရယူသြားျခင္းျဖစ္သည္။

‘‘ကြၽန္ေတာ္ ဒီထက္ပုိ ေကာင္းတာကုိ အိပ္မက္မမက္ ႏုိင္ပါဘူး’’ဟု ေပၚအီလီက ေျပာ သည္။

ေပၚအီလီႏွင့္အတူ အျခား ျပင္သစ္ႏုိင္ငံသားမ်ားျဖစ္ေသာ ဆြန္ဂါႏွင့္ မြန္ဖီးလ္စ္တုိ႔လည္း ၿပိဳင္ဘက္မ်ားကို အႏုိင္ယူ၍ ယူ အက္စ္အိုးပင္းကြာတားသို႔ တက္ ေရာက္လာၾကသည္။  


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily


#Unicode Version
အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ကျင်းပနေ သော ယူအက်စ်အိုးပင်းတင်းနစ် ပြိုင်ပွဲတွင် ကမ္ဘာနံပါတ် (၁) ဂျိုကို ဗစ်က ဗြိတိန်နိုင်ငံသား ကိုင်လီ အက်မွန်းကို သုံးပွဲပြတ်အနိုင်ရရှိ ပြီး ကွာတားဖိုင်နယ်သို့ တက် ရောက်ခဲ့သော်လည်း စပိန်နိုင်ငံ သား ရာဖေးနာဒယ်က ပြင်သစ် လူငယ်ကစားသမား လူးကပ်စ် ပေါ်အီလီကို မထင်မှတ်ဘဲ ရှုံးနိမ့် ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။

ဒုတိယအဆင့်နှင့် တတိယ အဆင့် ပြိုင်ပွဲများတွင် ပြိုင်ဘက် များ ဒဏ်ရာများဖြင့် အနားယူ သွားရသောကြောင့် စတုတ္ထ အဆင့်သို့ သက်သောင့်သက်သာ ရောက်လာခဲ့သည့် ဂျိုကိုဗစ်သည်  တတိယပွဲငယ်၌ တံတောင်ဆစ် အတွက် ဆေးကုသမှုခံယူရသော်လည်း အက်မွန်းကို ၆-၂၊၆-၁၊ ၆-၄ ဖြင့် အနိုင်ရရှိခဲ့သည်။

‘‘အပြိုင်အဆိုင်ရှိတဲ့ ပွဲတစ် ပွဲကစားလိုက်ရတာ တကယ် ကောင်းပါတယ်။ နောက်တန်း စည်းက ရိုက်ချက်တွေ ကျွန်တော် ရဲ့ ရှေ့ဆက်ရိုက်ချက်တွေ၊ နောက်ပြန်ရိုက်ချက်တွေအား လုံးကောင်းနေတယ်။ အဲဒီအ တွက် ကျေနပ်ပါတယ်’’ဟု ဂျိုကို ဗစ်က ပြောသည်။ ရာဖေးနာဒယ်သည် ပြင်သစ် လူငယ်ပေါ်အီလီ နှင့် လေးနာရီကြာ တိုက်ပွဲဝင်ခဲ့ သော်လည်း ၆- ၁၊ ၂-၆၊ ၆-၄၊၃-၆၊ ၇-၆ (၆)ဖြင့် ရှုံးနိမ့်ခဲ့သည်။

တင်းနစ်ပြိုင်ပွဲတစ်လျှောက် ဆုဖလားမရရှိသေးသော ကမ္ဘာ့ အဆင့် (၂၄) ပေါ်အီလီသည် ပွဲ ငယ်ငါးပွဲပါသည့် ပွဲသုံးပွဲဆက် တိုက်ကစားခဲ့ရသော်လည်း ဂရင်း ဆလမ် (၁၄) ကြိမ်ချန်ပီယံ နာဒယ် ကို အနိုင်ရယူသွားခြင်းဖြစ်သည်။

‘‘ကျွန်တော် ဒီထက်ပို ကောင်းတာကို အိပ်မက်မမက် နိုင်ပါဘူး’’ဟု ပေါ်အီလီက ပြော သည်။

ပေါ်အီလီနှင့်အတူ အခြား ပြင်သစ်နိုင်ငံသားများဖြစ်သော ဆွန်ဂါနှင့် မွန်ဖီးလ်စ်တို့လည်း ပြိုင်ဘက်များကို အနိုင်ယူ၍ ယူ အက်စ်အိုးပင်းကွာတားသို့ တက် ရောက်လာကြသည်။  



ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top