Property Expo
×

 ေရႊမင္းသမီး႐ုပ္ရွင္ ထုတ္လုပ္ေရးက စီစဥ္သည့္ ‘တီတီႏွင့္ ဒိုးနပ္’႐ုပ္ရွင္ကို ျမန္မာႏုိင္ငံ ႏွင့္ ထုိင္းႏုိင္ငံတြင္ ယခုႏွစ္ကုန္၌ တစ္ၿပိဳင္နက္တည္း ႐ံုတင္ျပသ မည္ျဖစ္ေၾကာင္း သတင္းရရွိ သည္။

‘‘ကြၽန္ေတာ္တုိ႔ ဒီကားကို စ႐ုိက္ရတဲ့ ရည္ရြယ္ခ်က္က ကြၽန္ ေတာ္တုိ႔ တုိင္းျပည္မွာ စတင္ျပသေနတဲ့ ႐ုပ္ရွင္ေတြ၊ ႐ိုက္ကူးေနတဲ့ ႐ုပ္ရွင္ေတြ အရမ္းကို ႐ိုးေနပါၿပီ။ ဒီကားကို ထုတ္လုပ္တဲ့အခါမွာ ျမန္မာျပည္သူ၊ ျပည္သားေတြကို တစ္ခုခုေပးဆပ္ခ်င္တဲ့ ရည္ရြယ္ ခ်က္နဲ႔ ‘တီတီနဲ႔ ဒိုးနပ္’ဆုိတဲ့ ႐ုပ္ ရွင္ကားကို ထုိင္းအဖြဲ႕ပူးေပါင္းၿပီး စတင္႐ိုက္ကူးခဲ့ျခင္းျဖစ္ပါတယ္။ ျမန္မာျပည္မွာ ဒီဇင္ဘာ (သို႔ မဟုတ္) ဇန္နဝါရီမွာ ထိုင္းႏုိင္ငံနဲ႔ တစ္ၿပိဳင္တည္း ျပသဖို႔ စီစဥ္ထား ပါတယ္’’ဟု ယင္းဇာတ္ကား႐ိုက္ ကူးထုတ္လုပ္သည့္ ေရႊမင္းသမီး ႐ုပ္ရွင္ထုတ္လုပ္ေရးပိုင္ရွင္ ကိုသက္က ေျပာသည္။

‘တီတီႏွင့္ ဒိုးနပ္’႐ုပ္ရွင္ကို ထိုင္းႏုိင္ငံမွ ဒါ႐ိုက္တာ ADSAJUNSATTAGOVIT က ဇာတ္လမ္း ဇာတ္ၫႊန္းေရးသား၍ ႐ိုက္ကူးပံုေဖာ္ေပးခဲ့ကာ အကယ္ဒမီေျပတီဦးႏွင့္အတူ ထုိင္းႏုိင္ငံမွ Miss Thailand World 2014 2th Runner up ဆုရွင္ Care ChattrikaSittiprom တုိ႔ အဓိကပါဝင္သ႐ုပ္ ေဆာင္ေပးထားၿပီး ဧည့္သည္ သ႐ုပ္ေဆာင္အျဖစ္ ေရႊသမီးႏွင့္ ထုိင္းႏုိင္ငံမွ သ႐ုပ္ေဆာင္မ်ားစြာ ပါဝင္႐ိုက္ကူးထားသည္။

‘‘ဒီကားေလးက အရမ္းကို အဓိပၸာယ္ရွိတဲ့ ကားတစ္ကားျဖစ္ ပါတယ္။ ဘာသာ မတူ၊ စကား မတူ၊ လူမ်ိဳး မတူတဲ့သူေတြ ပူး ေပါင္းၿပီး ႐ိုက္ကူးၾကတာပါ။ ကြၽန္္ေတာ္တုိ႔ေတြက ဘာသာတူတူ မတူတူ၊ လူမ်ိဳးတူတူ မတူတူ အားလံုးက လူသားေတြပါပဲ။ ဒါေၾကာင့္လူသားအခ်င္းခ်င္း ေမတၱာတရား နားလည္မႈေတြကိုအေျခခံၿပီး အ လုပ္ကို လုပ္ၾကမယ္ဆုိရင္ အၿမဲ တမ္း ေအာင္ေအာင္ျမင္ျမင္ ေႏြး ေႏြးေထြးေထြး ရွိမွာပါ။ ဒီကားက လည္း ဒါကို သက္ေသျပေနသလို ပါပဲ’’ဟု ေျပတီဦးက ေျပာသည္။

အဆုိပါ ႐ုပ္ရွင္ဇာတ္ကားကို ျမန္မာ့႐ုပ္ရွင္ထုတ္လုပ္ေရးတြင္ ပထမဆံုးေသာ World Gala Premiere Show အျဖစ္ စက္ တင္ဘာ ၂၁ ရက္က ထုိင္းႏုိင္ငံ ဘန္ေကာက္ၿမိဳ႕ရွိ Siam Pragon Cineplex ၌ ပါဝင္ေသာ ႐ုပ္ရွင္ သ႐ုပ္ေဆာင္မ်ားႏွင့္အတူ အထူး ပြဲျပသခဲ့သည္။

‘‘ဒီ႐ုပ္ရွင္႐ိုက္တာက ကြၽန္မ အတြက္ ပထမဆံုးအေတြ႕အႀကံဳ ျဖစ္ပါတယ္။ ဒီကားမွာ သ႐ုပ္ ေဆာင္ရမယ္လို႔ သတင္းၾကားခဲ့ တုန္းက ရင္ခုန္စိတ္လႈပ္ရွားခဲ့ တယ္။ ျမန္မာႏုိင္ငံက စူပါစတား နဲ႔ တြဲရမယ္ဆုိေတာ့ ကြၽန္မအတြက္စိုးရိမ္စိတ္ေတြ၊ ေၾကာက္ရြံ႕မႈေတြ ျပည့္ေနခဲ့တယ္။ တကယ္တမ္း ကိုေျပတီဦးနဲ႔ သ႐ုပ္ေဆာင္တဲ့အ ခါမွာ ကြၽန္မအတြက္ အေတြ႕အ ႀကံဳေတြ အမ်ားႀကီးရခဲ့တယ္။ ဒီလို႐ိုက္ကူးရတဲ့အတြက္ စူပါစတား ဆုိတာ ဘယ္လိုျဖစ္ေပၚလာလဲဆုိ တာ ေကာင္းေကာင္းနားလည္ခဲ့ တယ္။ ေနာက္ထပ္ ကိုေျပတီဦးနဲ႔ သ႐ုပ္ေဆာင္ခြင့္ရမယ္ဆုိရင္ ဝမ္း ေျမာက္ဂုဏ္ယူစြာနဲ႔ ႀကိဳဆိုလက္ ခံဖို႔ အဆင္သင့္ပါ’’ဟု ထုိင္းမင္း သမီး Care Chattrika Sittiprom က ေျပာသည္။

အဆုိပါ ႐ုပ္ရွင္ကို တစ္ကား လံုး အဂၤလိပ္စကားေျပာျဖင့္ ထုိင္းႏွင့္ ျမန္မာႏုိင္ငံတုိ႔တြင္ ႐ိုက္ကူး ထားၿပီး  အက္ရွင္ဇာတ္ကားအ မ်ိဳးအစားျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 ရွှေမင်းသမီးရုပ်ရှင် ထုတ်လုပ်ရေးက စီစဉ်သည့် ‘တီတီနှင့် ဒိုးနပ်’ရုပ်ရှင်ကို မြန်မာနိုင်ငံ နှင့် ထိုင်းနိုင်ငံတွင် ယခုနှစ်ကုန်၌ တစ်ပြိုင်နက်တည်း ရုံတင်ပြသ မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

‘‘ကျွန်တော်တို့ ဒီကားကို စရိုက်ရတဲ့ ရည်ရွယ်ချက်က ကျွန် တော်တို့ တိုင်းပြည်မှာ စတင်ပြသနေတဲ့ ရုပ်ရှင်တွေ၊ ရိုက်ကူးနေတဲ့ ရုပ်ရှင်တွေ အရမ်းကို ရိုးနေပါပြီ။ ဒီကားကို ထုတ်လုပ်တဲ့အခါမှာ မြန်မာပြည်သူ၊ ပြည်သားတွေကို တစ်ခုခုပေးဆပ်ချင်တဲ့ ရည်ရွယ် ချက်နဲ့ ‘တီတီနဲ့ ဒိုးနပ်’ဆိုတဲ့ ရုပ် ရှင်ကားကို ထိုင်းအဖွဲ့ပူးပေါင်းပြီး စတင်ရိုက်ကူးခဲ့ခြင်းဖြစ်ပါတယ်။ မြန်မာပြည်မှာ ဒီဇင်ဘာ (သို့ မဟုတ်) ဇန်နဝါရီမှာ ထိုင်းနိုင်ငံနဲ့ တစ်ပြိုင်တည်း ပြသဖို့ စီစဉ်ထား ပါတယ်’’ဟု ယင်းဇာတ်ကားရိုက် ကူးထုတ်လုပ်သည့် ရွှေမင်းသမီး ရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင် ကိုသက်က ပြောသည်။

‘တီတီနှင့် ဒိုးနပ်’ရုပ်ရှင်ကို ထိုင်းနိုင်ငံမှ ဒါရိုက်တာ ADSAJUNSATTAGOVIT က ဇာတ်လမ်း ဇာတ်ညွှန်းရေးသား၍ ရိုက်ကူးပုံဖော်ပေးခဲ့ကာ အကယ်ဒမီပြေတီဦးနှင့်အတူ ထိုင်းနိုင်ငံမှ Miss Thailand World 2014 2th Runner up ဆုရှင် Care ChattrikaSittiprom တို့ အဓိကပါဝင်သရုပ် ဆောင်ပေးထားပြီး ဧည့်သည် သရုပ်ဆောင်အဖြစ် ရွှေသမီးနှင့် ထိုင်းနိုင်ငံမှ သရုပ်ဆောင်များစွာ ပါဝင်ရိုက်ကူးထားသည်။

‘‘ဒီကားလေးက အရမ်းကို အဓိပ္ပာယ်ရှိတဲ့ ကားတစ်ကားဖြစ် ပါတယ်။ ဘာသာ မတူ၊ စကား မတူ၊ လူမျိုး မတူတဲ့သူတွေ ပူး ပေါင်းပြီး ရိုက်ကူးကြတာပါ။ ကျွန်တော်တို့တွေက ဘာသာတူတူ မတူတူ၊ လူမျိုးတူတူ မတူတူ အားလုံးက လူသားတွေပါပဲ။ ဒါကြောင့်လူသားအချင်းချင်း မေတ္တာတရား နားလည်မှုတွေကိုအခြေခံပြီး အ လုပ်ကို လုပ်ကြမယ်ဆိုရင် အမြဲ တမ်း အောင်အောင်မြင်မြင် နွေး နွေးထွေးထွေး ရှိမှာပါ။ ဒီကားက လည်း ဒါကို သက်သေပြနေသလို ပါပဲ’’ဟု ပြေတီဦးက ပြောသည်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားကို မြန်မာ့ရုပ်ရှင်ထုတ်လုပ်ရေးတွင် ပထမဆုံးသော World Gala Premiere Show အဖြစ် စက် တင်ဘာ ၂၁ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Siam Pragon Cineplex ၌ ပါဝင်သော ရုပ်ရှင် သရုပ်ဆောင်များနှင့်အတူ အထူး ပွဲပြသခဲ့သည်။

‘‘ဒီရုပ်ရှင်ရိုက်တာက ကျွန်မ အတွက် ပထမဆုံးအတွေ့အကြုံ ဖြစ်ပါတယ်။ ဒီကားမှာ သရုပ် ဆောင်ရမယ်လို့ သတင်းကြားခဲ့ တုန်းက ရင်ခုန်စိတ်လှုပ်ရှားခဲ့ တယ်။ မြန်မာနိုင်ငံက စူပါစတား နဲ့ တွဲရမယ်ဆိုတော့ ကျွန်မအတွက်စိုးရိမ်စိတ်တွေ၊ ကြောက်ရွံ့မှုတွေ ပြည့်နေခဲ့တယ်။ တကယ်တမ်း ကိုပြေတီဦးနဲ့ သရုပ်ဆောင်တဲ့အ ခါမှာ ကျွန်မအတွက် အတွေ့အ ကြုံတွေ အများကြီးရခဲ့တယ်။ ဒီလိုရိုက်ကူးရတဲ့အတွက် စူပါစတား ဆိုတာ ဘယ်လိုဖြစ်ပေါ်လာလဲဆို တာ ကောင်းကောင်းနားလည်ခဲ့ တယ်။ နောက်ထပ် ကိုပြေတီဦးနဲ့ သရုပ်ဆောင်ခွင့်ရမယ်ဆိုရင် ဝမ်း မြောက်ဂုဏ်ယူစွာနဲ့ ကြိုဆိုလက် ခံဖို့ အဆင်သင့်ပါ’’ဟု ထိုင်းမင်း သမီး Care Chattrika Sittiprom က ပြောသည်။

အဆိုပါ ရုပ်ရှင်ကို တစ်ကား လုံး အင်္ဂလိပ်စကားပြောဖြင့် ထိုင်းနှင့် မြန်မာနိုင်ငံတို့တွင် ရိုက်ကူး ထားပြီး  အက်ရှင်ဇာတ်ကားအ မျိုးအစားဖြစ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top