Property Expo
×

ခိ်န္တိုင္းမွာ အစားအစာမ်ားကို သင့္တင့္မွ်တစြာ စားသံုးဖို႔က အေရးၾကီးပါတယ္။ ဒါေပမဲ့ ကိုယ္၀န္ေဆာင္ မိခင္ေလာင္းမ်ားအဖို႔ ပိုလို႔ေတာင္  အေရးၾကီးပါတယ္။ အစားအစာ အမ်ားစုက အႏၱရာယ္ မရိွၾကေပမယ့္ ကိုယ္၀န္ေဆာင္ေတြ အထူးေရွာင္ရမယ့္ အစားအစာ အနည္းငယ္ေတာ့ ရိွပါတယ္။


၁။ အသားစိမ္း

          ပင္လယ္စာ အသားစိမ္းနွင့္ မက်က္တက်က္ အမဲသား၊ ၀က္သား၊ ၾကက္သားမ်ားကို အထူး ေရွာင္ရွားသင့္ပါတယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ ၄င္းတို႔မွာ ကိုယ္တြင္းအဂၤါကို အႏၱရာယ္ ျဖစ္ေစနိုင္တဲ့ မေကာင္းတဲ့ ဘတ္တီးရီးယားေတြ ပါ၀င္လို႔ ျဖစ္ပါတယ္။

၂။ အသားျပားမ်ား

          အသားျပားေတြမွာ ကိုယ္၀န္ ပ်က္က်မႈကို ျဖစ္ေပၚေစနိုင္တဲ့ Listeria ပိုးေတြ ပါ၀င္ပါတယ္။ Listeria  ပိုးက အခ်င္းထဲကို ၀င္ေရာက္နိုင္ျပီး သေႏၶသားကို ထိခိုက္ေစနိုင္ပါတယ္။ အသားျပားကို စားမယ္ ဆိုရင္လည္း ေသခ်ာ မီးအပူေပးျပီးမွ စားသင့္ပါတယ္။

၃။ ျပဒါးဓာတ္ပါေသာ ငါးမ်ား

          ျပဒါးဓာတ္ ျမင့္မားစြာ ပါ၀င္ေသာ ငါးမ်ားကို ေရွာင္ၾကဥ္သင့္ပါတယ္။ ျပဒါးဓာတ္က သေႏၶသား၏ ရုပ္ပိုင္းဆိုင္ရာ ဖံြ႔ျဖိဳးမႈနွင့္ ဦးေနွာက္ပိုင္းဆိုင္ရာ ဖံြ႔ျဖိဳးမႈကို ထိခိုက္ေစနိုင္ပါတယ္။ ျပဒါးဓာတ္ ပါ၀င္ေသာ ငါးမ်ားကေတာ့ ငါးမန္း၊ ငါးကြမ္းရွပ္၊ စည္သြပ္ဘူးထဲ ထည့္ထားေသာငါးမ်ားနွင့္ တူနာငါးတို႔ ျဖစ္ၾကပါတယ္။ ဆူရီွ (ေရညိွထမင္းလိပ္) တြင္ ပါ၀င္ေသာ ငါးတခိ်ဳ႕သည္လည္း ျပဒါးဓာတ္ ျမင့္မားေသာေၾကာင့္ မစားသင့္ပါ။

၄။ က်ပ္တိုက္ထားေသာ ပင္လယ္စာမ်ား

          က်ပ္တိုက္ထားေသာ ပင္လယ္စာမ်ားကိုလည္း မစားသင့္ပါ။

၅။ အခံြမာ ေရသတၱ၀ါအစိမ္းမ်ား

          ပင္လယ္အူနာလို ေ၀ဒနာမ်ားဟာ ကမာ၊ ေယာက္သြား၊ ပင္လယ္ခရု၊ ဂဏန္းစတဲ့ အခံြမာ သတၱ၀ါမ်ားကို မက်က္တက်က္ စားသံုးျခင္းေၾကာင့္ ျဖစ္ပါတယ္။ ေသခ်ာ ခ်က္ျပဳတ္ စားေသာက္ရင္ေတာ့ အတန္အသင့္ ေဘးကင္းေကာင္း ေဘးကင္း နိုင္ပါတယ္။ သို႔ေသာ္လည္း အခံြမာ ေရသတၱ၀ါမ်ားကို အစိမ္းစားရင္ လူတိုင္းအတြက္ အႏၱရာယ္ ရိွနိုင္တာေၾကာင့္ ကိုယ္၀န္ေဆာင္မ်ားပါ အထူးေရွာင္သင့္ပါတယ္။

၆။ ၾကက္ဥအစိမ္း

          ၾကက္ဥအစိမ္းမ်ားနွင့္ ၾကက္ဥအစိမ္း ပါ၀င္ေသာ မည္သည့္ အစား အစာကိုမဆို ေရွာင္သင့္ပါတယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ ၄င္းမွာ အစာအဆိပ္သင့္ျခင္းကို ျဖစ္ေစနိုင္တဲ့ ဘတ္တီးရီးယားပိုးမ်ား ပါ၀င္တာေၾကာင့္ ျဖစ္ပါတယ္။

၇။ မကိ်ဳခ်က္ထားေသာ ႏြားနို႔

          မကိ်ဳခ်က္ထားတဲ့ ႏြားနို႔မွာ Listeria ပိုးေတြ ပါနိုင္ပါတယ္။ ဒါေၾကာင့္ ႏြားနို႔ကို ကိ်ဳခ်က္ျပီးမွသာ ေသာက္ပါ။

၈။ ေကာ္ဖီ

          သုေတသန အမ်ားစုက ေကာ္ဖီကို အတန္အသင့္ ေသာက္သံုးျခင္းက အႏၱရာယ္ မရိွေၾကာင္း ေျပာၾကေပမယ့္ အခိ်ဳ႕ေသာ သုေတသနျပဳသူေတြက ေကာ္ဖီ ေသာက္သံုးျခင္းနွင့္ ကိုယ္၀န္ပ်က္က်ျခင္း ဆက္စပ္နိုင္ေၾကာင္း ေျပာၾကပါတယ္။ ဒါေၾကာင့္ ကိုယ္၀န္သံုးလ အတြင္းမွာ ကိုယ္၀န္ပ်က္က်နိုင္ေခ် မရိွေစရန္ ေကာ္ဖီေရွာင္ပါ။ ေယဘုယ်အားျဖင့္ ကိုယ္၀န္ေဆာင္စဥ္ အေတာအတြင္း ေကာ္ဖီကို တစ္ေန႔လွ်င္ (၂၀၀) မီလီဂရမ္ အမ်ားဆံုးထားျပီး ေသာက္သံုးသင့္ပါတယ္။

၉။ အယ္လ္ကိုေဟာ

          ကိုယ္၀န္ေဆာင္မ်ား အတြက္ ေဘးကင္းတဲ့ ယမကာဆိုတာ လံုး၀မရိွပါဘူး။ အယ္လ္ကိုေဟာက သေႏၶသားရဲ႕ က်န္းမာစြာ ဖံြ႔ျဖိဳးမႈ အပိုင္းေတြကို ဆုတ္ယုတ္ေစနိုင္ပါတယ္။ အယ္လ္ကိုေဟာကို ကိုယ္၀န္ေဆာင္ခိ်န္တြင္ သာမက ကေလးနို႔ခိ်ဳ တိုက္ေကြ်းေနခိ်န္တြင္ပါ ေရွာင္ရွားသင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Messenger

Unicode Version

ချိန်တိုင်းမှာ အစားအစာများကို သင့်တင့်မျှတစွာ စားသုံးဖို့က အရေးကြီးပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆောင် မိခင်လောင်းများအဖို့ ပိုလို့တောင်  အရေးကြီးပါတယ်။ အစားအစာ အများစုက အန္တရာယ် မရှိကြပေမယ့် ကိုယ်ဝန်ဆောင်တွေ အထူးရှောင်ရမယ့် အစားအစာ အနည်းငယ်တော့ ရှိပါတယ်။


၁။ အသားစိမ်း

          ပင်လယ်စာ အသားစိမ်းနှင့် မကျက်တကျက် အမဲသား၊ ဝက်သား၊ ကြက်သားများကို အထူး ရှောင်ရှားသင့်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ၎င်းတို့မှာ ကိုယ်တွင်းအင်္ဂါကို အန္တရာယ် ဖြစ်စေနိုင်တဲ့ မကောင်းတဲ့ ဘတ်တီးရီးယားတွေ ပါဝင်လို့ ဖြစ်ပါတယ်။

၂။ အသားပြားများ

          အသားပြားတွေမှာ ကိုယ်ဝန် ပျက်ကျမှုကို ဖြစ်ပေါ်စေနိုင်တဲ့ Listeria ပိုးတွေ ပါဝင်ပါတယ်။ Listeria  ပိုးက အချင်းထဲကို ဝင်ရောက်နိုင်ပြီး သန္ဓေသားကို ထိခိုက်စေနိုင်ပါတယ်။ အသားပြားကို စားမယ် ဆိုရင်လည်း သေချာ မီးအပူပေးပြီးမှ စားသင့်ပါတယ်။

၃။ ပြဒါးဓာတ်ပါသော ငါးများ

          ပြဒါးဓာတ် မြင့်မားစွာ ပါဝင်သော ငါးများကို ရှောင်ကြဉ်သင့်ပါတယ်။ ပြဒါးဓာတ်က သန္ဓေသား၏ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနှင့် ဦးနှောက်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။ ပြဒါးဓာတ် ပါဝင်သော ငါးများကတော့ ငါးမန်း၊ ငါးကွမ်းရှပ်၊ စည်သွပ်ဘူးထဲ ထည့်ထားသောငါးများနှင့် တူနာငါးတို့ ဖြစ်ကြပါတယ်။ ဆူရှီ (ရေညှိထမင်းလိပ်) တွင် ပါဝင်သော ငါးတချို့သည်လည်း ပြဒါးဓာတ် မြင့်မားသောကြောင့် မစားသင့်ပါ။

၄။ ကျပ်တိုက်ထားသော ပင်လယ်စာများ

          ကျပ်တိုက်ထားသော ပင်လယ်စာများကိုလည်း မစားသင့်ပါ။

၅။ အခွံမာ ရေသတ္တဝါအစိမ်းများ

          ပင်လယ်အူနာလို ဝေဒနာများဟာ ကမာ၊ ယောက်သွား၊ ပင်လယ်ခရု၊ ဂဏန်းစတဲ့ အခွံမာ သတ္တဝါများကို မကျက်တကျက် စားသုံးခြင်းကြောင့် ဖြစ်ပါတယ်။ သေချာ ချက်ပြုတ် စားသောက်ရင်တော့ အတန်အသင့် ဘေးကင်းကောင်း ဘေးကင်း နိုင်ပါတယ်။ သို့သော်လည်း အခွံမာ ရေသတ္တဝါများကို အစိမ်းစားရင် လူတိုင်းအတွက် အန္တရာယ် ရှိနိုင်တာကြောင့် ကိုယ်ဝန်ဆောင်များပါ အထူးရှောင်သင့်ပါတယ်။

၆။ ကြက်ဥအစိမ်း

          ကြက်ဥအစိမ်းများနှင့် ကြက်ဥအစိမ်း ပါဝင်သော မည်သည့် အစား အစာကိုမဆို ရှောင်သင့်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ၎င်းမှာ အစာအဆိပ်သင့်ခြင်းကို ဖြစ်စေနိုင်တဲ့ ဘတ်တီးရီးယားပိုးများ ပါဝင်တာကြောင့် ဖြစ်ပါတယ်။

၇။ မကျိုချက်ထားသော နွားနို့

          မကျိုချက်ထားတဲ့ နွားနို့မှာ Listeria ပိုးတွေ ပါနိုင်ပါတယ်။ ဒါကြောင့် နွားနို့ကို ကျိုချက်ပြီးမှသာ သောက်ပါ။

၈။ ကော်ဖီ

          သုတေသန အများစုက ကော်ဖီကို အတန်အသင့် သောက်သုံးခြင်းက အန္တရာယ် မရှိကြောင်း ပြောကြပေမယ့် အချို့သော သုတေသနပြုသူတွေက ကော်ဖီ သောက်သုံးခြင်းနှင့် ကိုယ်ဝန်ပျက်ကျခြင်း ဆက်စပ်နိုင်ကြောင်း ပြောကြပါတယ်။ ဒါကြောင့် ကိုယ်ဝန်သုံးလ အတွင်းမှာ ကိုယ်ဝန်ပျက်ကျနိုင်ချေ မရှိစေရန် ကော်ဖီရှောင်ပါ။ ယေဘုယျအားဖြင့် ကိုယ်ဝန်ဆောင်စဉ် အတောအတွင်း ကော်ဖီကို တစ်နေ့လျှင် (၂၀၀) မီလီဂရမ် အများဆုံးထားပြီး သောက်သုံးသင့်ပါတယ်။

၉။ အယ်လ်ကိုဟော

          ကိုယ်ဝန်ဆောင်များ အတွက် ဘေးကင်းတဲ့ ယမကာဆိုတာ လုံးဝမရှိပါဘူး။ အယ်လ်ကိုဟောက သန္ဓေသားရဲ့ ကျန်းမာစွာ ဖွံ့ဖြိုးမှု အပိုင်းတွေကို ဆုတ်ယုတ်စေနိုင်ပါတယ်။ အယ်လ်ကိုဟောကို ကိုယ်ဝန်ဆောင်ချိန်တွင် သာမက ကလေးနို့ချို တိုက်ကျွေးနေချိန်တွင်ပါ ရှောင်ရှားသင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Messenger
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top