Kantharyar Centre
×

 ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ ထီး လႈိင္ရွင္လမ္းရွိ ဆုိင္ကယ္ကယ္ရီ ဂိတ္အနီးတြင္ စကားေျပာေန သည့္  သမီးရည္းစားႏွစ္ဦးကို လူငယ္ႏွစ္ဦးက သံတုတ္ျဖင့္ ၀င္ေရာက္႐ိုက္ႏွက္ခဲ့ေၾကာင္း ရန္ကုန္တုိင္းရဲတပ္ဖဲြ႕႐ုံးမွ သတင္းရရွိသည္။


ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ (၈၃) ရပ္ကြက္ေန အသက္(၂၇)ႏွစ္အရြယ္ မင္းေဇာ္ဦးသည္ စက္တင္ဘာ ၁၃ ရက္ ညေန ၅ နာရီခဲြခန္႔က ၎၏ ရည္းစားျဖစ္သူႏွင့္ စကားေျပာေနစဥ္ အမည္မသိလူငယ္ႏွစ္ဦးက သံတုတ္မ်ားကိုင္၍ ေရာက္ရွိလာခဲ့ၿပီး တစ္စုံတစ္ရာေျပာဆုိျခင္းမရွိဘဲ ၀င္ေရာက္႐ုိက္ႏွက္သြားခဲ့ေၾကာင္း ဒဂုံဆိပ္ကမ္းၿမိဳ႕မရဲစခန္းမွ ရဲအရာရွိတစ္ဦးကဆုိသည္။

သံတုတ္မ်ား ကိုင္ေဆာင္၍ ေရာက္ရွိလာသည့္ လူငယ္ႏွစ္ဦး မွာ ကယ္ရီေမာင္းသူမ်ားအား စတင္႐ုိက္ႏွက္ခဲ့ၿပီး ဆုိင္ကယ္ ကယ္ရီသမားမ်ား ထြက္ေျပးသြား သျဖင့္ ဂိတ္အနီးစကားေျပာေန သည့္ သမီးရည္းစားႏွစ္ဦးစလုံးကို ႐ုိက္ႏွက္ခဲ့ျခင္းျဖစ္ေၾကာင္း ၎ က ဆက္လက္ရွင္းျပသည္။

သံတုတ္မ်ားျဖင့္ ၀င္ေရာက္႐ိုက္ႏွက္ခဲ့သျဖင့္ မင္းေဇာ္ဦး၏ ယာနားထင္ဖူးေရာင္၊ ယာနားေသြးထြက္ဒဏ္ရာ၊ လက္ဖ၀ါးပြန္းပဲ့ဒဏ္ရာတို႔ ရရွိခဲ့ၿပီး ၎၏ရည္းစားျဖစ္သူ အသက္(၂၆)ႏွစ္အရြြယ္ အမ်ဳိးသမီးတြင္ ယာမ်က္ခမ္းညိဳမည္းဒဏ္ရာ၊ ဦးေခါင္းယာဘက္ထိပ္ ဖူးေရာင္ဒဏ္ရာမ်ား ရရွိခဲ့သျဖင့္ သဃၤန္းကြၽန္း စံျပေဆး႐ုံသို႔ တက္ေရာက္ကုသခဲ့ရေၾကာင္း ၎ကဆက္လက္ ေျပာသည္။

သံတုတ္ျဖင့္ ၀င္ေရာက္႐ိုက္ႏွက္ခဲ့သည့္ လူငယ္ႏွစ္ဦးကို ဒဂုံၿမိဳ႕သစ္ ဆိပ္ကမ္းၿမိဳ႕မရဲစခန္းက ရာဇသတ္ႀကီးပုဒ္မ ၃၂၅/၁၁၄ ျဖင့္ အမႈဖြင့္စုံစမ္းလ်က္ရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 ဒဂုံဆိပ်ကမ်းမြို့နယ် ထီး လှိုင်ရှင်လမ်းရှိ ဆိုင်ကယ်ကယ်ရီ ဂိတ်အနီးတွင် စကားပြောနေ သည့်  သမီးရည်းစားနှစ်ဦးကို လူငယ်နှစ်ဦးက သံတုတ်ဖြင့် ဝင်ရောက်ရိုက်နှက်ခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးမှ သတင်းရရှိသည်။


ဒဂုံဆိပ်ကမ်းမြို့နယ် (၈၃) ရပ်ကွက်နေ အသက်(၂၇)နှစ်အရွယ် မင်းဇော်ဦးသည် စက်တင်ဘာ ၁၃ ရက် ညနေ ၅ နာရီခွဲခန့်က ၎င်း၏ ရည်းစားဖြစ်သူနှင့် စကားပြောနေစဉ် အမည်မသိလူငယ်နှစ်ဦးက သံတုတ်များကိုင်၍ ရောက်ရှိလာခဲ့ပြီး တစ်စုံတစ်ရာပြောဆိုခြင်းမရှိဘဲ ဝင်ရောက်ရိုက်နှက်သွားခဲ့ကြောင်း ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကဆိုသည်။

သံတုတ်များ ကိုင်ဆောင်၍ ရောက်ရှိလာသည့် လူငယ်နှစ်ဦး မှာ ကယ်ရီမောင်းသူများအား စတင်ရိုက်နှက်ခဲ့ပြီး ဆိုင်ကယ် ကယ်ရီသမားများ ထွက်ပြေးသွား သဖြင့် ဂိတ်အနီးစကားပြောနေ သည့် သမီးရည်းစားနှစ်ဦးစလုံးကို ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်း က ဆက်လက်ရှင်းပြသည်။

သံတုတ်များဖြင့် ဝင်ရောက်ရိုက်နှက်ခဲ့သဖြင့် မင်းဇော်ဦး၏ ယာနားထင်ဖူးရောင်၊ ယာနားသွေးထွက်ဒဏ်ရာ၊ လက်ဖဝါးပွန်းပဲ့ဒဏ်ရာတို့ ရရှိခဲ့ပြီး ၎င်း၏ရည်းစားဖြစ်သူ အသက်(၂၆)နှစ်အရွယ် အမျိုးသမီးတွင် ယာမျက်ခမ်းညိုမည်းဒဏ်ရာ၊ ဦးခေါင်းယာဘက်ထိပ် ဖူးရောင်ဒဏ်ရာများ ရရှိခဲ့သဖြင့် သင်္ဃန်းကျွန်း စံပြဆေးရုံသို့ တက်ရောက်ကုသခဲ့ရကြောင်း ၎င်းကဆက်လက် ပြောသည်။

သံတုတ်ဖြင့် ဝင်ရောက်ရိုက်နှက်ခဲ့သည့် လူငယ်နှစ်ဦးကို ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၂၅/၁၁၄ ဖြင့် အမှုဖွင့်စုံစမ်းလျက်ရှိသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top