Kantharyar Centre
×

က်ပ္သိန္း ၃၀ ခန္႔ တန္ဖိုးရွိသည့္ လက္စြပ္ႏွင့္ စိန္ဆြဲသီးကို အိမ္အကူက ခိုးယူသြားေၾကာင္း အဆုိေတာ္ ခ်မ္းခ်မ္းက ေျပာ သည္။

‘‘ကိုယ္တန္ဖိုးအထားရဆံုး လက္ထပ္လက္စြပ္နဲ႔ ေမြးေန႔တုန္း က အမ်ိဳးသားဝယ္ေပးထားတဲ့ စိန္ဆြဲသီးေလးကို သူခိုးယူသြား တာပါ။ အဲဒီပစၥည္းေလးေတြက ေသာ့ခတ္သိမ္းထားတာပါ။ လြန္ ခဲ့တဲ့ေလးရက္ေလာက္ကမွ ဖြင့္ ၾကည့္ေတာ့မရွိေတာ့တာ’’ဟု ခ်မ္းခ်မ္းက ေျပာသည္။

လက္စြပ္ႏွင့္ စိန္ဆြဲသီးကို ယူေဆာင္သြားသည့္ အိမ္အကူမွာခ်မ္းခ်မ္း၏ အိမ္တြင္ သံုးလခန္႔အလုပ္လုပ္ခဲ့ၿပီး ၿပီးခဲ့သည့္ ဩဂုတ္လဆန္း၌ ၎၏ေနရပ္သို႔ ျပန္ သြားခဲ့ေၾကာင္း သိရသည္။

‘‘သူ အိမ္ကထြက္သြားတာ က တစ္လေလာက္ရွိၿပီ။ သူ႔ကို သေဘာမက်လို႔ ျပန္ခုိင္းလိုက္ တာ။ သူျပန္သြားေတာ့လည္း စစ္လိုက္ေတာ့ သူ႔အိတ္ထဲမွာ ပိုက္ဆံေလးငါးဆယ္သိန္းေလာက္ ယူ ထားတာ ေတြ႕ေသးတယ္။ အဲဒီ ေငြေတြလည္း ျပန္စစ္ၿပီးယူခဲ့ရတယ္။ အခုက ကိုယ္တန္ဖိုးထားတဲ့ ပစၥည္းေလးေတြ ယူသြားတာ ဆုိေတာ့ ပိုခံစားရတယ္’’  ဟု ခ်မ္းခ်မ္းက ေျပာၾကားသည္။

ယင္းသို႔ ခိုးယူခံရမႈႏွင့္ပတ္ သက္၍ စက္တင္ဘာ ၇ ရက္က ၎၏ လူမႈကြန္ရက္စာမ်က္ႏွာ တြင္ ‘ကိုယ္တန္ဖိုးအထားရဆံုး လက္ထပ္လက္စြပ္နဲ႔ ကြၽန္မေမြး ေန႔အတြက္ ေယာက်္ားဝယ္ေပး တဲ့ စိန္ဆြဲသီးေလး ခိုးသြားၿပီ။ ပိုက္ဆံေတြလည္း ခိုးသြားေသးတယ္။ ဘယ္လို အိမ္ေဖာ္ေခၚထားရမလဲ ဆိုေတာင္ မသိေလာက္ေအာင္ပဲ’’ ဟု ေရးသားထားသည္။

ခ်မ္းခ်မ္းသည္ ၎၏ အိမ္အကူကို အမႈဖြင့္တုိင္ၾကားျခင္းမရွိ ဘဲ ေနာက္ပိုင္းမွာေတာ့ ၎၏ မိသားစုကိစၥမ်ားအတြက္ အိမ္အကူမ်ား ထပ္မံငွားရမ္းျဖစ္မည္ မဟုတ္ေၾကာင္း ေျပာသည္။

‘‘အမႈဖြင့္မယ္ဆုိရင္ အစ္မ က နယ္သြားလိုက္ ျပန္လိုက္နဲ႔ ကေလးတစ္ဖက္နဲ႔လည္းျဖစ္ ေတာ့ အဆင္မေျပပါဘူး။ အခု ေတာ့ အိမ္မွာေတာ့ အေမနဲ႔ ေယာကၡမကပဲ ကေလးကိစၥေတြ ကို ကူညီေပးတယ္။ ဒီလိုကိစၥမ်ိဳး ဆုိတာ ေနာက္ဘဝအထိကူးမွာ မဟုတ္ပါဘူး။ ကိုယ္လုပ္တာ ကိုယ္ျပန္ခံရမွာပါ’’ဟု ခ်မ္းခ်မ္း က ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

ကျပ်သိန်း ၃၀ ခန့် တန်ဖိုးရှိသည့် လက်စွပ်နှင့် စိန်ဆွဲသီးကို အိမ်အကူက ခိုးယူသွားကြောင်း အဆိုတော် ချမ်းချမ်းက ပြော သည်။

‘‘ကိုယ်တန်ဖိုးအထားရဆုံး လက်ထပ်လက်စွပ်နဲ့ မွေးနေ့တုန်း က အမျိုးသားဝယ်ပေးထားတဲ့ စိန်ဆွဲသီးလေးကို သူခိုးယူသွား တာပါ။ အဲဒီပစ္စည်းလေးတွေက သော့ခတ်သိမ်းထားတာပါ။ လွန် ခဲ့တဲ့လေးရက်လောက်ကမှ ဖွင့် ကြည့်တော့မရှိတော့တာ’’ဟု ချမ်းချမ်းက ပြောသည်။

လက်စွပ်နှင့် စိန်ဆွဲသီးကို ယူဆောင်သွားသည့် အိမ်အကူမှာချမ်းချမ်း၏ အိမ်တွင် သုံးလခန့်အလုပ်လုပ်ခဲ့ပြီး ပြီးခဲ့သည့် ဩဂုတ်လဆန်း၌ ၎င်း၏နေရပ်သို့ ပြန် သွားခဲ့ကြောင်း သိရသည်။

‘‘သူ အိမ်ကထွက်သွားတာ က တစ်လလောက်ရှိပြီ။ သူ့ကို သဘောမကျလို့ ပြန်ခိုင်းလိုက် တာ။ သူပြန်သွားတော့လည်း စစ်လိုက်တော့ သူ့အိတ်ထဲမှာ ပိုက်ဆံလေးငါးဆယ်သိန်းလောက် ယူ ထားတာ တွေ့သေးတယ်။ အဲဒီ ငွေတွေလည်း ပြန်စစ်ပြီးယူခဲ့ရတယ်။ အခုက ကိုယ်တန်ဖိုးထားတဲ့ ပစ္စည်းလေးတွေ ယူသွားတာ ဆိုတော့ ပိုခံစားရတယ်’’  ဟု ချမ်းချမ်းက ပြောကြားသည်။

ယင်းသို့ ခိုးယူခံရမှုနှင့်ပတ် သက်၍ စက်တင်ဘာ ၇ ရက်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ တွင် ‘ကိုယ်တန်ဖိုးအထားရဆုံး လက်ထပ်လက်စွပ်နဲ့ ကျွန်မမွေး နေ့အတွက် ယောကျ်ားဝယ်ပေး တဲ့ စိန်ဆွဲသီးလေး ခိုးသွားပြီ။ ပိုက်ဆံတွေလည်း ခိုးသွားသေးတယ်။ ဘယ်လို အိမ်ဖော်ခေါ်ထားရမလဲ ဆိုတောင် မသိလောက်အောင်ပဲ’’ ဟု ရေးသားထားသည်။

ချမ်းချမ်းသည် ၎င်း၏ အိမ်အကူကို အမှုဖွင့်တိုင်ကြားခြင်းမရှိ ဘဲ နောက်ပိုင်းမှာတော့ ၎င်း၏ မိသားစုကိစ္စများအတွက် အိမ်အကူများ ထပ်မံငှားရမ်းဖြစ်မည် မဟုတ်ကြောင်း ပြောသည်။

‘‘အမှုဖွင့်မယ်ဆိုရင် အစ်မ က နယ်သွားလိုက် ပြန်လိုက်နဲ့ ကလေးတစ်ဖက်နဲ့လည်းဖြစ် တော့ အဆင်မပြေပါဘူး။ အခု တော့ အိမ်မှာတော့ အမေနဲ့ ယောက္ခမကပဲ ကလေးကိစ္စတွေ ကို ကူညီပေးတယ်။ ဒီလိုကိစ္စမျိုး ဆိုတာ နောက်ဘဝအထိကူးမှာ မဟုတ်ပါဘူး။ ကိုယ်လုပ်တာ ကိုယ်ပြန်ခံရမှာပါ’’ဟု ချမ်းချမ်း က ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top