Kantharyar Centre
×

ယေန႔ေခတ္အမ်ိဳးသမီးေတြအဖုိ႔ အိမ္မွာပဲေနၿပီး ဘယ္မွမသြားမလာဘူးဆုိတာ ႐ွားလြန္းပါတယ္။ လုပ္ငန္းခြင္ကိုျဖစ္ေစ၊ သင္တန္းျဖစ္ေစ ၊ ေက်ာင္းျဖစ္ေစ တစ္ခုခုမွာ က်င္လည္ေနၾကတာပါပဲ။ ဒါေၾကာင့္မို႔လို႔ လက္ကိုင္အိတ္တစ္လံုးကေတာ့ သြားေလရာမွာ သယ္သြားရပါတယ္။ ေန႔တုိင္းကိုင္ေနရတဲ့ အိတ္ထဲမွာ ဒါေလးေတြကို ေဆာင္ထားတဲ့အခါ အေရးႀကံဳတုိင္း အခက္ေတြ႕ေတာ့မွာမဟုတ္ပါဘူး။

၁။ မွန္

အလုပ္ကိစၥ ေတြ႔ဆံုစရာပဲျဖစ္ျဖစ္ အလုပ္ကအျပန္ ခ်စ္သူနဲ႔ေတြ႔မွာျဖစ္ျဖစ္ ကိုယ့္ကိုယ္ကိုယ္ သပ္သပ္ရပ္ရပ္ျဖစ္ေနသလားဆုိတာေတာ့ စစ္ေဆးရမွာေပါ့။ ဒီအတြက္ မွန္႐ွိဖုိ႔လိုပါတယ္။

၂။ ဘီး

ဆံပင္ေတြက ဘယ္ေလာက္ပဲၿဖီးသင္ထားပါေစ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ပြသြားတတ္လို႔ ဘီးေလးတစ္ေခ်ာင္းလည္း ေဆာင္ထားပါ။

၃။ လက္သန္႔ေဆး

ဒါကေတာ့ အမ်ိဳးသမီးေတြသာမက အမ်ိဳးသားေတြမွာလည္း လိုအပ္ပါတယ္။ ကိုယ့္ရဲ႕လက္မွာ ေပေနတဲ့ အညစ္အေၾကးေတြကို ေဆးေၾကာဖုိ႔ပါ။ ဒါတင္မက ခ်ိဳင္းကေခၽြးနံ႔ေတြထြက္လာရင္လည္း လက္သန္႔ေဆးဂ်ယ္ကို တစ္ရႈးမွာဆြတ္ျပီး ခ်ိဳင္းကိုပြတ္ရင္ အန႔ံေတြေပ်ာက္သြားပါလိမ့္မယ္။

၄။ ႏႈတ္ခမ္းနီ

အသားေရာင္ ဒါမွမဟုတ္ ဆြဲေဆာင္မႈ႐ွိၿပီး တည္ၿငိမ္တဲ့ အညိဳေရာင္၊ ၾကက္ေသြးေရာင္လိုမ်ိဳးက ညေနခင္းမွာ အကူအညီေပးပါတယ္။ ႐ုတ္တရက္ေပၚလာတဲ့ ပြဲလမ္းသဘင္ေတြကို မ်က္ႏွာေျပာင္နဲ႔တက္ရမယ့္အစား ဆြဲေဆာင္မႈရွိတဲ့ႏႈတ္ခမ္းေၾကာင့္ သင့္အလွေမွးမွိန္တာ့မွာမဟုတ္ပါဘူး။

၅။ အဆီစုပ္စကၠဴ

မိတ္ကပ္ဘူး မေဆာင္ခ်င္ဘူးဆုိရင္ အဆီစုပ္စကၠဴေလးက ပိုအဆင္ေျပပါတယ္။ သူက မိတ္ကပ္ေတြပ်က္မသြားဘဲ အဆီေတြကိုပဲ စုပ္ယူသြားလို႔ အလွမပ်က္ဘဲ သဘာဝက်က် ႐ွိေနေစပါတယ္။

၆။ Power Bank

သြားေလရာေဆာင္လုိ႔ရမယ့္ Power Bank ေသးေသးေလး တစ္ခုေတာ့ အိတ္ထဲထည့္ထားတာေကာင္းပါတယ္။ အားအျပည့္သြင္းထားေပမဲ့ အင္တာနက္သံုးရင္ ဖုန္းက အားကုန္တာျမန္သြားတတ္ေတာ့ လိုအပ္ခ်ိန္မွာ ဖုန္းအားမရွိတာမ်ိဳး မျဖစ္ေတာ့ဘူးေပါ့။

၇။ လစဥ္သံုးပစၥည္း

ကိုယ့္ရဲ႕ ဓမၼတာလာရက္ကို မွတ္ထားပါ။ နီးကပ္လာၿပီဆုိရင္ အိတ္ထဲမွာ လစဥ္သံုးပစၥည္းေလးကို မျဖစ္မေနေဆာင္ထားဖုိ႔လိုပါတယ္။ ဒါက က်န္တဲ့အခ်ိန္ေတြမွာ မလိုေပမဲ့ တကယ္လိုအပ္လာၿပီဆုိရင္လည္း အေရးတႀကီးကို လိုအပ္တာပါပဲ။


ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

ယနေ့ခေတ်အမျိုးသမီးတွေအဖို့ အိမ်မှာပဲနေပြီး ဘယ်မှမသွားမလာဘူးဆိုတာ ရှားလွန်းပါတယ်။ လုပ်ငန်းခွင်ကိုဖြစ်စေ၊ သင်တန်းဖြစ်စေ ၊ ကျောင်းဖြစ်စေ တစ်ခုခုမှာ ကျင်လည်နေကြတာပါပဲ။ ဒါကြောင့်မို့လို့ လက်ကိုင်အိတ်တစ်လုံးကတော့ သွားလေရာမှာ သယ်သွားရပါတယ်။ နေ့တိုင်းကိုင်နေရတဲ့ အိတ်ထဲမှာ ဒါလေးတွေကို ဆောင်ထားတဲ့အခါ အရေးကြုံတိုင်း အခက်တွေ့တော့မှာမဟုတ်ပါဘူး။

၁။ မှန်

အလုပ်ကိစ္စ တွေ့ဆုံစရာပဲဖြစ်ဖြစ် အလုပ်ကအပြန် ချစ်သူနဲ့တွေ့မှာဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် သပ်သပ်ရပ်ရပ်ဖြစ်နေသလားဆိုတာတော့ စစ်ဆေးရမှာပေါ့။ ဒီအတွက် မှန်ရှိဖို့လိုပါတယ်။

၂။ ဘီး

ဆံပင်တွေက ဘယ်လောက်ပဲဖြီးသင်ထားပါစေ အကြောင်းအမျိုးမျိုးကြောင့် ပွသွားတတ်လို့ ဘီးလေးတစ်ချောင်းလည်း ဆောင်ထားပါ။

၃။ လက်သန့်ဆေး

ဒါကတော့ အမျိုးသမီးတွေသာမက အမျိုးသားတွေမှာလည်း လိုအပ်ပါတယ်။ ကိုယ့်ရဲ့လက်မှာ ပေနေတဲ့ အညစ်အကြေးတွေကို ဆေးကြောဖို့ပါ။ ဒါတင်မက ချိုင်းကချွေးနံ့တွေထွက်လာရင်လည်း လက်သန့်ဆေးဂျယ်ကို တစ်ရှုးမှာဆွတ်ပြီး ချိုင်းကိုပွတ်ရင် အနံ့တွေပျောက်သွားပါလိမ့်မယ်။

၄။ နှုတ်ခမ်းနီ

အသားရောင် ဒါမှမဟုတ် ဆွဲဆောင်မှုရှိပြီး တည်ငြိမ်တဲ့ အညိုရောင်၊ ကြက်သွေးရောင်လိုမျိုးက ညနေခင်းမှာ အကူအညီပေးပါတယ်။ ရုတ်တရက်ပေါ်လာတဲ့ ပွဲလမ်းသဘင်တွေကို မျက်နှာပြောင်နဲ့တက်ရမယ့်အစား ဆွဲဆောင်မှုရှိတဲ့နှုတ်ခမ်းကြောင့် သင့်အလှမှေးမှိန်တာ့မှာမဟုတ်ပါဘူး။

၅။ အဆီစုပ်စက္ကူ

မိတ်ကပ်ဘူး မဆောင်ချင်ဘူးဆိုရင် အဆီစုပ်စက္ကူလေးက ပိုအဆင်ပြေပါတယ်။ သူက မိတ်ကပ်တွေပျက်မသွားဘဲ အဆီတွေကိုပဲ စုပ်ယူသွားလို့ အလှမပျက်ဘဲ သဘာဝကျကျ ရှိနေစေပါတယ်။

၆။ Power Bank

သွားလေရာဆောင်လို့ရမယ့် Power Bank သေးသေးလေး တစ်ခုတော့ အိတ်ထဲထည့်ထားတာကောင်းပါတယ်။ အားအပြည့်သွင်းထားပေမဲ့ အင်တာနက်သုံးရင် ဖုန်းက အားကုန်တာမြန်သွားတတ်တော့ လိုအပ်ချိန်မှာ ဖုန်းအားမရှိတာမျိုး မဖြစ်တော့ဘူးပေါ့။

၇။ လစဉ်သုံးပစ္စည်း

ကိုယ့်ရဲ့ ဓမ္မတာလာရက်ကို မှတ်ထားပါ။ နီးကပ်လာပြီဆိုရင် အိတ်ထဲမှာ လစဉ်သုံးပစ္စည်းလေးကို မဖြစ်မနေဆောင်ထားဖို့လိုပါတယ်။ ဒါက ကျန်တဲ့အချိန်တွေမှာ မလိုပေမဲ့ တကယ်လိုအပ်လာပြီဆိုရင်လည်း အရေးတကြီးကို လိုအပ်တာပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top